ညနေ ပြန်ခါနီးတော့ ပိုးက သူ့လက်လေးကို ကိုင်ပြီး ပြောလာသည်။
"မ ဟိုမှာ နေရတာ အဆင်မပြေရင် ပိုးနဲ့ လာနေပါလား။ ဖေဖေက ပိုးပြောရင် ရပါတယ်"
ချစ်စရာကောင်းလွန်းတဲ့ ပိုးရဲ့ ပါးပြင်လေးကို သာ ဆူးခက် အကြိမ်ကြိမ် နမ်းနေမိတော့သည်။"မ အဆင်ပြေပါတယ်။ နောက်ပြီး မ ပိုးကိုပြောထားသလိုပဲ ကျောင်းပြီးတဲ့ထိ ခဏစောင့်နော်။ ပန်းချီကလဲ ပိုးထင်သလောက် မဆိုးပါဘူး။ မ ကို စိတ်မပူနဲ့နော်"
"မ ကိုပြန်မလွှတ်ချင်ဘူး"
ပိုးက သူ့ကို မပြန်နိုင်အောင်လုပ်နေသလို။
သူ့မှာ ပိုးကို နမ်းလို့မဝဖြစ်နေရသည်။ ညစာ အမှီပြန်မှ ဖြစ်မည်မဟုတ်လား။ သု့ကိုမပြန်စေချင်တဲ့ ချစ်သူကို သူခဏတော့ ထားခဲ့လိုက်ရသည်။
ဆူးခက်အိမ်ပြန်လာခဲ့သည်။အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာထိုင်ပြီး ဖုန်းသုံးနေတဲ့ ပန်းချီ့ကိုတွေ့သည်။
"ငါပြန်ရောက်ပြီ"
ပန်းချီက ဆူးခက်ကို တချက်သာလှမ်းကြည့်သည်။
"နင် ဗိုက်ဆာနေပြီလား"
"ငါမစားသေးပါဘူး။ ဒီမှာ ခဏလာထိုင်ပါအုံး။ ငါပြောစရာရှိလို့"
ဆူးခက် ပန်ချီ့ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
ခဏကြာတဲ့ထိ ပန်းချီက ဘာမှ မပြော။
"ပြောစရာရှိတယ်ဆို"
ဆူးခက်ကမေးလိုက်တော့ ပန်းချီက သူ့ဘက်ကို လှည့်ထိုင်သည်။
"ဆူးခက် ငါ့ကို နမ်းပါလား"
ပြောရင်းနဲ့ မျက်နှာလေး ထိုးပေးပြီး မျက်လုံးလေးမှိတ်ထားသည်။
"ဘာဖြစ်ရပြန်တာလဲ အဲ့တာက"
ဆူးခက်ကမေးလိုက်တော့ မျက်လုံးလေးပြန်ဖွင့်ပြီး ပြောသည်။
"ငါ နင့်ကိုချစ်နေတာ ဟုတ် မဟုတ် သေချာချင်လို့"
"အဲ့တာ နမ်းဖို့လိုလို့လား"
"လိုလို့ပေါ့။ နင့်အတွက်လည်း လိုတယ်။ နမ်းကြည့်လို့မှ တယောက်အပေါ်တယောက် ခံစားချက်မရှိဘူးဆို အဲ့တာ
ငါထင်ထားတဲ့ အချစ်မဟုတ်ဘူးပေါ့"
"ငါ မလုပ်ချင်ဘူး"
ဆူးခက် ပန်းချီ့ကိုမနမ်းချင်။ သူတသက်လုံး ရင်ခုန်လာခဲ့ရတဲ့ မိန်းကလေးတယောက်ကို ခုလို အချိန် ခုလိုစမ်းသပ်မှုမျိုးနဲ့
နဲ့တော့ သူမနမ်းချင်။
"ငါက နမ်း ဆို နမ်းလိုက်ပါလား။ ဘာလဲ နင် ရင်ခုန်နေတာမလား"
"ငါက ဘာကိစ္စ ရင်ခုန်ရမှာလဲ"
"ဒါဆို လာခဲ့"
မျက်လုံးလေးမှိတ်ပြီး မျက်နှာလေးကို မော့ပေးထားသည်။ ဆူးခက်ရင်တွေခုန်လာသည်။ ဒီအခြေအနေတခုက ကျော်ဖြတ်မှ ရမည်ဆိုတော့လဲ ဆူးခက်အတက်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။
YOU ARE READING
"ချစ်ခြင်း၏ အလွန်"
Romanceပန်းချီ "ဆူးခက်ဆိုတာ သူ ချစ်စရာမလိုလောက်အောင်ကို သူပိုင်ဆိုင်ထားပြီးသားသူလို့ထင်ခဲ့တာ တကယ်တမ်း သူ ဆူးခက်ကို မပိုင်ဆိုင်ခဲ့" ပိုး "ပိုးကိုယ်ပိုးထက် မ ကိုပိုချစ်တယ်" ဆူးခက် "ဘဝမှာ ကိုယ်ချစ်ရတဲ့သူ ပျောက်ဆုံးသွားတာလောက် နာကျင်ရတာမရှိဘူး"