မနက်အိပ်ရာနိုးလာတော့ ပန်းချီက သူ့နောက်က ဖက်လျက်သားအိပ်ပျော်နေလေသည်။ သူ ပန်းချီဘက်ကို လှည့်လိုက်ပြီး အိပ်ရာထဖို့ သူ့ကိုဖက်ထားတဲ့ ပန်းချီ့လက်ကိုဖယ်လိုက်သည်။ ပန်းချီလက်တွေက တင်းတင်းကျပ်ကျပ်သူ့ကို ပြန်ဖက်ထားသည်။ ပန်းချီနိုးနေတာပဲ။
"နိုးနေရင်ထတော့လေ။ ငါ့ကိုဖယ်ပေးအုံး"
"ခဏလေးနေပါအုံး။ ဒီတိုင်းလေး ငါးမိနစ်လောက်"
ဆူးခက်တယောက်မှာ သက်ပြင်းအကြိမ်ကြိမ်သာချနေမိတော့သည်။
"ပန်းချီ ဖယ်ပေးတော့လေ"
ခဏကြာတဲ့အထိ ပန်းချီက သူ့ကိုဖက်ထားနေတော့ ဆူးခက်အနေရကျပ်လာသည်။
"ဆူးခက် ငါ့ကိုပြန်ချစ်လို့မရဘူးလား"
ပန်းချီက လေးလေးနက်နက်လေးပြောလာသည်။
"ငါ့ကို အဲ့လိုမလုပ်ပါနဲ့။ ငါ့မှာ ပိုးရှိနေပြီလေ"
"အဲ့ကောင်မလေး အကြောင်း မပြောစမ်းပါနဲ့"
ပန်းချီက စိတ်အလိုမကျစွာပြောသည်။
"မကြားချင်ဘူးဆို ဖယ်ပေးတော့"
သူ့ကိုသာ စူးစိုက်ကြည့်နေတဲ့ ပန်းချီကို သူတောင်းပန်တဲ့အကြည့်နဲ့သာ ကြည့်လိုက်တော့သည်။
ပန်းချီက သူ့ကိုဖက်ထားရာကနေ ထပြီး အခန်းထဲကထွက်သွားသည်။ နင်ငါ့ကို ချစ်တာမဟုတ်ပါဘူး။ နင့်အရုပ်လေး သူများယူသွားမှာစိုးလို့ နင်စိုးရိမ်နေတာပါ။ဆူးခက်ကို ကျောင်းပို့ပေးပြီး ပန်းချီလဲ နယ်ကို တန်းပြန်သွားခဲ့သည်။
ပြသနာတော့ ထပ်ရှာမသွား။ သူခဏခဏ လာခဲ့မယ်ဆိုတာတော့ ပြောသွားသည်။
ကျောင်းမှာတော့ ပိုးက သူနဲ့တွေ့ဖို့ စောင့်နေသည်။
"မ ညက အဆင်ပြေရဲ့လားဟင်။"
သူ့ချစ်သူမှာလဲ သူ့အတွက် အမြဲပူပန်ပေးနေရတာကို အားနာလှသည်။
"မ အဆင်ပြေပါတယ် ပိုးရယ်"
"မ ဒီတပတ်လည်း အိမ်ကို လာခဲ့နော်"
ဆူးခက်က ခပ်ပြုံးပြုံးလေး လုပ်လိုက်တော့
"ဒီတပတ် အိမ်မှာ ဖေဖေရှိပါတယ် မရယ်။ ပေါက်ကရတွေ မတွေးနေပါနဲ့"
"အော် မ က ဘာပြောမိလို့လဲ"
"မ ကဘာလို့ ပြုံးနေတာလဲ"
"ဟင် ရိုးရိုးပြုံးတာပါနော်"
"မရိုးသားပါဘူးကွာ"
"Okလေ မရိုးမသားပဲ ထားလိုက်ပါတော့"
နှစ်ယောက်သားပြိုင်တူရယ်မိကြသည်။ဆူးခက်က ခုချိန်ထဲက ဘာသာပြန်အလုပ်လေးတွေ စလုပ်နေခဲ့တာဖြစ်သည်။ ကျောင်းစာအတွက်လဲ အထောက်အကူပြုပြီး ကျောင်းပြီးတာနဲ့ ချက်ချင်း အလုပ်တန်းဝင်နိုင်မည်လည်းဖြစ်သည်။
YOU ARE READING
"ချစ်ခြင်း၏ အလွန်"
Romanceပန်းချီ "ဆူးခက်ဆိုတာ သူ ချစ်စရာမလိုလောက်အောင်ကို သူပိုင်ဆိုင်ထားပြီးသားသူလို့ထင်ခဲ့တာ တကယ်တမ်း သူ ဆူးခက်ကို မပိုင်ဆိုင်ခဲ့" ပိုး "ပိုးကိုယ်ပိုးထက် မ ကိုပိုချစ်တယ်" ဆူးခက် "ဘဝမှာ ကိုယ်ချစ်ရတဲ့သူ ပျောက်ဆုံးသွားတာလောက် နာကျင်ရတာမရှိဘူး"