Part (1)

407 22 0
                                    

Unicode ver

တိတ်ဆိတ်ငြိမ်သက်နေသောအချင်းကြီးတစ်ခုထဲ
ဆောင်းဟွန်‌တစ်ယောက်ထိုင်နေတုန်း

"ဒေါက်! ဒေါက်!"

တံခါးခေါက်သံတစ်ချက်ကဆောင်းဟွန်ကိုမျက်မှောင်ကျုံ့စေသည်။

"၀င်လာခဲ့"
"ကျွီ....."

"ဆရာလေး"
"အင်း ဦးလေးဂျွန်ပြောလေ"

ဆောင်းဟွန်တစ်ယောက် ဦးလေးဂျွန်ကိုနောက်ခိုင်းလျက်ပြောလိုက်သည်။

"ကာစီနိုရုံးကို သွားစရာရှိပါတယ်ဆရာလေး"
"ကောင်းပြီ ဒါဆိုလဲအခုပဲသွားမယ်"
"ဟုတ်ကဲ့"

ဆောင်းဟွန်းတစ်ယောက် ထိုတိတ်ဆိတ်နေတဲ့အခန်းထဲမှထွက်လာပြီး ကာစီနိုရုံသို့သွားရန် နောက်ဆုံးပေါ် BMW ကားပေါ်သို့တက်လိုက်သည်။ ပြီးနောက် driver ကလည်း သွားလိုရာ ကာစီနိုရုံဆီသို့‌ မောင်းလာလိုက်သည်။

ပတ်ဆောင်းဟွန်ဆိုတာ ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး
မာဖီးယားဂိုဏ်းကြီးတစ်ခုအပြင် စီးပွားရေးလုပ်ငန်းပေါင်းများစွာကို ဦးစီးလုပ်ကိုင်နေသော သွေးအေးပြီးကြောက်စရာကောင်းတဲ့ အသက်အငယ်ဆုံး မာဖီးယားစီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တယ်။ အသက် ၂၅နှစ်သာရှိသေးပေမယ့် သူ့ထက်အသက်ကြီးသူစီးပွားရေးပညာရှင်တွေအပြင် မည်သူမဆို မော်တောင်မကြည့်ရဲ ဆောင်းဟွန်ဆိုတဲ့ နာမည်ကိုကြားရုံဖြင့် တုန်နေအောင်ကြောက်ရွံ့ကြသတဲ့။

ဆောင်းဟွန်ကလဲ သူ့‌အပေါ်သစ္စာရှိသူတွေအပေါ် ဖော်ရွေချိုသာစွာပြောဆိုဆက်ဆံခြင်းမရှိပေမယ့် ခင်တော့ခင်မင်တတ်သည်။ ဒါပေမယ့် သူ့အပေါ်သစ္စာမဲ့ပြီး နောက်ကျောဓားထိုးသူတွေအတွက်ကတော့ ပတ်ဆောင်းဟွန်ဆိုတာ  ရက်စက်ကြမ်းကြုတ်ပြီး ‌အလွန်ကြောက်စရာကောင်းတဲ့
မကောင်းဆိုးဝါးကြီးတစ်ကောင်အလား။

တစ်ကောင်ကြွက်ကလေးဖြစ်တဲ့ဆောင်းဟွန်ဟာ ယခင်က အခုလိုမဟုတ်ခဲ့ပါ။ဖော်ရွေချိုသာပြီးတော့ လူတိုင်းချစ်ခင်ပြီး နွေးနွေးထွေးထွေးဖြစ်ခဲ့တဲ့ဆောင်းဟွန်‌လေးဟာ သူငယ်စဉ်သိတတ်စအရွယ်လောက်က သူရဲ့မိဘနှစ်ပါးစလုံးကို သူ၏မျက်စိရှေ့တွင်ရက်စက်စွာသတ်ဖြတ်ခံလိုက်ရတဲ့မြင်ကွင်းကြောင့်ယခုလိုဖြစ်သွားခြင်းဖြစ်သည်။

Body Shop (Sunghoon × Sunoo) Where stories live. Discover now