Chapter-6

541 20 1
                                    

Unicode

မိဘုရားတွေဟာ ရှောင်းကျန့်ကို မြင်လိုက်တယ်ဆိုရင်ဖြင့် အရှင်ဘာကြောင့် ဒီကောကို သဘောကျလဲဆိုတာသိသွားပြီး

သူတို့မျက်လုံးထဲမှာလဲ မနာလိုမှုတွေနဲ့ ပြည့်နှက်သွားသတဲ့

မိဘုရားခေါင်ရဲ့မျက်နှာကတော့ အပြုံးမမည်တဲ့ အပြုံးတစ်ခုကို ပန်ဆင်ထားသတဲ့

မိဘုရားခေါင်ဟာ ယုအမတ်ကြီးရဲ့ သမီး ယုဟုန်းချီ ဖြစ်ပြီး အရှင်ကသူမကို ‌သူမ အဖေဆီက အထောက်အပံရဖို့အတွက်သပ်သပ် လက်ထပ်ခဲ့တာကို သူမအသိပင်

သူမနဲ့ အိပ်ဆောင်ဝင်ဖို့ နေနေသာသာ မင်္ဂလာဦးညမှာတောင် သူမဆီလာခဲ့တာမဟုတ်
အမတ်များ၏ နန်းသွေးဆိုတဲ့ အကြောင်းပြချက်ကြောင့်သာ သူမနဲ့အိပ်ဆောင်ဝင်ခဲ့တာပင်
သို့ပေမယ့် ထိုနန်းသွေးဆိုသည် အကြောင်းပြချက်ကြောင့်ပင် အရှင်ဟာ သူသဘောကျတဲ့ ကောဖြစ်ဖြစ် အမျိုးသမီးတစ်ဦးဖြစ်ဖြစ် ကို ခေါ်ယူမြှောက်စားတက်သေးသည်

ဒါပေမယ့်သိပ်မကြာပါဘူး အရှင်ဟာ သူငြီးငွေ့လာရင် အခြားတစ်ယောက်ဘက်ကို ပြောင်းသွားတက်သည်

"မိဘုရားခေါင် ကို ဂါရဝပြုပါတယ်"

ရှောင်းကျန့် အဆင်ပြေမနေပါ တစ်ဆစ်ဆစ် နာကျင်လာတဲ့ အနောက်ဘက်ရပ်ဝန်းဟာ သူ့ကို တမင်များနှိမ့်စက်နေသလား

ရှောင်းကျန့်ရဲ့ မဲ့သွားတဲ့မျက်နှာကြောင့် ဟုန်းချီ အနည်းငယ် ပညာပြလိုက်ချင်သည်

"ကြင်ယာတော်ရှောင်းက သိပ်ပိုတာပဲနော် အရှင်မင်းကြီးနဲ့
တစ်ညလေး အတူနေရတာကို
ဖြစ်ပျက်နေလိုက်တာ ကျွန်ုပ်တို့လည်း  အရှင်နဲ့ အတူနေခဲ့ဖူးပါတယ် အဲ့လောက်ထိ ဟန်ဆောင်ပြနေစရာမလိုပါဘူး"

ဟုန်းချီ ဒီကောအား မကျေနပ်ပါ ဘာလို့ဆို သူ့မှာ အရှင့်ကို ဆွဲဆောင်နိုင်လောက်တဲ့ အထိ လှပနေခဲ့ပြီး အရှင်ကသူမတို့ဘက်တောင် လှည့်မလာတာ သူရောက်လာပြီးကတည်းကပဲ

လူကလဲ လေ‌တိုက်တောင် လဲမဲ့ပုံစံ အားနည်းနေလိုက်တာများ

ရှောင်းကျန့်မှာ မိဘုရားခေါင်ပြောလိုက်တဲ့ စကားကြောင့် သူ့ကိုယ်သူတောင် အပြစ်သားတစ်ယောက်လို ခံစားလိုက်ရပြီး အကြောက်အကန်ငြင်းမိသည်

{My Cruel King}Where stories live. Discover now