Chapter-10

480 23 7
                                    

Unicode

အဘိုးကြီးများမှာ အဖြူရောင်မုတ်ဆိတ်တိုများနှင့် သူတို့ရဲ့ နံဘေးတစ်ဖက်တစ်ချက်‌စီမှာ အပျော်မယ်များဟာ အဝတ်ဗလာနဲ့ နေရာယူလျက်

အဘိုးကြီး တစ်ယောက်မှာ ရှောင်းကျန့်ကို မြင်သွားပြီး

"အာယို ဒီအလှလေးက ဘယ်ကများလဲ ငါမင်းကိုမမြင်ဘူးပါဘူး
အသစ်လေးလား"

ရှောင်းကျန့် နောက်ကိုလှည့်ကာ ပြန်ပြေးဖို့ဆုံးဖြတ်လိုက်သည်
သေချင်သေပါစေ ဒီလိုလူတွေနဲ့ အဆက်အဆံ မလုပ်နိုင်ပါ

သို့သော်

"အားယိုး အလှလေး ဘယ်ပြေးမှာလဲ"

"ဖယ်ပေး"

"မင်းအသံလေးက ဗျပ်စောင်းစခတ်သံလေးလို့ အေးချမ်းလှချည်လား "

"......."

"ဒီလို့ အသံလေးက အောက်ဘက်မှာ အော်ညည်းနေပေးမှ ပိုအသုံးဝင်တာ"

"ဘာလုပ်တာလဲ လွှတ်!!!!"

ရုတ်တရက် သူ့ရဲ့လက်နှစ်ဖက်ကို ဖမ်းချုပ်ကာ ဆွဲလိုက်တဲ့ နှာဘူးများကြောင့်
ရှောင်ကျန့် အတင်းအကျပ်ရုန်းကန်နေမိသည်

"ဘာတွေဖြစ်နေတာလဲ"

ဒီအသံ
‌ဩဇာညောင်းပြီး အေးစက်လှတဲ့ ဒီအသံဟာ ရှောင်းကျန့် တစ်သက်မေ့မှာ မဟုတ်တဲ့အသံ

"အရှင်"

"သင်တို့ ဘာလုပ်နေကြတာလဲ"

"ဘုန်းကန်ကြီးလှတဲ့ ဧကရာဇ်ဝမ်
ကျုပ်တို့က သင့်ရဲ့ မိဘုရားခေါင်ကြီး ပို့လိုက်တဲ့ ကြွေရုပ်ကလေးကို ကစားချင်ရုံပါ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

ဝမ်ဘုရင် တစ်ချက်ရီလိုက်ပြီး
"စိတ်မကောင်းပေမယ့် ဒါကျုပ်ရဲ့ အရုပ်ကလေးပါ
ရှောင်းရှောင်ကျန့် ဒီကိုလာ"

ရှောင်းကျန့် ထိုလူတွေရဲ့ လက်ထဲက ရုန်းထွက်ပြီး
အရှင့်ရဲ့ ရင်ခွင်ထဲ အားရပါးရပစ်ဝင်လိုက်တယ်

"သံတမန်ကြီးတွေအတွက် အလှလေးတွေ ထပ်ပို့ပေးလိုက်ပါ့မယ်
ကုန်းကုန်း"

"မှန်ပါ"

"အပျော်မယ်တွေ ထပ်ပို့ပေးလိုက် ကိုယ်တော် သွားမယ်"

{My Cruel King}Where stories live. Discover now