BAD GIRL 2 (1)

4.4K 134 2
                                    

"မမ သဲတို့ ရုပ်ရှင်သွားကြည့်မယ်နော်"
သဲက ကျောင်းဖွင့်ရက်ကြီး ရုပ်ရှင်ကြည့်ဖို့ ပူဆာနေသည်။
"ပိတ်ရက်မှ သွားမယ်လေ"
"ခုတင်ထားတဲ့ကားက ပိတ်ရက်ဆို မပြတော့ဘူး။ ခုသွားမယ် ထ"
သူလုပ်ချင်တာ လုပ်ရမှ ကျေနပ်တဲ့ချစ်သူလေးကို လွန်း လိုက်ရောလိုက်ရတော့ သည်။
ရုပ်ရှင်ရုံထဲကျတော့လဲ သဲမှာ သူ့ကိုနမ်းနေရတာနဲ့ သူကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ကော ကြည့်ဖြစ်ရဲ့လားလို့ လွန်းတွေးလိုက်မိသည်။
"သဲ ဇာတ်ကားရော ကြည့်လိုက်မိလား"
ရုပ်ရှင်ရုံက ပြန်အထွက် လွန်းက သဲကို မျက်စောင်းလေးထိုးပြီး ​မေးလိုက်သည်။
သဲက လျှာလေးထုတ်ပြောင်ပြရင်း ခေါင်းခါပြတော့ လွန်း သဘောကျစွာ ရယ်လိုက်မိသည်။
"နောက်ဆို ကျောင်းဖွင့်ရက် ဟိုသွားမယ် ဒီသွားမယ် မပူဆာပါနဲ့ သဲရယ်။ မမ ကျောင်းမပျက်ချင်ဘူး"
သဲက သူ့ကို နှုတ်ခမ်းလေးထော်ပြီးကြည့်သည်။
"တရက်တလေပဲ မမရယ်။ မမက ချစ်သူနဲ့တောင် ရုပ်ရှင်မကြည့်ချင်ဘူးလား။ သဲချစ်သလောက် မမ သဲကို ပြန်မချစ်ဘူးနော်"
သဲက လွန်းကို ရစ်နေတော့သည်။
"မမ က သဲကို ချစ်တာပေါ့ သဲရယ်။ ချစ်လွန်းလို့ပဲ သဲအနိုင်ကျင့်သမျှ ခံနေတာပေါ့"
လွန်းက သဲရဲ့ပါးလေးကို ဆွဲညှစ်ရင်းပြောလိုက်သည်။
"သဲ မမကို အနိုင်မကျင့်ပါဘူး။ ချစ်တာပါ မမရယ်။ အဲ့တာ အနိုင်ကျင့်တယ်လို့မှ မခေါ်တာ"
စကားတက်လွန်းသော သဲကို လွန်း အသဲတယားယားဖြစ်နေတော့သည်။
"သိပ်တက်နေ သိလား"
သဲက လမ်းလျောက်ရင် လွန်းပါးလေးကို လှမ်းနမ်းသည်။
"မမ သဲဆီ ညလာအိပ်အုံးလေ"
သဲက စပ်ဖြဲဖြဲလေးနဲ့ ပြောနေတော့ လွန်း သဲကိုကြည့်ပြီး ခေါင်းလေးခါပြလိုက်သည်။
"လုပ်ပါ တူတူမအိပ်ရတာ တလလောက်ရှိနေပြီ"
"အော် ဘယ်လိုဖြစ်နေလဲပြော"
လွန်းက ခပ်စွာစွာအသံလေးနဲ့ ပြောလိုက်တော့ သဲက သဘောကျစွာရယ်နေသည်။

ရွှေမိုးသဲက လွန်းနဲ့ ချစ်သူဖြစ်ပြီး နောက်ပိုင်း လိမ္မာလာတယ်ဆိုပေမယ့် သူရဲ့ တဇွတ်ထိုးလုပ်ချင်တဲ့စိတ်လေးကတော့ မပျောက်။ လွန်းအပေါ်တော့ သူ့လောက်ဂရုစိုက်တဲ့သူမရှိလောက်အောင် ချစ်တတ်ပြီး သူရဲ့ အနိုင်ယူ ဗိုလ်ကျတဲ့ အကျင့်လေးကိုတော့ လွန်းက နားလည်သည်းခံပေးရသည်။

BAD GIRL  2Where stories live. Discover now