2

141 11 0
                                    

ဒိုယောင်း၊ထယ်ယုံးနဲ့ယောင်းဟိုတို့စသိခဲ့တာကြတာ ဒိုယောင်းလူမှန်းသိတတ်စအရွယ်ကတည်းကဖြစ်သည်။
မိဘတွေအချင်းချင်းကလည်းရင်းနှီးကြတာမို့
သုံးယောက်မှာအမြဲတတွဲတွဲရှိသည်။
ထယ်ယုံးနဲ့ယောင်းဟိုက ဒိုယောင်းထက်ကြီးကြပေမယ့်
သူတို့ကိုအစ်ကိုလို့မသတ်မှတ်နိုင်ပါဘူးဆိုတဲ့ ဒိုယောင်းက အမြဲနာမည်ကိုသာခေါ်တတ်သည်။
ကျောင်းတတ်ရမယ့်အရွယ်ရောက်လာတော့လည်း ထယ်ယုံးနဲ့ယောင်းဟိုက ကျောင်းမှာဒိုယောင်းတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းကိုတစ်နှစ်နောက်ကျပြီးမှ ဒိုယောင်းနဲ့အတူတူတက်ခဲ့ကြသည်။
အဲ့လိုအတူတူကြီးပြင်းလာတဲ့သူတို့ကြားထဲ အက်ကြောင်းစထင်လာရတာက အလယ်တန်းဒုတိယနှစ်မှာစတင်ခဲ့သည်။

အရပ်ရှည်ပြီး ချိုသာနွေးထွေးတဲ့ကောင်လေးဖြစ်တဲ့ ယောင်းဟိုက ကျောင်းကအတန်းတူသူငယ်ချင်းတွေကြားမှာရော စီနီယာတွေကြားမှာပါ ရေပန်းစားလှသည်။
ဒိုယောင်းလည်းအရပ်ရှည်ပြီးချောတဲ့ကောင်လေးဆိုပေမယ့် အနေအေးတာမို့ တော်ရုံတန်ရုံလာစကားမပြောကြ။
ထယ်ယုံးကလည်း ကျောင်းဂုဏ်ဆောင်ကျောင်းသားဖြစ်တဲ့အပြင် ဘုရားပေးထားတဲ့မျက်နှာလှလှလေးလဲပိုင်ဆိုင်ထားတာမို့
နာမည်ကြီးလှပေမယ့် အမြဲမျက်နှာထားတည်တည်နေတတ်တာမို့ ရှိန်ပြီးမချည်းကပ်ရဲကြ။
သုံးယောက်ကြားတွင် မျက်နှာအချိုဆုံး သဘောအကောင်းဆုံးဖြစ်တဲ့ ယောင်းဟိုကို ကောင်မလေးတွေစာလာပေးတာကို မြင်ရတာများလာတဲ့အခါ
ထယ်ယုံးစိတ်ထဲမှာ သဝန်တိုမှုအစိုင်အခဲလေးတစ်ခုဖြစ်တည်လာရသည်။

အခုလည်းကြည့် အခန်းတံခါးဝမှာကောင်မလေးတစ်ယောက်နဲ့ ရယ်ရယ်မောမောစကားပြောနေတဲ့ ယောင်းဟိုကိုကြည့်ပြီး ထယ်ယုံးမျက်ခုံးတို့ကို တွန့်ချိုးထားမိသည်။
ဘေးမှာထိုင်နေတဲ့ ဒိုယောင်းကိုလှည့်ကြည့်မိတော့ သင်္ချာထိုင်တွက်နေတာများ လောကကြီးဘာဖြစ်ဖြစ်သူနဲ့ဘာမှမဆိုင်သလို။

“ ကင်မ်ဒိုအီ မင်း သင်္ချာပဲတွက်နေမှာလား ”

ထယ်ယုံးစကားကြောင့် သင်္ချာကုန်းတွက်နေတဲ့ ဒိုယောင်းကအူကြောင်ကြောင်လေးမော့ကြည့်ရှာသည်။
ငါဘာလုပ်မိလို့လဲ‌ဆိုတဲ့မျက်နှာပေးလေးနဲ့။

Hopeless Romantic Where stories live. Discover now