Unicode
မျက်စိရှေ့တွင်မြင်နေရသည့်မြင်ကွင်းကြောင့် ဆောနူတစ်ယောက်မယုံနိုင်ပင်ဖြစ်သွာသည်။သွေးသံတရဲရဲနှင့်သူတို့နှစ်ယောက်ဆီသို့ ဖြေးညင်းစွာလျှောက်လာသောဆောင်းဟွန်..။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကိုရီးယားရဲ့ဒုစရိုက်လောကမှာ ရက်စက်ပါသည်ရဲ့ဆိုတဲ့မာဖီးယားတစ်ယောက်က သူ့ဆီကိုသွေးသံတရဲရဲနှင့်လျှောက်လာသည်တဲ့လား...။
"သခင်လေး!!!!"
"သခင်လေးအဆင်ပြေရဲ့လား!"
"ရတယ်အန်တီအဲလစ်..... ဆေးသေတ္တာယူပြီးပဲလိုက်လာခဲ့ပါ"ပြောပြီးဆေးသေတ္တာယူရန်ထွက်သွားသည့် အန်တီအဲလစ်နောက်လိုက်မည်ဟုဆောနူခြေလှမ်းတွေပြင်တုန်း...
"မင်းကတော့ငါနဲ့လိုက်ခဲ့"
ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာတွေပြည့်နှက်နေတဲ့ လူကလက်ကိုဆွဲပြီးအခန်းဆီသို့ခေါ်လာသည်။
"ကိုယ့်ကိုအကျီချွတ်ပေး"
ဘုရားဘုရား ဆောနူနားကြားပင်မှားသယောင်
"ဘာရပ်လုပ်နေတာလဲ ကိုယ့်ကိုအကျီချွတ်ပေးလို့ပြောနေတယ်လေ"
"ဟုတ်-ဟုတ်ကဲ့"အကျီချွတ်ကာမှပိုထင်ရှားသည့် ဓားဒဏ်ရာတွေကြောင့်ဆောနူမျက်လုံးပြူး မျက်စံပြူးဖြစ်သွားသည်။
"ဆောင်းဟွန် အဆင်ပြေရဲ့လား?"
စိုးရိမ်စိတ်အပြည့်ဖြင့်မေးလိုက်သောကြောင့် ဆောနူအသံလေးတုန်သွားသည်။
"ဟင်...မင်းငိုနေတာလား?"
"ငိုတတ်သေးတာလားမင်းလေးက ဟား..ဟား.."
"ဒဏ်ရာတွေအဲ့လောက်များတာကိုရီနေနိုင်သေးတယ်နော်"
"ကိုယ်ပျော်သွားလို့ပါကွာ.."*ဒေါက် ဒေါက်*
"သခင်လေး အန်တီအဲလစ်ပါ"
"၀င်ခဲ့လေ"
"မင်းလေးကတော့သွားနားတော့ အချိန်ကိုလဲကြည့်အုံးနောက်ကျနေပြီ"
"ဒါပေမယ့်-"
"မနက်ကျကိုယ်နဲ့သွားစရာရှိတယ်လေ မေ့နေတာလား သွားအိပ်တော့"ဆောနူမထွက်သွားနိုင်သေး အခန်းထဲဟိုကြည့်ဒီကြည့်လုပ်နေသေးသည်။
YOU ARE READING
Body Shop (Sunghoon × Sunoo)
Romancestory လေးက Daisy ဖတ်ဖူးတဲ့ fic လေးကို Sunghoon နဲ့ Sunoo ကိုပြန်အစားထိုးရေးထားတာလေးပါ။ Character တွေရဲ့ပုံစံက အပြင်က ပုံတွေနဲ့မဟုတ်လို့ အပြောအဆိုကအစတော်တော်ကွဲပါတယ်နော်!!!!