ဆူးခက်တို့နောက်ဆုံးနှစ်တွင် ပန်းချီ့ဖေဖေ ဆုံးပါးသွားခဲ့သည်။ ပန်းချီ့မေမေက အိမ်ထဲမှာသာနေသော အိမ်ရှင်မဖြစ်နေတော့ ပွဲရုံကိုဦးစီးဖို့က ပန်းချီ့ တာဝန်သာ ဖြစ်လာတော့သည်။ ပန်းချီ
နောက်ဆုံးစာသင်နှစ်ကို လက်လျော့လိုက်ရသည်။ ဆူးခက်ပါ တခါထည်း ကျောင်းနားလိုက်မည်လုပ်တော့ ပန်းချီက လက်မခံ။ ဆူးခက်က ကျောင်းဆက်တက်ရမည်ဖြစ်ပြီး ပန်းချီက ပွဲရုံကို ဦးစီးမည်ဖြစ်သည်။ တနှစ်တော့ သူတို့ခွဲခွာရပေမည်။
"နင်ကတော့ ကျောင်းပြီးအောင် ဆက်တက်ပါ။ ဆယ်တန်းဖြေပြီးတော့လဲ နင့်စိတ်တိုင်းကျ တက္ကသိုလ်မတက်ခဲ့ရဘူးမလား"
"ငါက နင့်နဲ့အတူရှိချင်လို့ ဒီမေဂျာ လျောက်ခဲ့တာပါ"
ဆူးခက်က ပန်းချီ သိစေချင်၍ ပြောလိုက်ခြင်းဖြစ်သည်။
"အပိုတွေပါ ဆူးခက်ရယ်။ ငါက နင့်ကို မသိတာကြလို့"
"ဟင် ငါတကယ်ပြောတာ နင့်ဘေးမှာ နေချင်တယ်ဆိုတာ"
"ငါ့နဲ့အတူရှိချင်တာကို ငါသိပါတယ်။ အဲ့အတွက်ကြောင့် နင့်ရည်မှန်းချက်ကို စွန့်လြှတ်ခဲ့တာမလား။ ခုတာ့ အဲ့လိုလုပ်စရာမလိုတော့ဘူး"
"ဘာလို့"
"ငါက နင့်ဘေးမှာ ရှိနေပေးတော့မှာမလို့လေ။ ဒါပေမယ့် ကျောင်းတော့ ပြီးအောင်တက်လိုက်အုံး"
ဆူးခက် ခေါင်းညိမ့်လိုက်ရသည်။ ဘယ်တုန်းကရော ပန်းချီ သဘောဆန္ဒတွေကို ခေါင်းခါခဲ့ဖူးလို့လဲ ဆူးခက်ရယ်။ပန်းချီက ပွဲရုံကိုဦးစီးခါစဆိုတော့ ရန်ကုန်ကိုတောင် အလည်မလာဖြစ်တော့။ ဆူးခက် ပန်းချီကိုသတိရတဲ့စိတ်နဲ့ ဒီမှာ တယောက်ထည်းနေရတာ အဆင်မပြေခဲ့။
ဒီလိုအချိန်မှာ နောက်ထပ်မိန်းကလေးတယောက် ဆူးခက်ဘဝထဲကို ရောက်ရှိလာခဲ့သည်။
"အမ .... အမ ခဏလေး "
ကျောင်းကန်တင်းဘက်ကနေ အတန်းထဲ အပြန် နောက်က ခေါ်သံကြားလို့ လှည့်ကြည့်လိုက်သည်။
ကောင်မလေးတယောက် ဆူးခက်ကို လှမ်းခေါ်နေခြင်းဖြစ်သည်။
"အမ ပိုက်ဆံအိတ်လေး ကျသွားလို့"
"အာ ကျေးဇူးတင်ပါတယ် ညီမရယ်"
ပိုက်ဆံအိတ် လာပေးတဲ့ ကောင်မလေးက ချစ်စရာလေး။ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူး ဆံပင်ဂုတ်ထောက်လေးနဲ့။
"ဟို.... အမ တခုခု ကျွေးပါရစေ"
"ရပါတယ် အမရယ် ဘာမှ မဟုတ်တာလေးကို"
"ဟုတ်တယ်ညီမ အဲ့ထဲမှာ မှတ်ပုံတင်နဲ့ Bank card တွေပါတယ် ။ ပျောက်သွားရင် အမအသစ်ပြန်လုပ်ရမှာနဲ့ မလွယ်ဘူး"
"ဒါဆို နောက်တခေါက်မှ ဝယ်ကျွေးလေ ခုတော့ ဗိုက်ပြည့်နေပြီ"
ကောင်မလေးက ပြုံးပြုံးလေးပြောလာသည်။
"ဟုတ်ပါပြီ။ ဟို .... ဘယ်လိုခေါ်ရမလဲ။ အမက ဆူးခက်နွယ်ပါ"
"ပိုးက ပိုးသားသွင်ပါ။ ပိုး လို့ခေါ်လို့ရပါတယ်အမ"
ဆူးခက်ခေါင်းညိမ့်ပြလိုက်သည်။
"အမ ဖုန်းနံပါတ်လေး ပေးထားမလား"
ဟုတ်သားပဲ။ ကိုယ်ကမုန့်ဝယ်ကျွေးမယ်ပြောထားပြီး ဒီတိုင်းထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ ဆူးခက်နဲ့ ပိုးတို့ ဖုန်းနံပါတ်လဲလိုက်ကြသည်။ ပိုးက e major ပထမနှစ်က ကျောင်းသူအသစ်လေးတယောက်ဖြစ်သည်။
"ဖုန်းဆက်လို့ရတယ်မလား "
ပိုးက တော်တော်လေးသွက်သလို တော်တော်လဲ ချစ်စရာကောင်းနေသည်။
"ရပါတယ် ဆက်ပါ။ အမသွားတော့မယ်နော်"
"ဟုတ်"
ဆူးခက်နွယ် ထွက်သွားတော့ ပိုးသားသွင် မျက်စိတဆုံးလိုက်ကြည့်နေမိသည်။
YOU ARE READING
"ချစ်ခြင်း၏ အလွန်"
Romanceပန်းချီ "ဆူးခက်ဆိုတာ သူ ချစ်စရာမလိုလောက်အောင်ကို သူပိုင်ဆိုင်ထားပြီးသားသူလို့ထင်ခဲ့တာ တကယ်တမ်း သူ ဆူးခက်ကို မပိုင်ဆိုင်ခဲ့" ပိုး "ပိုးကိုယ်ပိုးထက် မ ကိုပိုချစ်တယ်" ဆူးခက် "ဘဝမှာ ကိုယ်ချစ်ရတဲ့သူ ပျောက်ဆုံးသွားတာလောက် နာကျင်ရတာမရှိဘူး"