ဒီနေ့ မမ မွေးနေ့ ......
သဲ မမအတွက် လက်ဆောင်တခုခုပေးချင်သည်။ မမ ပေးတဲ့ မုန့်ဖိုးလေးတွေကို စုထားတဲ့ ပိုက်ဆံတော့ရှိပေမယ့် ပိုက်ဆံကသိပ်မများတော့ သူဘာဝယ်ရမလဲ စဥ်းစားရတော့သည်။
ကျောင်းကနေ နေ့တဝက်ပြန်လာလိုက်ပြီး စျေးတပတ် ပတ်ကြည့်နေရင်း ဘာဝယ်ရမလဲ မသိပဲ စိတ်ရှုပ်လာတော့သည်။
နောက်ဆုံး သူ့မှာရှိတဲ့ ပိုက်ဆံနဲ့ ရွှေလက်စွပ်သေးသေးလေးတကွင်းတော့ ရလိုက်သည်။ ကျောင်းပြီးလို့ အလုပ်ရမှ ဒီထက်ကြီးတာဝယ်ပေးမည်ဟု တွေးလိုက်မိသည်။
အိမ်အပြန်မှာ Birthday Cake ဝင်ဝယ်လာလိုက်သည်။ အိမ်ရောက်တော့ မမပြန်လာတာနဲ့ မွေးနေ့ပွဲလုပ်ဖို့ ပြင်ဆင်ထားလိုက်သည်။"Happy Birthday ပါမမ။ အရမ်းချစ်တယ်နော်"
ရုံးကပြန်ရောက်တော့ သဲက လွန်းကို Birthday wish လေးလုပ်ကာ သူ့ကို ဖက်ထားသည်။
"မနက်က ဘာမှ ပြောမသွားတော့ သဲ မမှတ်မိဘူးထင်နေတာ"
"အော် မမရယ် သဲကမမှတ်မိစရာလားလို့။ သဲမိန်းမရဲ့ မွေးနေ့ပဲဟာကို"
"ဘယ်လို ...."
သူ့ကိုခေါ်လိုက်တဲ့ သဲဲရဲ့ အခေါ်အဝေါ်လေးကို လွန်း သဘောကျမိသည်။
သဲကတော့ သူ့ကို ပြုံးပြီးသာ ကြည့်နေသည်။
"သဲက မမရဲ့ မိန်းမ မဟုတ်ဘူးလား"
"မမ က သဲရဲ့မိန်းမပါဆို။ သဲကျောင်းပြီးတာနဲ့ မမကိုတာဝန်ယူမယ်နော်"
"မမက တာဝန်ယူချင်တာပါဆို"
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်မိကြသည်။
"တယောက်တလှည့်စီ မိန်းမလုပ်မယ်ကွာ ok လား"
လွန်းက သဲရဲ့ပါးလေးကို ဆွဲညှှစ်လိုက်ပြီး စနေတော့သည်။
"ဒါဆို ဒီညတော့ မမ မိန်းမလုပ်လိုက်"
သဲက ပြောပြောဆိုဆိုနဲ့ သူ့ကို လှစ်ကနဲ ကောက်ချီလိုက်ပြီး ဘေးက စားပွဲခုံပါ်တင်လိုက်သည်။
"ဖြည်းဖြည်းလုပ်ပါရှင်....."
လွန်းက မထိတထိလေးပြောလိုက်တော့ သဲက အသည်းယားလာပြီး လွန်းနှုတ်ခမ်းလေးတွေကို နမ်းတော့သည်။ တော်တော်ကြာကြာ နမ်းပြီးမှ သဲ သူ့ကို လွှတ်ပေးသည်။
"သဲက တိုးတက်လာပြီပဲ"
လွန်းက သဲနှုတ်ခမ်းလေးတွေကို လက်လေးနဲ့ ထိရင်း ပြောလိုက်သည်။
"မမ အသင်အပြ ကောင်းလို့ပါ"
လွန်း သဘောကျစွာ ရယ်လိုက်မိတော့သည်။
သဲက ထပ်နမ်းဖို့ ဟန်ပြင်လာပြန်သည်။
"cake မခွဲတော့ဘူးလားဟင်"
လွန်းပြောလိုက်မှ သတိရသွားသူလို လွန်းကို စားပွဲအောက်ကို ပြန်ချပေးတော့သည်။
သူတို့နှစ်ယောက် cake ခွဲလိုက်ကြပြီး ဆုတောင်းလိုက်ကြသည်။
"မမ ဘာဆုတောင်းလိုက်လဲ"
"ဟင် ဆုမတောင်းမိလိုက်ဘူး။ သဲကိုချစ်တယ်ပဲ စိတ်ထဲပြောနေမိတာ။ ဘယ်လိုလုပ်ရမလဲ"
" မမ ပိုပြီနော်"
လွန်းကစလိုက်တော့ သဲက မျက်စောင်းလေးထိုးပြီး ပြောသည်။
"မမ အတွက် လက်ဆောင်....."
သဲက သူ့ကို ရွှေလက်စွပ်လေးလက်ဆောင်ပေးတော့ လွန်း အံ့သြသွားမိသည်။
"ပိုက်ဆံရှိလို့လား သဲရယ်"
"မမပေးထားတဲ့ မုန့်ဖိုးနဲ့ မမကိုလက်ဆောင် ပြန်ပေးရတာ အားတော့နာမိတယ်။ ဒါပေမယ့် သဲ အလုပ်ရတဲ့အခါကျရင် မမကို ဒီထက်ကြီးတဲ့ လက်စွပ် ထပ်ဝယ်ပေးမယ်နော်"
ပြောပြောဆိုဆိုနဲ့ သဲက သူ့ကို လက်စွပ်လေး ဝတ်ပေးပြီး သူ့လက်လေးကို အနမ်းပေးသည်။
"မမ မုန့်ဖိုးများများထပ်ပေးမှပဲ"
လွန်းက ပိုက်ဆံအိတ်လေး ဖွင့်လိုက်တော့ သဲက တားသည်။
"မုန့်ဖိုးမပေးပါနဲ့ အာဘွားပဲပေး"
သူ့ပါးလေးကို လွန်းနှုတ်ခမ်းလေးနား ကပ်ပေးလာသည်။
လွန်းလဲ သဲပါးလေးကို အကြိမ်ပေါင်းများစွာ အနမ်းပေးလိုက်တော့သည်။
YOU ARE READING
BAD GIRL 2
Romanceမမ အဆင်ပြေတယ်ဆိုလဲ သဲကျေနပ်ပါတယ်။ ဒါပေမယ့် သဲကို မမထားခဲ့တဲ့အတွက် မမကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မမဘဝမှာ မျော်လင့်မိတာလေးတစ်ခုပဲရှိပါတယ် အဲ့တာ သဲ အမြဲအဆင်ပြေနေစေဖို့ဆိုတာပါပဲ။ မမ သဲကိုအရမ်းချစ်တယ်နော်.......