Chapter 1

1.4K 39 0
                                    

Unicode

ကြီးမြတ်​​​ပြီးအင်အားကြီးမားတဲ့
ဝမ်အင်ပါယာ
သာယာဝပြောလှပါတယ်ဆိုတဲ့
ဝမ်အင်ပါယာဟာယခုအချိန်မှာ
သွေးချောင်းစီးနေတဲ့နိုင်ငံတစ်နိုင်ငံ
ဖြစ်သွားချေပြီ။

အကြောင်းအရင်းကတော့
၀မ်ဘုရင်ဟောင်းဝမ်ချီးတြန်၏
မိဖုရားရဲ့သားဝမ်မင်းသား၁
(ဝမ်နှုန်ရွိုင်)
နဲ့ဝမ်ကိုယ်လုပ်တော်ရဲ့သား
ဝမ်မင်းသား၉(ဝမ်ရိပေါ်)တို့ရဲ့
အညှိုးအတေးကနေဖြစ်ပေါ်လာခဲ့တယ်။

"ဝမ်ရိပေါ်မင်းဒါနိုင်ငံတော်ပုန်ကန်မှုဆိုတာသိရဲ့လား"

သွေးစွန်းနေတဲ့ဓား
သွေးစွန်းနေတဲ့လက်တွေ
သွေးစွန်းနေတဲ့ဝတ်ရုံ
သွေးနှင့်လွတ်ကင်းမှုမရှိတဲ့
အဆင်တန်ဆာတွေနဲ့အတူ
ဒေါသ၊အမုန်းတရားနဲ့ရက်စက်မှုတွေကိုထိုယောကျ်ားရဲ့မျက်လုံးထဲမှ
ရှင်းလင်းစွာမြင်နေရတယ်
ထိုယောကျ်ားမှာအခြားသူမဟုတ်
မင်းသား၉ ဝမ်ရိပေါ် ပင်

ဝမ်တိုင်းပြည်ရဲ့နဂါးမျက်ရှင်ဓားကို
ကိုင်စွဲကာ
အစ်ကိုတော်အကြီးဆုံးဖြစ်သူ
ဝမ်နှုန်ရွိုင် ကိုသတ်ပစ်ရန်နောက်မှလိုက်လာသောဝမ်ရိပေါ်

ဝမ်နှုန်ရွိုင်မှာပြေးစရာမြေမရှိ
သွေးစက်လက် နှင့် ဝမ်ဘုရင်ဟောင်း
ဝမ်ချီးတြန်၏ အမှတ်တရ ကမည်းတိုင်
ရှိရာ ချီးတြန်အဆောင်သို့ဝင်ပြေးကာ
ယခုကဲ့သို့အခြေအနေထိဖြစ်သွားခြင်းဖြစ်သည်။

"နိုင်ငံတော်ပုန်ကန်မှုဟက်လား
ဖအေကိုပြန်သတ်တဲ့သားကများ
ဟ..ဟ..ဟ..ဟ...
မင်းပြောရဲတာကိုငါတစ်ကယ်အံသြလို့မဆုံးဘူး"

စကားအဆုံးမှာပဲ ရင်ဝတည့်တည့်ကို
စိုက်ဝင်သွားတဲ့ဓား

"စိတ်မပူပါနဲ့ ငရဲမှာမင်းရဲ့နောက်လိုက်တွေနဲ့အတူမင်းအမေပါစောင့်နေမှာမို့လို့ စိတ်ချလက်ချသာသွားပါ"

ဒုန်းးးးးးး

ရုတ်တရက်ဆိုသလိုတံခါးအားဒုန်းကနဲဖွင်ကာဝင်လာသောအမျိုးသမီး။

"နှုန်ရွိုင်!  နှုန်ရွိုင်... နှုန်ရွိုင်......."

"စွတ်နှိုးမနေနေနဲ့ သေနေပြီ ခေါ်နေလဲအပိုပဲ"

{My Cruel King}Where stories live. Discover now