Unicode ver
ဆောင်းဟွန်တစ်ယောက်အရှေ့ကမြင်ကွင်းတွေကိုတော့ အဲ့လောက် မအံ့ဩခဲ့ပေမယ့် ယခုမြင်ကွင်းကတော့သူ့ကို မှင်သက်သွားစေခဲ့သည်။ လူများစွာ အ၀တ်အစားများ သပ်ရပ်စွာ၀တ်ဆင်ထားသည်။ အလွန်သပ်ရပ်နေသည်တော့မဟုတ်ပေမယ့် အရှေ့ကလူတွေထက်စာရင်တော့ များစွာသပ်ရပ်သည်။ ထိုလူများအား မှန်ဖြင့်ကာထားသောအခန်းငယ်တစ်ခုထဲတွင်တစ်ယောက်တစ်ခန်း ထည့်ထားပြီးသည်။ တစ်ချို့သောလူတွေအား အဆင့်အတန်းမြင့်လူတန်းစားမှ သူဌေးများက ပိုက်ဆံများပေးကာ ၀ယ်ယူနေတာကိုဆောင်းဟွန်မြင်သည်။
သူ့ဖို့ဒီဟာတွေကမထူးဆန်းပေမယ့် စိမ်းနေသည်။
"သခင်လေးစိတ်ကြိုက်ကြည့်နော်"
"အကြိုက်တွေ့ရင် ရိုဆီ့ကိုခေါ်လိုက်ပါ"
"အခုတော့ ခွင့်ပြုပါအုံး"ဟုဆိုကာ ရိုဆီတစ်ယောက် ထွက်သွားသည်။ဆောင်းဟွန်လည်းပတ်ကြည့်ရင်း အခန်းတစ်ခုနားရောက်သွားတော့ ရပ်သွားသည်။ အကြောင်းမှာ ထိုအခန်းထဲတွင် တခြားအခန်းများနှင့်မတူပဲ ကောင်လေးတစ်ယောက်ရှိနေသောကြောင့်ဖြစ်သည်။ ဆောင်းဟွန်လဲ အနီးနားကပ်ကာကြည့်လိုက်တော့ ထိုကောင်လေးရဲ့အသားအရေက အဝေးကကြည့်နေတာတောင်၀င်းလဲ့နေ၏။ Maid ၀တ်စုံလေးအား၀တ်ပြီး ထိုင်နေသောထိုကောင်လေးကို ဆောင်းဟွန် အနည်းငယ်တော့စိတ်၀င်စားသွားသည်။
ခြေထောက်နှစ်ချောင်းအားစုကပ်ကာထိုင်နေပြီး လက်ချောင်းသွယ်သွယ်လေးများကလဲ အငြိမ်မနေဆော့
ကစားနေလေသည်။ သူ့အားတစ်ယောက်ယောက်ကစိုက်ကြည့်နေသည်ဟုခံစားရသောကြောင့် မော့ကြည့်လိုက်တော့ မှန်အပြင်ဘက်တွင်ရပ်နေသော ဆောင်းဟွန်ကိုတွေ့လေ၏။ လည်ပင်းပိတ်အကျီအမဲအားဘောင်းဘီအမဲထဲထည့်ထားပြီး အပေါ်မှ long coat အမဲကလဲထပ်၀တ်ထားသေးသည်။ ဆံပင်ကလဲ အမဲဖြစ်တာကြောင့် ဩဇာအာဏာအပြည့်ဖြစ်နေတဲ့ ဆောင်းဟွန်ကို ငေးကြည့်နေလေမိသည်။ ထိုကောင်လေးမော့ကြည့်လားသောအခါ မျက်လုံးလေးက စိန်သဖွယ်တောက်ပနေလေ၏။ ထိုမျက်လုံးတွေကိုဆောင်းဟွန်တစ်ယောက် မနက်ဖြန်ဆိုတာမရှိတော့သဖွယ်စိုက်ကြည့်နေသည်မှာ ဘေးတွင်ရိုဆီရောက်နေတာတောင်ပင် သတိမထားမိချေ။
YOU ARE READING
Body Shop (Sunghoon × Sunoo)
Romancestory လေးက Daisy ဖတ်ဖူးတဲ့ fic လေးကို Sunghoon နဲ့ Sunoo ကိုပြန်အစားထိုးရေးထားတာလေးပါ။ Character တွေရဲ့ပုံစံက အပြင်က ပုံတွေနဲ့မဟုတ်လို့ အပြောအဆိုကအစတော်တော်ကွဲပါတယ်နော်!!!!