Unicode Ver
"ဗျ-ဗျာ!"
အနားနား တဖြည်းဖြည်းကပ်လာသော ဆောင်းဟွန်မျက်နှာကိုရှောင်ရင်း အနောက်ကိုတဖြည်းဖြည်းဆုတ်လာသော ဆောနူ။
"မ-မလုပ်ပါနဲ့ လူကြီးမင်း"
"အပြင်မှာလူတွေရှိတယ်၊ ကြားကုန်မှာပေါ့"ရှေ့ကိုဖြည်းဖြည်းချင်းကပ်လာသောဆောင်းဟွန်ရင်ဖက်ပေါ်လက်နှစ်ဖက်တင်ကာ ဆောနူတွန်းနေပင်မယ့် အားကြီးသည့်သူသာလျှင်အနိုင်ရစမြဲဖြစ်သည်။
"ဟ! ကိုယ့်ကို အ တယ်များထင်နေသလား"
"ကိုယ်ကဒီလိုနေရာတွေကို အခုမှရောက်ဖူးတယ်ဆိုပေမယ့်
ဒီနေရာတွေအကြောင်းတော့ကောင်းကောင်းသိပါတယ်"
"မှန်တွေကလဲအထဲကသာမြင်ရတာ အပြင်ကဆိုဘာမှမမြင်
ရဘူး၊ အသံလဲလုံတယ်၊ ကဲခင်ဗျားလေးဘာငြင်းချင်သေး
လဲ"ဆောနူကိုချောင်ပိတ်ပြီးမေးလိုက်တော့ သူလည်းဘာပြန်ပြောရမှန်းမသိတော့သည့် အဆုံးခေါင်းကိုသာအောက်ငုံ့၍နေလေ၏။ ရှေ့မှာဖြူဖြူလုံးလုံးလေး ဖြစ်နေတဲ့
ကောင်လေးကိုကြည့်ကာ ထပ်မံနီးကပ်လာသော
ဆောင်းဟွန်။ ခေါင်းအောက်ငုံ့ထားသည်မို့ ဆောင်းဟွန်အနားရောက်လာတာကို ဆောနူတစ်ယောက်သတိမထားမိလိုက်ပေ။ ခေါင်းငုံ့ထားသည်ကို အခွင့်အရေးယူကာ ဆောနူလည်ပင်းနားဆောင်းဟွန်မျက်နှာကနီးကပ်လာသည်။ လည်ပင်းနားတွင်တစ်မျိုးခံစားနေရတာကြောင့် ဆောနူကြည့်လိုက်တော့ ဆောင်းဟွန်နှုတ်ခမ်းတစ်စုံက လည်ပင်းတွင်နေရာယူထားပြီးဖြစ်သည်။"လူ-လူကြီးမင်း"
"မ-မလုပ်ပါနဲ့"ဆောနူစကားကိုဂရုမစိုက်သည့်အပြင် ဆောနူအကျီကြယ်သီးတွေဆီလက်က ရောက်လာပြီး ကြယ်သီးများကို အကုန်မဟုတ်တစ်၀က်လောက်ဖြုတ်ပစ်လိုက်သည်။ ပြီးနောက်ပခုံးတစ်ဖက်ပေါ်ကအကျီကိုဖယ်လိုက်သည်။ ဆောင်းဟွန်မျက်စိရှေ့မှာအခုလို sexyကျကျမြင်နေရသောကောင်လေးကို စိတ်မထိန်းနိုင်ဖြစ်လာပြီး ရှေ့ဆက်ရန်ပြင်လိုက်ချိန်
*ကျွီ...*
"ဆောနူရေ...."
"အယ် ဟို-ဟို"မျက်စိရှေ့မှာမြင်နေရတဲ့အခြေအနေကြောင့် ရိုဆီလာရင်းကိစ္စကိုမေ့ကာ ဘာပြောရမလဲမသိဖြစ်သွားသည်။
YOU ARE READING
Body Shop (Sunghoon × Sunoo)
Romancestory လေးက Daisy ဖတ်ဖူးတဲ့ fic လေးကို Sunghoon နဲ့ Sunoo ကိုပြန်အစားထိုးရေးထားတာလေးပါ။ Character တွေရဲ့ပုံစံက အပြင်က ပုံတွေနဲ့မဟုတ်လို့ အပြောအဆိုကအစတော်တော်ကွဲပါတယ်နော်!!!!