ယောင်းဟိုအမေရိကားကိုထွက်မသွားခင်တစ်ရက်
ဒီနေ့ကတော့ ထယ်ယုံးနဲ့ဒိုယောင်းက ယောင်းဟိုရဲ့အိမ်မှာရောက်နေကြတာဖြစ်သည်။
တစ်ပတ်ဆိုတဲ့အချိန်ကာလအတွင်း မလုပ်ခဲ့ဖူးတဲ့အရာတွေအကုန်လုပ်ကြရင်း အမှတ်တရတွေအများကြီးဖန်တီးခဲ့ပေမယ့် အချိန်တွေကမလောက်ငှသလိုပင်။ဒီနေ့ကတော့ သူငယ်ချင်းသုံးယောက်ရုပ်ရှင်သွားကြည့်ဖို့စီစဉ်ထားခြင်း။
အင်း... အတိအကျပြောရရင် ဒိုယောင်းမုန်းလှပါသော သရဲကား။ ရုပ်ရှင်ရုံရောက်တော့ ဒိုယောင်းကိုအလယ်မှာထားရင်း ရုပ်ရှင်ကြည့်ဖို့ကြံနေတဲ့ နှစ်ယောက်ကြောင့် ဒိုယောင်းမျက်လုံးကိုလှမ့်လိုက်မိသည်။
သေချာတယ် သူ့ကိုအလယ်မှာထားပြီး အပြင်ရောက်တာနဲ့သူလုပ်ခဲ့သမျှကို ပြန်လုပ်ပြပြီး လှောင်ကြတော့မှာ။“ ငါ ဒီဘက်ထောင့်မှာထိုင်မှာမို့ မင်းအလယ်ကိုတိုး အီထယ်ယုံး ”
“ မလုပ်ချင်ဘူး မင်းကကြောက်တတ်တာမလား အလယ်မှာနေ ကိုကိုတို့နှစ်ယောက်ကမင်းကိုကာကွယ်ပေးမှာ ”
ရှီဘား မင်းတို့ကောင်တွေ နဂိုကတည်းက သရဲကားမရွေးခဲ့ရမှာ
အဲ့နှစ်ယောက်ကိုမလွန်ဆန်နိုင်တဲ့ဒိုယောင်းက နောက်ဆုံးတော့လည်း အလယ်မှာပဲထိုင်လိုက်ရတော့သည်။
ဒီနေ့ကျမှ ထူးထူးခြားခြား ဒိုယောင်းကိုပိုဂရုစိုက်ပေးနေတဲ့ နှစ်ယောက်ကြောင့် ဒိုယောင်းမှာသက်ပြင်းခိုးချရသည်။
ဆောယောင်းဟိုကတော့ သွားရတော့မှာမို့လို့ ထားတော့
အီထယ်ယုံးကပါ အရမ်းဂရုစိုက်ပြနေတော့ ဒိုယောင်းမှာအနေခက်လှသည်။“ မင်းတို့နှစ်ယောက် ဒီနေ့လာဖြစ်နေကြတာလဲဟင် ”
ရုပ်ရှင်ကြည့်လို့အပြီး နေ့လည်စာစားရင်း ထုတ်မေးမိတဲ့စကားပင်။
“ ငါကငါတို့ဒိုအီလေးနဲ့ခွဲရတော့မှာမို့လို့ စိတ်မကောင်းလို့လေ ”
“ ရှေ့လျှောက် ငါတို့နှစ်ယောက်ပဲရှိတော့မှာမို့လို့ ပိုဂရုစိုက်ပေးသင့်တယ်လို့တွေးမိလို့ ”