"သဲရေ မမကို ဒါလေးလာကူပေးပါအုံး"
သဲက အပြေးလေးလာပြီး လွန်းခါးလေးကို ဖက်ထားကာ ပါးလေးကိုနမ်းနေသည်။
"အော် ဒီမှာ ဒါလေးတွေ ကူထည့်ပေးပါဆို ဘာတွေ လုပ်နေတာလဲ သဲရယ်"
"မမ ကို မြင်ရင် သဲက နမ်းပဲ နမ်းချင်နေတာလေ"
သဲက စပ်ဖြဲဖြဲလေးလုပ်ပြီး စနေသည်။
"လုပ်ပါ မမတို့နောက်ကျနေလိမ့်မယ်"
"အဲ့တာကြောင့်ပြောပါတယ်။ ပိတ်ရက်လဲ မဟုတ်ပဲ ဘာလို့ ဒါတွေချက်နေရတာလဲ။ မမပဲ ပင်ပန်းနေရပြီ"
လွန်းက နို့စိမ်းခေါက်ဆွဲကို ကိုယ်တိုင်ချက်ပြီး လွန်းမေမေနဲ့ သဲဖေဖေဆီ သွားပို့ဖို့ပြင်နေတာဖြစ်သည်။ နှစ်အိမ်လုံးကို ပတ်ပို့ပြီး လွန်းတို့နှစ်ယောက် ရုံးသွားကြရမှာဖြစ်လို့ ရုံးနောက်ကျမှာစိုးပြီး ပြောနေခြင်းဖြစ်သည်။
သဲနဲ့ လွန်းတို့အိမ်တွေက သူတိုနှစ်ေယာက်ကို လက်ခံလာခဲ့ကြသည်။ သားသမီးကို နိုင်တဲ့မိဘဆိုတာ မရှိဘူးမလား။ သားသမီးတွေစိတ်ချမ်းသာဖို့ သူတို့ လိုက်ရောပေးခဲ့ကြတော့သည်။"မမ ကိုမင်းထင်က ခုတလော ရုံးကိုခဏခဏလာသလိုပဲနော်"
ကားမောင်းနေတဲ့ သဲကို လွန်းမျက်စောင်းလှမ်းထိုးလိုက်သည်။
"အော် သူ့ဘာသာ ကိစ္စရှိလို့နေမှာပေါ့ သဲရယ်။ အဲ့တယောက်ကိုပဲ ပြဿနာရှာနေတော့တာပဲ"
"မမက သူ့ဘက်ကနာပေးနေတာလား"
"ဟေ့ တော်ပြီနော် စောစောစီးစီး စကားမများကြေး"
သဲက စကားနားထောင်ရှာသည်။ပြဿနာထပ်မရှာတာ့။
"မမ သဲကို ချစ်တယ်လို့ပြောပါအုံး"
သဲက လွန်းကို အဲ့လိုလေးတွေ ခဏခဏမေးပြီး အမြဲကပ်ချွဲနေတတ်သည်။ လွန်းကလဲ အဲ့လိုလေးတွေမေးလာတိုင်း အသဲတယားယားဖြစ်ရသည်။
"မချစ်ပါဘူး။ အားနေ လူကိုပြဿနာရှာချင်နေတာ"
"အော် ပြဿနာမရှာပါဘူး မမရယ်။ သဲကလိမ္မာနေပါပြီ။ ပြောပါကွာ"
လွန်းက ပြန်မပြောပဲနေလိုက်သည်။
"မမ သဲကိုစိတ်ဆိုးအောင်လုပ်ရင် သဲ ကားရပ်ပြီး ဖက်နမ်းမှာနော်"
"အာ.... ချစ်တယ် ချစ်တယ် ကဲ ရပြီလား"
"အင်း ရုံးကျမှ ထပ်ပြောခိုင်းတော့မယ်"
လွန်းက သဲကိုမျက်စောင်းလေးထိုးလိုက်ပြီး သဲကတော့ လွန်းကိုကြည့်ကာ ပြုံးနေတော့သည်။💜💜💜💜💜💜💜💜💜💜💜💜💜
YOU ARE READING
BAD GIRL 2
Romanceမမ အဆင်ပြေတယ်ဆိုလဲ သဲကျေနပ်ပါတယ်။ ဒါပေမယ့် သဲကို မမထားခဲ့တဲ့အတွက် မမကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မမဘဝမှာ မျော်လင့်မိတာလေးတစ်ခုပဲရှိပါတယ် အဲ့တာ သဲ အမြဲအဆင်ပြေနေစေဖို့ဆိုတာပါပဲ။ မမ သဲကိုအရမ်းချစ်တယ်နော်.......