BAD GIRL 2 (3)

1.7K 83 1
                                    

နဒီက တိုက်ခန်းလေးတခန်းငှားပေးသည်။ လောလောဆယ်တော့ လွန်းတို့နှစ်ယောက်အတွက် ခြောက်လလောက် နေဖို့အဆင်ပြေသွားခဲ့သည်။
လွန်း အလုပ်တစ်ခုရဖို့ အလုပ်လိုက်လျောက်ရတော့သည်။ အလုပ်တစ်ခုရဖို့ ထင်ထားတာထက်ပိုခက်တယ်ဆိုတာ လက်တွေ့သိလိုက်ရတော့ လွန်း စိတ်ဓာတ်ကျလာမိသည်။ သဲမျက်နှာကိုသာ မြင်ယောင်ပြီး အားတင်းနေရသည်။
လွန်း နဒီ့ဆီ ဖုန်းဆက်လိုက်မိပြန်သည်။
"ဟယ်လို လွန်း အဆင်ပြေကြလား"
"နဒီ ငါ အလုပ်ရှာနေတာ အဆင်မပြေဘူးဟာ။ သဲကျောင်းပြန်တက်ဖို့ ငါအလုပ်အမြန်ရမှ ဖြစ်မှာ။ လုပ်ပါဟယ် ဝိုင်းစဥ်းစားပေးပါအုံး"
လွန်းလဲ စိတ်ညစ်ညစ်နဲ့သာ နဒီ့ကို ပြောပြလိုက်တော့သည်။
"ဟဲ့ မင်းထင်ဆီမှာ အလုပ်အကူအညီ တောင်းကြည့်ပါလား။ သူကတော့ နင့်ကို အလုပ်ပေးမှာ သေချာတယ်"
လွန်း ခဏငြိမ်သွားမိသည်။
"ဟဲ့ လွန်း ငါပြောတာကြားလား"
"အင်း ငါကြားပါတယ်။ မင်းထင်ဆီမှာဆို သဲ ကြိုက်မှာမဟုတ်ဘူး"
"ဟာ ခုချိန် အလုပ်ရဖို့အရေးကြီးတယ်။ မင်းထင်ဆီမှာ လုပ်လဲ ကိုယ်အနေမှန်ရင်ပြီးတာပဲလေဟယ်။ သဲကိုလည်း လောလောဆယ် မပြောပြနဲ့အုံးပေါ့။ အရေးပေါ်အခြေအနေကို အကောင်းဆုံးဖြေရှင်းတတ်စမ်းပါ လွန်းရယ်"
"အေးပါဟာ ....."
လွန်း ဘာလုပ်သင့်လဲ စဥ်းစားနေတုန်း သဲဆီကဖုန်းဝင်လာသည်။
"ဟယ်လို သဲ"
"မမ ဘယ်ချိန်ပြန်ရောက်မှာလဲဟင်"
"မမ ညနေလောက်မှ ရောက်မယ်။ သဲ ထမင်းစားထားနှင့်နော်။ မမကို မစောင့်နဲ့။ ညမှ ထမင်းအတူတူစားကြမယ်"
"ဟုတ်...."
သူပြန်မလာသေးလို့ အားမရှိတဲ့ သဲရဲ့ အသံလေးကို ကြားရတော့ လွန်း အိမ်အမြန်ပြန်ချင်မိသည်။

