သဲ မြန်မာပြည်မှာမရှိတော့ဘူးဆိုတဲ့အကြောင်း နဒီပြောပြလို့ သိလိုက်ရပြီး လွန်းချက်ချင်းပဲ မြန်မာပြည်ပြန်လာခဲ့လိုက်သည်။
သဲနဲ့ဝေးနေဖို့ ထွက်သွားခဲ့တာ သဲက သူနဲ့အဝေးကို ထပ်ထွက်သွားမှတော့ သူကိုယ့်နေရာကိုယ်ပြန်လာဖို့ပဲရှိတော့တာပေါ့။
သဲအဖေရဲ့ အထောက်အပံ့ကို ထပ်မယူချင်တော့။
သဲနဲ့နေခဲ့တဲ့အခန်းလေးကိုပဲ ပြန်ငှားနေလိုက်သည်။ သဲနဲ့ အတူနေခဲ့ထည်းက လွန်း သူ့အိမ်ကို ပြန်မသွားတော့။ သဲကို သူချစ်မိေနသ၍တော့ လွန်း အိမ်ကိုမပြန်တော့ဟု ဆုံးဖြတ်ထားသည်။သဲမကြိုက်တဲ့ မင်းထင်ဆီမှာလဲ အလုပ်ထပ်မလုပ်တော့ပဲ တခြားcompanyတခုမှာ အလုပ်ဝင်လုပ်ခဲ့သည်။
ဒီလိုနဲ့ ငါးနှစ်ကျော် အချိန်ကာလတွေမှာ သဲကို အရမ်းလွမ်းမိတဲ့အချိန်တွေ ဆောက်တည်ရာမရအောင် ဖြစ်မိတာကလွဲလို့ အရာအားလုံး နေသားကျလာခဲ့သည်။
"ရုံးကို ဒီနေ့ GM အသစ်ရောက်မယ်နော်"
လွန်းတို့ ရုံးက HR က အားလုံးကို ပြောပြနေသည်။
ခဏကြာတာ့ ရုံးထဲကို သူဌေးနဲ့အတူ GMဆိုသူပါဝင်လာတော့ လွန်း အရမ်းအံ့သြသွားတော့သည်။
သဲ ပါလား......
သဲက သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ။
"Managerတွေအကုန် meeting လုပ်မယ်တဲ့"
လွန်း တို့ meetingခန်းထဲဝင်လိုက်ကြသည်။
ခဏနေတော့ သူဌေးနဲ့ သဲတို့လဲ ဝင်လာကြသည်။ခုချိန်ထိတော့ သဲက လွန်းကို မတွေ့သေး။
meetingပြီးလို့ ပြန်ထွက်ကြတော့မှ သဲ သူ့ကိုလှမ်းခေါ်သည်။
"မမ....."
လွန်း သဲကို ပြုံးပြုံးလေးကြည့်မိသည်။ အရင်ကထက် ဆံပင်လေးရှည်ပြီး မိန်းမ ဆန်ဆန်လေးချောလာတဲ့ သဲကို မြင်လိုက်ရတော့ လွမ်းသမျှတွေ ပြေသွားသလိုခံစားလိုက်ရသည်။
"သဲ...."
အစက အံ့သြစွာကြည့်နေတဲ့ အကြည့်ကနေ သူစိမ်းဆန်တဲ့ အကြည့်တွေပြောင်းသွားတော့သည်။
"မမက ဒီမှာလုပ်နေတာလား"
လွန်းကခေါင်းငြိမ့်ပြသည်။
မမက သူပေးတဲ့ လက်စွပ်လေးကို ဝတ်ထားတုန်းပဲကို....
သဲ မမလက်လေးကိုကြည့်ပြီး တွေးနေမိသည်။
"သဲ ဘယ်တုန်းက ပြန်ရောက်တာလဲ"
"မကြာသေးပါဘူး တလလောက်ပဲရှိသေးတယ်"
ရုတ်တရက်တွေ့လိုက်ရတော့ ဘာလုပ်ရမှန်းမသိဖြစ်နေကြတော့သည်။
သဲရဲ့အဖေပြောလို ငါးနှစ်ကျော် ကြာလာခဲ့တော့ သဲသူ့အပေ့ါ်အရင်လိုစိတ်ရှိသေးရဲ့လား သူမသိတော့။ ခုစကားပြောပုံအရတော့ အရမ်းအေးဆေးနေသည်။

ESTÁS LEYENDO
BAD GIRL 2
Romanceမမ အဆင်ပြေတယ်ဆိုလဲ သဲကျေနပ်ပါတယ်။ ဒါပေမယ့် သဲကို မမထားခဲ့တဲ့အတွက် မမကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မမဘဝမှာ မျော်လင့်မိတာလေးတစ်ခုပဲရှိပါတယ် အဲ့တာ သဲ အမြဲအဆင်ပြေနေစေဖို့ဆိုတာပါပဲ။ မမ သဲကိုအရမ်းချစ်တယ်နော်.......