11

116 12 1
                                    

“ မင်းဘယ်မှာနေဖို့စီစဉ်ထားလဲ ”

“ အစကဟိုတယ်မှာခဏနေပြီး အိမ်ရှာဖို့လုပ်ထားတာ ခြေထောက်ထိသွားတော့ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ဘူး ”

သူ့ကိုစူးစိုက်ကြည့်လာတဲ့ယောင်းဟိုရဲ့အကြည့်ကြီးက မယုံသင်္ကာဖြစ်နေမှန်းသိသာလှတာမို့ ထယ်ယုံးမသိမသာအကြည့်လွှဲလိုက်ရသည်။
တကယ်လည်း သူလိမ်လိုက်တာမို့လို့။

“ မတတ်နိုင်ဘူး ဆေးရုံမှာပဲခဏနေလိုက်ဦးပေါ့ ငါအိမ်ရှာလိုက်ဦးမယ် အိမ်ရမှဆေးရုံကဆင်းပေါ့ ”

တွေး‌တွေးဆဆပြောလာတဲ့ယောင်းဟိုစကားကို ထယ်ယုံးစိတ်မပါလက်မပါခေါင်းသာငြိမ့်လိုက်ရသည်။

ယောင်းဟိုပြန်သွားတော့ ထယ်ယုံးချိုင်းထောက်အားကိုးဖြင့် အခန်းအပြင်ထွက်ခဲ့လိုက်သည်။
ဆေးရုံအပြင်ဘက်ထိထွက်လာပြီးမှ ဆေးရုံပန်းခြံလေးထဲမှ ခုံတန်းရှည်လေးပေါ်ထိုင်ပြီး ဆိုးလ်ရဲ့လေကိုသေချာရှူရှိုက်မိသည်။
နှစ်တွေကြာတာတောင် ရင်းနှီးကျွမ်းဝင်တဲ့ခံစားချက်မပြောင်းလဲတာက မွေးရပ်မြေမို့လို့လားပဲမပြောတတ်ပါ။
အချိန်ဘယ်လောက်ထိကြာသွားတယ်မသိ ပတ်ဝန်းကျင်ကိုသတိထားမိတော့ အတော်လေးမှောင်နေလေပြီ။

“ အခန်းထဲမှာ‌မတွေ့လို့လိုက်ရှာနေတာ ဒီကိုရောက်နေတာပဲ ”

အနောက်အသံကြားလို့လှည့်ကြည့်လိုက်တော့ နေ့လည်တုန်းကလာကြည့်သွားတဲ့ဆရာဝန်ဖြစ်နေတာမို့ ထယ်ယုံးပြုံးပြလိုက်သည်။

“ ဆရာ ”

“ ဘယ်လိုနေလဲ နေသာရဲ့လား ”

“ ဟုတ်ကဲ့။ ညနေကဆရာတစ်ယောက်လာကြည့်သွားသေးတယ်။ ဆရာအစည်းအဝေးသွားလို့ဆိုပြီး ”

“ ဟုတ်လား။သူပြောတယ်မလား။ အဆင်ပြေရင်ဆေးရုံဆင်းလို့ရပြီဆိုတာ ”

“ ဟုတ်ကဲ့ ပြောပါတယ်။ ဒါနဲ့ဆရာ ကျွန်တော့ကိုကယ်ခဲ့တဲ့ဆရာဝန်ဆိုတာက မဟုတ်မှ ဒေါက်တာကင်မ်ဒိုယောင်းလား ”

“ ကျွန်တော်ပြောခဲ့တယ်မလား ကယ်ခဲ့တဲ့ဆရာဝန်က သူဘယ်သူလဲဆိုတာ ထယ်ယုံးရှီကိုမသိစေချင်ပါဘူးလို့ ”

Hopeless Romantic Where stories live. Discover now