"အ့!!!"
"သခင်လေး အဆင်ပြေရဲ့လား!"
စိုးရိမ်စိတ်ဖြင့် ဆောင်းဟွန်၏ကိုယ်ရံတော် "ဂျယ်" ကလှမ်း မေးလိုက်သည်။
"အဆင်ပြေတယ် အဲ့ဒီဘက်မှာပဲရအောင်ထိန်းထား!!"
"ဟုတ်ကဲ့ သခင်လေး!"
ထိုနေ့ပြီးနောက်ပိုင်း ဆောင်းဟွန်တစ်ယောက် ဆောနူကိုစိတ်ထဲကထုတ်လို့ကိုမရဖြစ်နေပါသည်။
*တောက်စ် စိတ်ထိန်းစမ်းဆောင်းဟွန်!! မင်းဒီလိုဖြစ်နေလို့မရဘူးလေ*
သူ့ကိုယ်သူလဲ အထပ်ထပ်သတိပေးတယ်။ ဒါပေမယ့်စိတ်ထဲကထုတ်လို့မရခဲ့ဘူး၊ မိနစ်ပိုင်းပဲထိတွေ့လိုက်ရတယ်ဆိုပေမယ့် မသိစိတ်ကနေဆောင်းဟွန်တစ်ယောက် ဆောနူကို စွဲလမ်းသွားခဲ့လေပြီ...
ယခုလဲမစ်ရှင်တစ်ခုရှိတာတောင် စိတ်ကထိုကောင်လေးဆီကိုပဲရောက်နေသည်။ ဆောင်းဟွန်ဆိုသည်မှာ လူတိုင်းကြောက်ရသည့် ကိုရီးယားရဲ့အင်အားအကြီးဆုံးနဲ့ ဩဇာအရှိဆုံးမာဖီးယားတစ်ယောက်၊ ပျိုတိုင်းစွဲလမ်းရသည့်နှင်းဆီခိုင်။ သူ့အား မျှော်လင့်ချက်ဖြင့်ကပ်ခိုနေသောကပ်ပါးကောင်များကိုလဲ ဂရုမစိုက်၊ နောက်ကျောကိုဓားထိုးသူများ၊ သစ္စာဖောက်များကိုလဲ ရက်ရက်စက်စက် သတ်ပစ်သည်။ သိုမဟုတ် နှိပ်စက်ပြီးတစ်ဘ၀လုံးပျက်စီးသွားအောင်လုပ်တတ်သောကြောင့် ပိုနာမည်ကြီးသည်။
မိမိအားငွေမျက်နှာတစ်ခုထဲကြည့်ပြီး ချူစားနေသည့်မိန်းမများကိုလဲ ဂရုမစိုက်။ အာရုံထဲလဲမထည့်။ အခုတော့ ထိုဆောနူမည်သောကောင်လေးကို အရမ်းပင်စွဲလမ်းနေမိပြီ....။
~~~~~~~~~~~~~~~~~~~~~~~~
*ကျွီ~~~~!*
နောက်ဆုံးပေါ် Lamborghini အမဲတစ်စီးက ထိုလမ်းကြားငယ်လေး၏အပြင်ဘက်တွင် အရှိန်ပြင်းပြင်းဖြင့်ရပ်လိုက်သည်။ ထို့နောက် ကားအမဲထဲကနေ T-shirt အမဲအား style pant အမဲအတွင်းသိုထည့်၀တ်ထားပြီး အပေါ်ကနေ long coat အမဲအားလိုက်ဖက်စွာတွဲ၀တ်ထားသော လူငယ်တစ်ယောက်ဆင်းလာသည်။ဟုတ်ပါသည် ထိုလူက ပတ်ဆောင်းဟွန်....။
ထို့နောက် ထိုကာစီနိုရုံထဲသို့ ဆောင်းဟွန်၀င်သွားလိုက်ရင်ဖြင့် ရိုဆီကတအံ့တဩလာနှုတ်ဆက်လေသည်။
YOU ARE READING
Body Shop (Sunghoon × Sunoo)
Romancestory လေးက Daisy ဖတ်ဖူးတဲ့ fic လေးကို Sunghoon နဲ့ Sunoo ကိုပြန်အစားထိုးရေးထားတာလေးပါ။ Character တွေရဲ့ပုံစံက အပြင်က ပုံတွေနဲ့မဟုတ်လို့ အပြောအဆိုကအစတော်တော်ကွဲပါတယ်နော်!!!!