14

105 8 5
                                        

ဒုံဟျော့ပြောပြတဲ့ဇာတ်လမ်းရှည်ကြီးကိုနားထောင်ပြီးနောက် ယောင်းဟိုမလှုပ်မယှက်ထိုင်နေမိတာ တစ်နာရီခန့်ရှိလေပြီ။
သူ့ရှေ့ကကော်ဖီခွက်လည်းအေးစက်နေပြီဖြစ်သလို ဒုံဟျော့ထိုင်ခဲ့တဲ့ခုံသည်လည်းအေးစက်နေပြီဖြစ်ပေမယ့်
သူကတော့ထွက်သွားဖို့ရာစိတ်ကူးမရှိသေး။
သူ့ခြေထောက်တွေမှာ မတ်တပ်ရပ်ဖို့ရာအားမရှိသေးလို့ပြောရင် ပိုမှန်မလားပဲ။
သူမရှိတဲ့နှစ်နှစ်ဆယ်ကျော်ကာလကို ဒိုယောင်းကသူထင်တာထက်ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရတာကိုတွေးမိတော့ အားနာလာရသလို နောင်တလည်းရမိသည်။
တကယ်ဆို ဒိုယောင်းနဲ့အဆက်အသွယ်ပြတ်သွားကတည်းက သူစုံစမ်းခဲ့သင့်တာပင်။

ဒိုယောင်းဆေးရုံကပြန်လာတော့ အိမ်တစ်ခုလုံးမှောင်မည်းနေတာကြောင့် အံ့ဩသွားမိသည်။
အိမ်ထဲဝင်လာရင်းနဲ့
“ ယောင်းဟိုတို့အပြင်သွားတာများလား ”ဆိုပြီး တစ်ယောက်တည်းတွေးမိနေတုန်း အနောက်ကနေသိမ်းကြုံးအဖက်ခံလိုက်ရတာမို့ လန့်သွားရပေမယ့် ပုခုံးပေါ်ကိုမျက်ရည်စက်တွေလာစိုတာမို့ ပိုလန့်သွားရသည်။

“ ရား ဘာဖြစ်လာတာလဲ ”

“ တောင်းပန်ပါတယ် ငါ တကယ်မသိခဲ့ဘူး ”

စကားအသွားအလာအရ ယောင်းဟိုအကုန်သိသွားခဲ့ပြီဖြစ်ကြောင်းရိပ်စားမိတာမို့ ဒိုယောင်းငြိမ်သက်သွားရသည်။
ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ သူမတွေးတတ်တော့။

“ မင်းအပြစ်မဟုတ်ပါဘူး ဒီအတိုင်း.... ဒီအတိုင်း ငါကကံဆိုးခဲ့ရုံပါပဲ ”

‌ယောင်းဟိုကျောပြင်ကို ခပ်ဖွဖွပြန်ပုတ်ပေးနေတဲ့ ဒိုယောင်းရဲ့ပုံစံကိုကြည့်ပြီး ထယ်ယုံးဝမ်းနည်းသွားရသည်။
အရင်လိုပဲ ယောင်းဟိုနဲ့ယှဉ်ရင် ထယ်ယုံးကရှုံးနိမ့်နေရဆဲပင်။
.
.
.

ဒိုယောင်း ထယ်ယုံးကိုမတွေ့တော့တာ တစ်ပတ်ခန့်ရှိလေပြီ။
ကျောက်ပတ်တီးဖြည်တဲ့နေ့ကတည်းက အိမ်ပြောင်းသွားတဲ့ထယ်ယုံးက သူ့ရှေ့ကိုအရိပ်အယောင်လေးတောင်မှရောက်မလာ။
အတိတ်တုန်းကအတိုင်း သူ့ကိုတိတ်တဆိတ်ထားသွားခဲ့ပြန်လေပြီ။
ထမင်းစားဖို့ထိုင်နေပေမယ့် ဒိုယောင်းအတွေးတွေက ဟိုလွင့်ဒီလွင့်ဖြစ်လို့နေသည်။
သူကထယ်ယုံးအတွက် ဘယ်လောက်ထိတန်ဖိုးမရှိတာလဲဆိုတာ တွေးမိတော့ ထမင်းပင်စားမဝင်နိုင်တော့။
ထယ်ယုံးပြောသလိုပဲ အချိန်ကာလတွေကတောင် သူတို့ကိုပြောင်းလဲဖို့ရာ မစွမ်းနိုင်ခဲ့ဘူးထင်ပါသည်။

Hopeless Romantic Where stories live. Discover now