"အစာအိမ် သွေးကြောပေါက်သွားတာ။ သွေးသွင်းရလိမ့်မယ် "
ဲသဲအခြေအနေကို ဆရာဝန်ကထွက်လာပြောသည်။
"စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်။ သွေးကိုသာ လိုသလောက်ရအောင် ကြိုရှာထားပါ"
လွန်းတယောက် အရုပ်ကြိုးပြတ် ထိုင်ကျသွားတော့သည်။
"လွန်း စိတ်ထိန်းစမ်းပါ။ သဲဘာမှ မဖြစ်ပါဘူး အဆင်ပြေမှာပါ"
နဒီကလည်း လွန်းကိုသာ အားပေးနေရတာ သူကိုယ်တိုင်က မျက်ရည်မကျအောင် ထိန်းထားနေရသည်။
သဲရဲ့ အဖေလဲ ခပ်တွေတွေလေး ထိုင်နေသည်။
"နဒီ သဲတခုခုများဖြစ်သွားရင်လေ ငါလဲ သဲနဲ့ လိုက်သွားမှာ...."
"လွန်း စိတ်အေးအေးထား သဲ ပြန်ကောင်းလာမှာပါနော်"
လွန်းက နဒီ့ကိုသာဖက်ပြီးငိုနေတော့သည်။လိုအပ်တဲ့ ကုသမှုတွေလုပ် သွေးတွေသွင်းရပြီး အန္တရာယ်ကင်းတဲ့အခြေအနေကိုရောက်ပြီဆိုမှ လွန်း အသက်ကောင်းကောင်း ရှူနိုင်တော့သည်။
"ငါပြောသားပဲ လွန်းရယ် ငါ့ညီမ ရွှေမိုးသဲ အဆင်ပြေမှာပါလို့ "
လွန်းက မျက်ရည်လေးတွေကြားထဲက ခပ်ယဲ့ယဲ့ ပြုံးကာ ခေါင်းလေးငြိမ့်ပြသည်။
သဲကတော့ အရေးပေါ်ခန်းထဲက ပြန်ထွက်မလာရသေး။
"လွန်း အဝတ်အစားပြန်လဲ လိုက်ပါလား"
လွန်းက ခေါင်းခါပြသည်။
နဒီလဲ ဆက်မပြောတော့ပဲ သူပဲ အဝတ်အစားသွားယူပေးလိုက်မည်ဟု တွေးလိုက်တော့သည်။
"လွန်း သမီး ဦးနဲ့ ခဏလောက်စကားပြောရအောင်"
လွန်းက မျက်ရည်လေးတွေသုတ်ပြီး သဲအဖေနဲ့ စကားပြောဖို့ ထသွားလိုက်သည်။
"ဦး သမီးကို ဦးဆီ ပြန်ပေးပါ သမီးရယ်"
လွန်း ကြည့်လိုက်တော့ သဲရဲ့အဖေက မျက်ရည်တွေကျနေသည်။
"ဦးတောင်းပန်ပါတယ် သမီးရယ်။ သဲကို သမီး စွန့်လွှတ်ပေးပါနော်"
လူကြီးတယောက်က သူ့ရှေ့မှာ မျက်ရည်ကျပြီး တောင်းတောင်းပန်ပန်ပြောနေတော့ လွန်း ဘာလုပ်သင့်လဲ ဆိုတာ သေချာစဥ်းစားရတော့သည်။
"သဲဘဝမှာ လွန်းမရှိတော့ရင် သဲအဆင်ပြေနိုင်ပါ့မလား ဦး"
"ခုရော ငါ့သမီးလေး အဆင်ပြေနေလို့လား"
သဲအဖေရဲ့ စကားက လွန်းနှလုံးသားတည့်တည့်ကို ဓါးထက်ထက်တစ်ချောင်းနဲ့ ထိုးလိုက်သလိုပဲ.....
"ဦးရဲ့သမီးကို ဦး အဆင်ပြေအောင်ထားနိုင်ပါတယ်
ခုလိုဖြစ်ပြီးမှတော့ သမီးတို့နှစ်ယောက် အတူပေးနေဖို့ ဦးအတွက် အဆင်မပြေတော့ဘူး"
"လွန်းကို စဥ်းစားချိန်လေးေတာ့ပေးပါ။ ခုတော့ သဲဘေးကနေ လွန်းဘယ်မှ မသွားနိုင်သေးဘူး"
"ဦး နားလည်ပါတယ်။ သဲလဲ ခုချိန် လွန်းကို လိုအပ်နေမှာပါ"
"ကျေးဇူးတင်ပါတယ် ဦး"
သဲအဖေက ဘာမှ ဆက်မပြောပဲ ငြိမ်သက်သွားပြန်သည်။
"ဦးပြောစရာမရှိရင် လွန်း သဲအနားကိုပြန်သွားလိုက်တော့မယ်"
"ခဏလေးသမီး..."
လွန်း ပြန်လှည့်ကြည့်လိုက်သည်။
"ဦးတို့ ဒီလိုလုပ်ကြမလား....."
လွန်း သဲအဖေရဲ့ဘက်ကို ပြန်လှည့်ပြီး သေချာနားထောင်လိုက်သည်။
"ငါးနှစ်ပါပဲ သမီးရယ်။ သဲနဲ့ လွန်းတို့ ငါးနှစ်လောက်ပဲ ခွဲနေကြည့်ပေးပါ။ ငါးနှစ်ပြည့်လို့မှ သမီးတို့နှစ်ယောက် ခုလိုပဲ ချစ်တဲ့စိတ်လေးတွေ မပြောင်းလဲဘူးဆို သမီးတို့ကြိုက်တာလုပ်ကြပါ။ ဒီငါးနှစ်အတွင်း သမီးလုပ်ချင်တာရှိရင် ဦး အကုန်ထောက်ပ့ံပေးပါ့မယ်။ သဲဘဝထဲကနေသာ ခဏလေးထွက်သွားပေးပါ။ ဒီလိုဆို သမီး အတွက်လဲ မျှတမယ်ထင်ပါတယ်"
"လွန်း သေချာစဥ်းစားပါ့မယ်"
လွန်း သဲအဖေရဲ့ ရှေ့ကနေ အမြန်သာထွက်လာခဲ့လိုက်တော့သည်။
သဲနဲ့ ငါးနှစ်တောင် ဘယ်လိုခွဲနေရမှာလဲ ဆိုတာ စဥ်းစားလို့မရခဲ့။
YOU ARE READING
BAD GIRL 2
Romanceမမ အဆင်ပြေတယ်ဆိုလဲ သဲကျေနပ်ပါတယ်။ ဒါပေမယ့် သဲကို မမထားခဲ့တဲ့အတွက် မမကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မမဘဝမှာ မျော်လင့်မိတာလေးတစ်ခုပဲရှိပါတယ် အဲ့တာ သဲ အမြဲအဆင်ပြေနေစေဖို့ဆိုတာပါပဲ။ မမ သဲကိုအရမ်းချစ်တယ်နော်.......