လွန်းကျောင်းပြီးဖို့ ၂လလောက်သာလိုတော့တဲ့အချိန်မှာ လွန်းနဲ့ သဲကြားမှာ ထင်မထားတဲ့ ပြသနာတွေ ဖြစ်လာတော့သည်။
ကျောင်းကပြန်ရောက်လို့ အခန်းထဲ ဝင်ပြီး နားနေတဲ့အချိန် လွန်းဆီ ဖုန်းနံပါတ်စိမ်းတခုဝင်လာတာနဲ့ ကိုင်လိုက်တော့ သဲ ဖေဖေရဲ့ဖုန်းဖြစ်နေသည်။ လွန်းနဲ့စကားပြောချင်လို့ မနက်ဖြန် တယောက်ထည်း သူ့companyကိုလာခဲ့ပေးပါတဲ့။
သဲ ဖေဖေရဲ့ company ကို လွန်းသွားတွေ့လိုက်သည်။
"ဦး သမီးရောက်ပါပြီ"
company က MD ဆိုတဲ့ သဲဖေဖေရဲ့ ရုံးခန်းထဲကို လွန်း ဝင်သွားလိုက်သည်။
"သမီး လာ ထိုင်လေ"
လွန်းတို့ ထိုင်နေပြီး တော်တော်ကြာတဲ့ထိ သဲဖေဖေက လွန်းကို စကားမစ။
"ဦး လွန်းကို ပြောစရာရှိတာပြောပါရှင့်"
လွန်းကပဲစမေးလိုက်တော့သည်။
"ဦး သမီး ကို သဲရဲ့အမတယောက်အနေနဲ့ပဲ မြင်ချင်တယ်"
သဲဖေဖေက လွန်းနဲ့သဲအကြောင်း သိသွားတာပဲ......
လွန်း ဘာပြန်ပြောရမလဲမသိတော့။ ခေါင်းလေးသာ ငုံ့ထားလိုက်မိသည်။
"ဦးကို ခေတ်မမှီဘူးပဲ ပြောပြော ဦး ဒီကိစ္စကို လက်မခံနိုင်ဘူး။ နောက်ပြီ ဦးမှာ သဲတယောက်ပဲရှိတာ။ သဲကို အိမ်ထောင်ချပေးပြီး ဦးလဲ မြေးတွေနဲ့ အတူတူနေချင်သေးတယ်။ ဦးပိုင်ဆိုင်တာအားလုံးက သဲတယောက်ထည်းအတွက်ပဲ။ သဲကို ဦးစိတ်ချရတဲ့သူနဲ့ပဲ ထားခဲ့ချင်တယ်သမီးရယ်"
"ခဏလေးပါ ဦး လွန်းတခုလောက်ပြောလို့ရမလား"
သဲဖေဖေက လွန်းကို ခေါင်းငြိမ့်ပြသည်။
"ဦး ပြောတာတွေထဲမှာ သဲစိတ်ချမ်းသာဖို့ သဲပျော်ရွင်ဖို့ဆိုတာတွေကို ထည့်တွက်ဖို့ မေ့နေမှာစိုးလို့ပါ"
သဲဖေဖေက လွန်းကိုပြုံးပြီးသာကြည့်နေသည်။
"သမီးတို့က ခုဖြစ်နေတာကို အချစ်လို့ထင်နေကြတာလား။ သဲက သမီးကို ချစ်တယ်လို့ ထင်နေတာလား"
လွန်း သဲဖေဖေကို လှမ်းကြည့်လိုက်သည်။
"သဲက သမီးကို တွယ်တာလွန်းပြီး သူဒါကိုအချစ်လို့ထင်နေတာပါ။ သမီးနဲ့ အနေဝေးသွားရင် သဲလဲ စိတ်ပြောင်းသွားမှာပါ။ နောက်တော့လဲ သူ့ဘဝမှန်မှာ သူပျော်ရွင်လာမှာပါ။ သမီး သဲကို အဆက်သွယ်ဖြတ်ပေးဖို့ ဦး အလေးအနက်တောင်းဆိုပါတယ်ကွယ်"
လွန်း မျက်ရည်မကျမိအောင် အတက်နိုင်ဆုံးထိန်းထားနေရသည်။
"သမီးအတွက် ဦး ဘာပြန်လုပ်ပေးမလဲဆိုတာ..."
"တော်ပါတော့ ဦးရယ်။ လွန်း ဘာကိုမှ မမက်ပါဘူး။ သဲနဲ့တော့ လမ်းခွဲမပေးနိုင်ဘူး။ သဲစိတ်ဆင်းရဲရမှာကို သမီး မလိုလားဘူး"
"သမီးက ဦးပြောတာတွေ နားမလည်ဘူးပဲ။ သမီး မိဘတွေနဲ့ ဆွေးနွေးရမယ်ထင်တယ်"
လွန်းမျက်ရည်ကျလာတော့သည်။
"ဦး သဲကို အင်္ဂလန်မှာ ကျောင်းဆက်တက်ခိုင်းမယ်။ သဲ အင်္ဂလန် သွားဖို့ မသွားဖို့က သမီးအပေါ်မူတည်နေတယ်။ ဦးလဲ သမီးမိဘတွေနဲ့ မတွေ့ချင်ပါဘူး။ "
"လွန်း သဲနဲ့ လမ်းခွဲပေးပါ့မယ်။ ဦး ကျေနပ်တယ်မလား"
သဲဖေဖေ ရုံးခန်းထဲက လွန်း အပြေးလေးထွက်လာလိုက်သည်။ ကျနေတဲ့ မျက်ရည်တွေကို သုတ်ပြီး အိမ်ပြန်လာလိုက်ပြီး အခန်းထဲဝင်ကာ အားရပါးရငိုချလိုက်မိသည်။
မမ ဘာလုပ်ရမလဲ သဲရယ်.........
လွန်းသေချာစဥ်းစားလိုက်တော့ သူ့မှာ ခုထိကျောင်းမပြီးသေး။ သဲကို တာဝန်ယူနိုင်တဲ့ အင်အားသူ့မှာမရှိ။ သဲဖေဖေလို သဲကို လိုလေးသေးမရှိအောင် သူမထားနိုင်။
လွန်းမှာ ရွေးချယ်စရာမရှိတော့။
YOU ARE READING
BAD GIRL 2
Romanceမမ အဆင်ပြေတယ်ဆိုလဲ သဲကျေနပ်ပါတယ်။ ဒါပေမယ့် သဲကို မမထားခဲ့တဲ့အတွက် မမကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မမဘဝမှာ မျော်လင့်မိတာလေးတစ်ခုပဲရှိပါတယ် အဲ့တာ သဲ အမြဲအဆင်ပြေနေစေဖို့ဆိုတာပါပဲ။ မမ သဲကိုအရမ်းချစ်တယ်နော်.......