ဆေးရုံကပြန်လာတဲ့လမ်းမှာ မတော်တဆမှုတစ်ခုဖြစ်သွားတယ်ဟု သိလိုက်ရတာကြောင့် ဆရာဝန်တစ်ယောက်ရဲ့ဉာဉ်အတိုင်း ဒိုယောင်းအုံနေတဲ့လူတွေကြားထဲအပြေးဝင်သွားမိသည်။
“ နည်းနည်းလေးဖယ်ပေးကြပါ။ ကျွန်တော်ဆရာဝန်ပါ။ လူနာကိုကြည့်ပေးချင်လို့ပါ ”
ဆရာဝန်ဟူသောအသိကြောင့် အုံနေတဲ့သူတွေနည်းနည်းနောက်ဆုတ်ပေးသွားမှ ကားထဲပိတ်မိနေတဲ့လူကို ဆွဲထုတ်ပေးဖို့လုပ်ရသည်။
ကားထဲကလူကမေ့မြောနေတာကြောင့် အနားကလူတွေနဲ့အကူအညီနဲ့ ကားတံခါးကိုဖျက်ဆီးကာ လူနာကိုဆွဲထုတ်ရသည်။
အပြင်ဘက်ရောက်လာမှ သူ့လက်ပေါ်မှာမေ့မျောနေတဲ့လူကိုကြည့်ပြီး ဒိုယောင်းကမ္ဘာကြီးရပ်တန့်သွားသလိုခံစားလိုက်ရသည်။
စက္ကန့်ပိုင်းစာလောက်ကလေးသတိလက်လွတ်ဖြစ်ပြီးမှ သူ့ကိုယ်သူဆရာဝန်တစ်ယောက်ဆိုတဲ့အသိပြန်ကပ်သွားတာမို့ လိုအပ်တဲ့အရေးပေါ်ကုသမှုတွေဆောင်ရွက်ပေးနေချိန်မှာ လူနာတင်ယာဉ်ရောက်လာတာမို့လို့ လူနာတင်ယာဉ်နဲ့အတူ ဆေးရုံကိုပြန်ပါသွားရသည်။တာဝန်ကျဆရာဝန်လက်ထဲ လူနာကိုလွှဲအပ်ပေးပြီးမှ ဒိုယောင်းဆေးရုံအပြင်ဘက်ကိုပြန်ထွက်လာကာ ခုံတန်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်။
“ ဒိုယောင်း ကော်ဖီ ”
နောက်ကရောက်လာတဲ့ထယ်အီဟျောင်းက ကော်ဖီတစ်ခွက်ကမ်းပေးတာကြောင့် ဒိုယောင်းတစ်ငုံယူသောက်လိုက်သည်။
“ အခုရောက်လာတဲ့လူနာက အဲ့တစ်ယောက်မလား
ငါ့အိမ်ရဲ့အရင်ပိုင်ရှင် ”အတိအကျကြီးထုတ်မေးလာတဲ့ ထယ်အီဟျောင်းကြောင့် ဒိုယောင်းအသာအယာသာခေါင်းငြိမ့်ပြလိုက်မိသည်။
ဒီအစ်ကိုရဲ့မှတ်ဉာဏ်ကောင်းလိုက်ပုံက တကယ်စံပါပဲ။“ အာအီဂူး ငါတို့ဆရာဂျဲနိုကတော့ ခုရက်ပိုင်း ပြိုင်ဘက်တွေတစ်ယောက်ပြီးတစ်ယောက်ပေါ်လာတာပဲ ”
ရုတ်တရက်ဂျဲနိုနာမည်ကိုအစဆွဲထုတ်လာတဲ့ ထယ်အီဟျောင်းကြောင့်
ဒိုယောင်းနည်းနည်းစိတ်ရှုပ်သွားရသည်။
ဂျဲနိုနဲ့သူနဲ့ကပုံမှန်ပါပဲ။ ဂျဲနိုကဒုံဟျော့သူငယ်ချင်းဖြစ်လို့ကျန်တဲ့ဆရာဝန်တွေထက် နည်းနည်းလေးကိုရင်းနှီးနေတာကလွဲလို့ပေါ့။
ဒါကိုဆေးရုံကဆရာမတွေရော ဆရာဝန်တွေရောက အတွဲလို့ထင်နေကြလဲဆိုတာ မတွေးတတ်ပါ။
![](https://img.wattpad.com/cover/333535506-288-k143213.jpg)
YOU ARE READING
Hopeless Romantic
FanfictionJust live your life or be my wife Just what you wanna be