လွန်း မင်းထင်ဆီ ဖုန်းခေါ်လိုက်ပြီး တွေ့ဖို့ချိန်းလိုက်သည်။
"မြလွန်း လာလေ ထိုင်"
မင်းထင်ရဲ့ companyရောက်သွားတော့သည်။
"မြလွန်း ပြောလေ ဘာပြောချင်လို့လဲ"
ရောက်လာထည်းက တိတ်ဆိတ်နေတဲ့ လွန်းကို မင်းထင်က မေးသည်။
"ငါ အလုပ်လာလျောက်တာပါ။ အလုပ်လိုချင်လို့ ငါ့ကို အလုပ်တခုလောက် ကူညီပေးပါလား မင်းထင်"
"ဟင် ကျောင်းပဲ ပြီးတော့မယ် မြလွန်းရယ် ဘာတွေအဆင်မပြေလို့လဲ။ ကျောင်းပဲဆက်တက်လိုက်ပါလား။ ငါနင်လိုအပ်နေတာတွေ ကူညှီပါ့မယ်"
"ငါခု အလုပ်လိုနေတယ်လေ"
"နင့် စာမေးပွဲက နှစ်လလောက်ပဲလိုတော့တယ်လေ။ နှစ်လလောက်နင်အဆင်မပြေတာ ငါကူညီမယ်လို့ပြောနေတာ"
မင်းထင်က အကြောင်းစုံမသိပဲ ပြောနေတော့သည်။
"မင်းထင် ငါအိမ်ကဆင်းပြီး အပြင်မှာနေနေပြီ"
မင်းထင်က လွန်းကို အံ့သြစွာ ကြည့်နေသည်။
"ငါ သဲနဲ့ အတူနေနေတာ"
မင်းထင် လွန်းကို ကြည့်ပြီး ပြုံးလာသည်။
"ဟဲ့ နင်က ဘာပြုံးတာလဲ"
"သဘောကျလို့ပေါ့ဟာ"
"ဘာကိုလဲ"
လွန်းက မင်းထင်ကို မေးလိုက်သည်။
"နင့်က ငါထင်ထားတာထက် ပိုပြီး သဘောကျစရာကောင်းလို့ပါ"
လွန်းချက်ချင်းပဲ ထိုင်ရာက ထလိုက်တော့သည်။
"ငါပြန်တော့မယ် မင်းထင်"
"ဟာ နေပါအုံး မြလွန်းရယ်။ ငါ ပြောတာသဘောရိုးပါ"
မင်းထင်က သူ့စကားကို ပြန်ရှင်းပြနေတော့သည်။
"သဲကို သူ့အိမ်ကနေ ငါခေါ်လာခဲ့ပြီးပြီ။ သဲကိုစောင့်ရှောက်ဖို့ ငါ့မှာတာဝန်ရှိတယ် မင်းထင်။ ငါတို့နှစ်ယောက်ဘဝ အတွက် တယောက်ယောက်တော့ အလုပ်လုပ်မှ ဖြစ်လိမ့်မယ်"
"အဲ့တယောက်က ဘာလို့ နင်ဖြစ်နေရတာလဲ"
"ငါမှ သဲကိုကျောင်းမထွက်စေချင်တာ မင်းထင်ရယ်။ သူငါ့အတွက်နဲ့ အားလုံးကိုစွန်လြွှတ်ခဲ့တာ"
မင်းထင်က သူ့ကိုသေချာစိုက်ကြည့်နေသည်။
"ကဲ ဒါဆိုပေး..."
ရုတ်တရက် မင်းထင်က ဘာကိုပြောနေမှန်းမသိ။ လွန်း ကြောင်ကြည့်နေမိသည်။
"နင့် CV ပေးလို့ပြောတာလေ"
လွန်းရဲ့ CVကို မင်းထင်သေချာလေးကြည့်နေသည်။
"မနက်ဖြန် ရုံးလာဆင်းလိုက် အဆင်ပြေလား"
"ဟင် အင်တာဗျူးမလုပ်တော့ဘူးလား"
"နင့်အကြောင်း ငါသိနေတာပဲ လိုသေးလို့လား"
လွန်းမျက်နှာလေး ပြုံးသွားသည်။
"ကျေးဇူးပါ မင်းထင်ရယ်"
"မလိုပါဘူးဟာ ။ ခဏလေးစောင့် ငါ HR ကိုခေါ်လိုက်အုံးမယ်"
မင်းထင်တို့ရုံးက HR နဲ့အလုပ်စည်းကမ်း လုပ်ရမယ့်တာဝန်တွေပြောပြီး လွန်း အိမ်ပြန်လာခဲ့လိုက်သည်။

BAD GIRL  2Where stories live. Discover now