Unicode
"သခင်လေး နေ့လည်စာ စားလို့ရပါပြီ"
"ကောင်းပါပြီ ကျွန်တော်လာခဲ့ပါ့မယ်"
ရှောင်းကျန့် ရုံဟွားဥယျာဉ်တော်ထဲမှာပဲ အမြဲနေဖြစ်တယ် ကြာပန်းတွေရဲ့ ရနံလေးက သူ့ကို လန်းဆန်းသွားစေတယ်လေ
အခုတော့ နေလည်စာစားချိန်ရောက်ပြီမို့ အဆောင်တော်ထဲပြန်ရဦးမယ်
အရှင်က လာမယ်လို့ပြောခဲ့ပေမယ့် မလာခဲ့ဘူး ငြိမ်းချမ်းရေးသံတမန်တွေရောက်လာလို့တဲ့လေ ရှောင်းကျန့်လည်း အခု အပြည့်အဝနေကောင်းလုနီးပါးဖြစ်နေပြီမနက်တိုင်း နောက်ဆောင်ခန်းမ ဆီကိုသွား မိဘုရား ကိုယ်လုပ်တော်တွေရဲ့ ကဲ့ရဲ့မှုတွေကိုခံရတာ ရှောင်းကျန့်နေသားကျနေပြီလေ ပြီးတော့ ကိုယ်လုပ်တော် ကောလေး ရှုနင် နဲ့လည်း တော်တော်လေး ရင်းနီးနေပြီ
ရှုနင်ကလဲ သာမန်ပြည်သူပဲလေ ရှုနင်က နန်းတော်ထဲမှာ သူပထမဆုံးရခဲ့တဲ့ သူငယ်ချင်းပဲ
"သခင်လေး ကျွန်မသခင်လေး အတွက် ငါးကင်လေးလုပ်ပေးထားပါတယ် မအီအောင် သံပရာသီးလေးနဲ့ ငရုတ်သီးကြော်လေးလဲ ထည့်ခိုင်းထားတယ် ပြီးတော့သခင်လေးအကြိုက် ကြာစွယ်လေးလဲ ပြင်ဆင်ပေးထားပါတယ်"
"ဝါးးး ကျေးဇူးပါ မျန်မျန် "
ရှောင်းကျန့် ငါးကင် တစ်ဖက်ကို တူနဲ့ ကိုင်ပြီးမြည့်ကြည့်တာ ချဉ်ချဉ်လေးနဲ့ အရမ်းစားလို့ကောင်းတယ်
"အမ်းးး မျန်မျန် အရမ်းကောင်းတာပဲ မျန်မျန်အတော်ဆုံး"
လက်မလေး ထောင်ပြပြီး အစားအသောက်တွေ တစ်ခုပြီးတစ်ခုမြည်းကာ ပျော်နေသော သခင်လေးကြောင့် မျန်မျန်လဲ ပျော်ရပါသည် သခင်လေး အခုလို ပျော်နေတဲ့ ပုံစံကို မမြင်ရတာ ကြာနေပြီလေ
"သခင်လေး ညနေခင်းကျရင် ကိုယ်လုပ်တော်ရှုဆီသွားအုံးမှာပါလား"
"အင်း အော်..
ပြီးသွားတော့ လိမ္မော်ပင်အသေးလေးတစ်ပင်လောက် အိုးထဲထည့်ထားပေးပါအုံး ရှုမင်ကိုပေးမလို့""ဟုတ်ကဲ့ပါ သခင်လေး"
••••••••••••••••••••••••••••••••••••
YOU ARE READING
{My Cruel King}
Historical Fictionကိုယ်တော်ရဲ့လုပ်ရပ်တွေကခွင့်လွှတ်ချင်စရာမကောင်းမှန်းလို့ကိုယ်တော်ကိုခွင်လွှတ်ပါလို့မတောင်းဆိုပါဘူး။ ဒါပေမယ့်ရှောင်းကိုယ်တော်ကိုခွင့်လွှတ်လာမယ်ံ့တစ်နေ့အထိကိုယ်တော်စောင့်နေမှာပါ။ ဝမ်ဧကရာဇ် (ဝမ်ရိပေါ်) အရှင်ရက်စက်တယ် အရှင်သိပ...