Unicode
*တီ တီ*
ကားဟွန်းသံကြားသည်နှင့် ခြံတံခါးကပွင့်လာသည်။"ဝါးးးးးးး"
ဆောနူတစ်ယောက်ခြံထဲကိုမ၀င်ခင် ခြံအပြင်မှာကတည်းက တဝိုးဝိုးတဝါးဝါးဖြစ်နေခြင်းပင်ဖြစ်သည်။ခြံတံခါးပေါက်ကနေ အိမ်ကြီးရှိရာကို ၅ မိနစ်လောက်ကားမောင်းလာရသည်။ အိမ်ကြီး၏အရှေ့တွင်လဲ ရေပန်းအကြီးကြီးတစ်ခုရှိနေပြီး ထိုရေပန်းကြီး၏အရှေ့တွင် Parkဟုရေးထွင်းထားသော နဂါးပုံရုပ်ထုကြီးတစ်ခုလဲရှိနေသေးသည်။ အိမ်ကြီးကနန်းတော်ကြီးတစ်ခုအလားထင်ရလောက်အောင်ပင် ကြီးကျယ်ခမ်းနားလှသည်။ အဖြူရဲနန်းတော်ကြီးနှင့်တူသောအိမ်ကိုဆောနူတစ်ယောက် ပါးစပ်အဟောင်းသားဖြင့်ငေးမောကြည့်နေပြန်ပါသည်။
"ဟက်!"
ဆောနူကိုကြည့်ပြီးဆောင်းဟွန်တစ်ချက်ပြုံးလိုက်သည်။ ထို့နောက်အိမ်ကြီးရှိရာသို့လျှောက်သွားလိုက်သည်။ လှေကားထစ် တစ်ထစ်ပြီးတစ်ထစ်ကျော်ဖြတ်ပြီးနောက် အိမ်ကြီးရှိရာတံခါး၀သို့ရောက်ရှိလာခဲ့သည်။တံခါး၀တွင်လဲ အကျီအဖြူနဲ့အမဲအားသေသပ်စွာ၀တ်ထားသော အမျိုးသားတစ်ချို့နှင့်အမျိုးသမီးတစ်ချို့ ကိုယ်စီခေါင်းငုံ့ပြီးရပ်နေကြသေးသည်။ ထိုအထဲကမှ ဂါ၀န်အနက်ရောင်အရှည်ကြီး၀တ်ကာ ပြုံး၍ရပ်နေသောအဒေါ်ကြီးတစ်ယောက်က ဆောင်းဟွန်ကိုတွေ့ရင်ဖြင့်ခေါင်းကိုငုံ့ကာကြိုဆိုသည်။
"ပြန်ရောက်ပါပြီလား သခင်လေးရှင့်"
"အင်း......အန်တီအဲလစ် သူ့ကိုကျွန်တော့်ဘေးကအခန်းမှာနေဖို့လုပ်ပြင်ဆင်ပေးလိုက်ပါ"အန်တီအဲလစ်တစ်ယောက်မျက်မှောင်ကြုံ့လိုက်မိသည်။
"ဟုတ်ကဲ့ပါသခင်လေး အခုချက်ချင်းပြင်ဆင်လိုက်ပါမယ်"
"ကောင်းပြီ"
"မင်းက ငါ့နောက်လိုက်ခဲ့"
"ဗျာ?"
"ကိုယ်ပြောပြီးသား ကိုယ်စကားတစ်ခွန်းကိုနှစ်ခါပြန်မပြောတတ်ဘူး"
"ဟုတ်ကဲ့"ပြောပြီးနောက်ဆောင်းဟွန်တစ်ယောက်အပေါ်တက်သွားသည်။ဆောနူလဲအန်တီအဲလစ်ကိုပြုံးပြကာ ဆောင်းဟွန်နောက်သို့လိုက်လာခဲ့သည်။
YOU ARE READING
Body Shop (Sunghoon × Sunoo)
Romancestory လေးက Daisy ဖတ်ဖူးတဲ့ fic လေးကို Sunghoon နဲ့ Sunoo ကိုပြန်အစားထိုးရေးထားတာလေးပါ။ Character တွေရဲ့ပုံစံက အပြင်က ပုံတွေနဲ့မဟုတ်လို့ အပြောအဆိုကအစတော်တော်ကွဲပါတယ်နော်!!!!