ဒိုယောင်းအိမ်ကိုအတော်လေးနောက်ကျမှပြန်လာခဲ့သည်။
အမှန်ဆို သူပြန်တောင်ပြန်မလာချင်ပေမယ့် မွန်းထယ်အီက အိမ်ရှေ့အထိအရောက်လာပို့သွားတာမို့ မဖြစ်မနေပြန်ရောက်လာရခြင်း။
တစ်အိမ်လုံးတိတ်ဆိတ်နေမှ စိတ်အေးသက်သာစွာအိမ်ထဲဝင်နိုင်တော့သည်။
ရန်သူတွေလမ်းကျဉ်းထဲမှာတွေ့တယ် ဆိုတဲ့စကားက ဒိုယောင်းဆီမှာ လက်တွေ့ဖြစ်လာလေပြီ။
လှေကားထိပ်အရောက်မှာ အီထယ်ယုံးနဲ့တည့်တည့်တိုးလေခြင်း။
ဘယ်လိုလုပ်ရမလဲဗျာများနေတုန်း ယောင်းဟိုကအခန်းထဲကထွက်လာလို့သာတော်တော့သည်။“ ဒိုအီနောက်ကျတာပဲ။ ညစာစားပြီးပြီလား။ ”
“ အင်း ဂျူတီလဲခါနီးမှအရေးပေါ်လူနာရောက်လာလို့
ညစာကဆေးရုံကန်တင်းမှာပဲစားလာလိုက်တယ်
ဒါဆိုငါနားတော့မယ်နော် နည်းနည်းပင်ပန်းနေလို့ ”“ အင်း ရေကိုအကြာကြီးချိုးမနေနဲ့ဦး ”
ဒိုယောင်းအခန်းထဲရောက်တာနဲ့ ပုံလျက်သားလေးထိုင်ချလိုက်မိသည်။
ထယ်ယုံးရှေ့မှာ အသံတွေမတုန်အောင် ဘယ်လောက်တောင်ထိန်းချုပ်ခဲ့ရလဲဆိုတာ သူကိုယ်တိုင်သာသိသည်။
စိတ်ကုန်စရာကောင်းလောက်အောင်
ပါးပြင်ပေါ်ကို ပူနွေးနွေးအရည်တွေစီးကျလာတော့ လက်ခုံနဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်မိသည်။
နှစ်တွေကြာတာတောင် သူကထယ်ယုံးနဲ့ပတ်သက်ရင် မျက်ရည်လွယ်တဲ့သူဖြစ်နေဆဲပင်။အခန်းထဲဝင်သွားတဲ့ ဒိုယောင်းရဲ့ပုံရိပ်လေးကို ထယ်ယုံးတမေ့တမောလိုက်ကြည့်နေမိသည်။
သူ့ကိုမြင်ပြီး အံ့ဩသွားတာကို မျက်လုံးဝိုင်းဝိုင်းလေးတွေက သက်သေပြပေမယ့် အဖတ်လုပ်ပြီးစကားပြောမသွားတာကြောင့် စိတ်မကောင်းဖြစ်ရပေမယ့် သူ့မှာစိတ်မကောင်းဖြစ်ခွင့်လေးတောင်ရှိမနေပါ။“ အရမ်းဝမ်းနည်းမနေပါနဲ့ မတွေ့တာကြာလို့စိမ်းသွားတာပါ
ငါနဲ့ပြန်တွေ့တုန်းကလဲအဲ့အတိုင်းပဲ တစ်လမ်းလုံးငါကချည်းပဲစကားတွေလိုက်ပြောရတာ ”ယောင်းဟိုကတမင်နှစ်သိမ့်ပေးနေမှန်းသိတာမို့ လျော့ရဲရဲအပြုံးတစ်ပွင့်သာ ပြန်ပြုံးပြလိုက်နိုင်သည်။

YOU ARE READING
Hopeless Romantic
Fiksi PenggemarJust live your life or be my wife Just what you wanna be