မောင်
ကဗျာတေတော့ရေးတယ်မောင်....
အလင်ကာတေမညီပေမဲ့ပေါ့..
တင်စားရရင်မောင်ကငါ့ရဲ့အလင်ကာမညီတဲ့ကဗျာလေးပါ...ဆောင်းလည်းဝင်ပီမောင်..
နားခိုရာရင်ခွင်မဲ့တော့ငါ့မှာအေးစက်စက်ရယ်..
မျှော်နေတာသိရင်ပြန်လာလေမောင်ရယ်..
အနည်းဆုံးတော့နာကျင်ပီးမုန်းမနေရတော့ဘူးပေါ့..တိမ်တေပေါ်လွင့်ကြမလားမောင်..
ငါကငှက်ကလေးလုပ်မယ်လေ.
မင်းကလမ်းပြကြယ်လေးလုပ်..
အလှမ်းဝေးနေပေမဲ့ငါမင်းနဲ့အတူလမင်းကြီးဆီအရောက်ပျံသန်းချင်ပါတယ်...ပန်းလေးတစ်ပွင့်ဖြစ်ချင်တယ်မောင်..
အေးချမ်းတဲ့ဒေစီလေးလိုမျိုး..
ပန်းပျိုးသူကတော့မောင့်ကိုဖြစ်စေချင်တယ်..
ဥယျာဥ်မှူးလုပ်မလားမောင်..
ငါကအလှပဆုံးပွင့်လန်းပေးပါ့မယ်..ချမ်းသာရင်လည်းသိမ်ငယ်တယ်ထင်ရလို့မကြိုက်ဖူးမောင်..
ဆင်းရဲရင်လည်းအားကိုးချင်လို့မရွေးမှိဘူးမောင်...
ရုပ်ချောရင်လည်းပွေမှာစိုးလို့မပတ်သက်ဖူးမောင်..
ရုပ်ဆိုးရင်လည်းမကြိုက်ပြန်ဘူးမောင်ရယ်..
မရွေးချယ်မဲ့အထဲငါ့ကမ်ဘာမှာမောင်ကချွင်းချက်..
မောင်မသိလည်းငါ့နှလုံးသားမူပိုင်ရှင်ကမောင်ပါ...ကြမ်းတမ်းတဲ့လမ်းတေလည်းလျှောက်ဖို့ကကတိတေလွန်ခဲ့ကြပီ..
မြဲမယ်လို့ရည်စူးပီးလက်တေလည်းချိတ်ခဲ့ကြပြီးပီ..
ဒါတောင်ခရီးကဝေးလွန်းတယ်တဲ့လားမောင်...အလှဆုံးအိမ်မက်ကိုဖော်ကြူးကြမလားမောင်..
လသာတဲ့ညတေမှာငါမက်တဲ့အိမ်မက်တေကအလှပဆုံးပဲမောင်..
အိမ်မက်ထဲတော့မင်းပါပစေမောင်...လရောင်စမ်းတဲ့နေ့တေမှာမောင့်ကိုငါမျှော်နေမှိတယ်..
မျှော်သာမျှော်ရတာပါမျှော်လင့်ချင်လေရာင်ကမှိန်ပြပြရယ်...
ဒီချိန်ဘယ်ရင်ခွင်မှာခိုနားနေမလဲ...တပ်မက်မှုလည်းမပါဘူးမောင်..
ဝမ်းနည်းမှုလည်းမမျှဘူးမောင်..
ပိုင်ဆိုင်ဖို့လည်းမရဲခဲ့ပါဘူးမောင်..
ဒီတိုင်းလေးသဘောကျနေရင်ရောအချစ်စစ်ရယ်လို့သတ်မှတ်ပေးမလားမောင်..
ငါကအရမ်းသဘောကျနေလို့ပါ...
YOU ARE READING
❤မောင့်မျက်မှန်ဝိုင်းလေး💔
Fanfiction*ချစ်မှိတာအမှားမဟုတ်ပေမဲ့ထပ်တူကျဖို့ခက်ခဲတဲ့အခါချစ်ရသူကရူးပီပေါ့ဗျာ......*💔 17.12.2021..........