Part - 5

829 46 0
                                    

ဆူးခက်က ကောင်မလေးတယောက်ကို အောက်ထိဆင်းခေါ်လာပြီး သူတို့ လက်ထဲမှာလဲ အထုပ်အပိုးတွေအပြည့်။
"ဘာတွေဝယ်လာတာလဲ ပိုး"
"အမကို  မာလာဟင်းလုပ်ကျွေးမလို့လေ ။ ဟိုနေ့က အမကြိုက်တယ်ဆိုလု့ိ"
အလိုက်သိတတ်လွန်းသော ပိုးကို ဆူးခက် သဘောကျမိသည်။

"ပိုး ဒါ အမသူငယ်ချင်း မိုးသားပန်းချီတဲ့။ ဒါ သူ့အိမ်လေ အမကကပ်နေတာ"
"ပန်းချီ ဒါ ပိုသားသွင်တဲ့ ပထမနှစ် e majorက"
ပန်းချီနဲ့ပိုးတို့ တယောက်ကိုတယောက် အပြုံးနဲ့ နှုတ်ဆက်လိုက်ကြသည်။

"ဆူးခက်က အနေအေးတယ်နော် ညီမနဲ့ ဘယ်လိုများသိကြတာလဲ"
ပန်းချီက သိချင်လာ၍ မေးလိုက်သည်။
"အမ ပိုက်ဆံအိတ် ကျကျန်ခဲ့တာ ပြန်ပေးရင်း ခင်သွားတာ မပန်းချီ"
"အော်"
ခဏနေတော့ ဆူးခက်နဲ့ ပိုးသားသွင်တို့နှစ်ယောက် စားဖို့အတွက် ပြင်ဆင်နေကြသည်။ ပန်းချီကတော့ ဆိုဖာပေါ်ထိုင်ပြီးဖုန်းသုံးနေသည်။
"အမ သွားထိုင်နေပါလား ။ ပိုးဘာသာလုပ်လို့ရပါတယ်"
ဧည့်သည်ကို လုပ်ခိုင်းပြီး အိမ်ရှင်နှစ်ယောက်က ထိုင်နေတာ မသင့်တော်ပေ။
"အတူတူလုပ်တော့ မြန်မြန်ပြီးတာပေါ့ ပိုးရယ်"
"အမ ပင်ပန်းမှာစိုးလို့ပါ"
တသက်လုံးပင်ပန်းလာခဲ့ရတာ ဒီကောင်မလေးနဲ့ကျမှ ဆူးခက်လည်းဘယ်လိုနေရမလဲမသိတော့။

"အနှစ်နည်းသေးတယ်ပိုး ထပ်ထည့်လိုက်အုံး"
မာလာဟင်းချက်နေတုန်းသူတို့နှစ်ယောက်ပြောနေကြတာတွေကို ထိုင်နေတဲ့ ပန်းချီ အကုန်ကြားနေရသည်။
"မထည့်နဲ့တော့လေ အမက အစပ်မှ မစားနိုင်တာ ဒီအနှစ်ကစပ်တယ်"
ဆူးခက်သိသည်။ ပန်းချီက အစပ်ကြိုက်သဖြင့် ထည့်ခိုင်းလိုက်ခြင်းဖြစ်သည်။
"အမ စားနိုင်ပါတယ် ထည့်လိုက်နော်"
"စားလို့ရပြီ ပန်းချီ လာတော့ "
ချက်လို့ပြီးသွားတော့ ပန်းချီကို လှမ်းခေါ်လိုက်သည်။
စားနေတုန်း ပိုးက အလိုက်သိစွာပဲ ရေခဲသေတ္တာထဲက ရေသန့်ပုလင်း သွားယူပြီး ရေထည့်ပေးမလို့လုပ်သည်။
"နေပစေ ပိုး ပန်းချီကိုထည့်မပေးနဲ့ သူ ရေခဲရေ မသောက်ဘူး"
ပြောပြောဆိုဆိုနှင့် ဆူးခက်က အပြင်က ရေသန့်ပုလင်းလေးယူလာပြီး ပန်းချီ ခွက်ထဲ ထည့်ပေးသည်။ ပန်းချီက သဘာကျစွာပဲ ဆူးခက် ပါးလေးကို လှမ်းပြီး ဆွဲညှစ်လိုက်သည်။
"အဲ့တာတွေချစ်တာ"
ပိုးကတော့ သူတို့နှစ်ယောက်ကိုသာ အကဲခတ်ကြည့်နေမိသည်။

"ချစ်ခြင်း၏ အလွန်"Where stories live. Discover now