[Unicode ver ]
မင်္ဂလာပွဲပြီးတော့ သူငယ်ချင်းတွေနဲ့အတူညစာစားပြီး ဆောင်းဟွန်တို့အိမ်ပြန်ခဲ့ကြတယ်။သူငယ်ချင်းတွေနဲ့ အေးဆေးစုံတုန်းအတူသောက်ကြတာမို့ ဆောင်းဟွန်အနည်းငယ်မူးနေသည်။မူးနေတယ်ဆိုပေမယ့်လည်း ရုပ်ပျက်ဆင်းပျက်မူးနေတာတော့မဟုတ်။ အိမ်ပြန်ချိန်ရောက်နေပြီမို့ ဆောနူက ဆောင်းဟွန်ကိုတွဲ၍ကားရှိရာသို့ခေါ်လာခဲ့သည်။ အသင့်စောင့်နေသည့် Driver ကဆောင်းဟွန်ကိုတွဲလာသည့်ဆောနူကို မြင်တာနှင့် ချက်ချင်းအပြေးလာကာဆောင်းဟွန်ကိုတွဲခေါ်လိုက်သည်။ဆောနူနှင့်ဆောင်းဟွန်တို့ကိုမြင်လိုက်သည့် ဦးလေးဂျွန်ကအနောက်မှလိုက်သွားလိုက်သည်။
"သခင်လေးဆောနူ"
"ဪ....ဦးလေးဂျွန်"
"ဆရာလေးဘာဖြစ်လို့လဲဗျ"
"ဘာမှမဖြစ်ပါဘူးဗျ နည်းနည်းမူးနေလို့အိမ်ပြန်ရအောင်ခေါ်လာတာပါ"
"ဟုတ်ကဲ့ ဒါဆိုကျွန်တော်လဲလိုက်ခဲ့ပါမယ်ဗျ"
"ရပါတယ်ဗျ ဦးလေးဂျွန်လုပ်စရာရှိတာလုပ်ပါဗျ"
"ဆရာလေးက သူသခင်လေးအနားမရှိတဲ့အချိန်သေချာဂရုစိုက်ပေးဖို့ပြောထားတာမို့ ကျွန်တော်လိုက်မှရပါမယ်ဗျ"
"အလုပ်တွေကကော"
"သခင်းလေးတို့ကိုအိမ်ပြန်လိုက်ပို့ပြီးမှ ပြန်လာလုပ်လိုက်လို့ရပါတယ်ဗျ"
"ဟုတ်ကဲ့ပါ ဒါဆိုလဲလိုက်ခဲ့ပါဗျ"
ဆောနူငြင်းမရတော့သည့်အဆုံး ခေါင်းညိမ့်လိုက်ရသည်။သူမရမကလဲ မငြင်းချင်ပါ၊ ဘာလို့ဆိုတစ်ခါသူတို့ ဈေးဝယ်ထွက်ကြတုန်းက ဆောင်းဟွန်ဝယ်ပေးတာတွေကများလွန်းလို့ လက်ထဲကအထုပ်တွေကို ဘော်ဒီဂတ်က သယ်ကူပေးရအောင်ယူတုန်းကဆောနူကအားနာလို့ သယ်မကူပါနဲ့ရပါတယ်ဆိုပြီးငြင်းခဲ့သည်။နောက်ထပ်ဝယ်ပေးတာတွေက တဖြေးဖြေးနဲ့များလာတော့ လက်ကမနိုင်မနင်းဖြစ်ပြီးအထုပ်တွေပြုတ်ကျကုန်သည်။ဒါကိုမြင်တော့ ဆောင်းဟွန်ကပါလာတဲ့ဘော်ဒီဂတ်တွေကိုအထုပ်မသယ်ကူလို့ဆိုပြီးအဲ့နေရာမှာတင် တစ်ယောက်ကိုတစ်ချက်ဆီ ထိုးခဲ့သည်။ကားပေါ်ရောက်တော့သူကမသယ်ခိုင်းလို့ သူတို့ကမသယ်ကူတာပါလို့ပြောတော့ သူ့ကိုချက်ချင်းကောက်နမ်းပါလေရော။ပြီးတော့ဘာပြောလဲဆိုတော့ ငြင်းလို့အပစ်ပေးတာတဲ့။အဲ့ကတည်းက ဘယ်သူဘာပြောပြောမရမကမငြင်းတော့ဘဲ ခေါင်းသာညိမ့်လိုက်သည်။မဟုတ်ရင် ကိုယ့်ကြောင့်နဲ့သူတို့အပစ်ပေးခံနေရမည်။ကိုယ်လည်းအနမ်းခံရအုံးနေမည်လေ။
YOU ARE READING
Body Shop (Sunghoon × Sunoo)
Romantikstory လေးက Daisy ဖတ်ဖူးတဲ့ fic လေးကို Sunghoon နဲ့ Sunoo ကိုပြန်အစားထိုးရေးထားတာလေးပါ။ Character တွေရဲ့ပုံစံက အပြင်က ပုံတွေနဲ့မဟုတ်လို့ အပြောအဆိုကအစတော်တော်ကွဲပါတယ်နော်!!!!