ဒိုယောင်းဆေးရုံသွားဖို့ပြင်ဆင်ပြီး အပြင်ထွက်လာချိန်မှာ ဒုံဟျော့နဲ့ယောင်းဟိုက ထမင်းစားပွဲမှာအဆာပြေစားနေခဲ့ပြီဖြစ်သည်။
“ ညကျရင်ပြန်လာမှာလား ဟျောင်း ”
“ ဟင့်အင်း ဒီညထယ်အီဟျောင်းကိုနိုက်ဂျူတီဝင်ပေးမယ်လို့ ကတိပေးထားတယ် မနေ့ကခွင့်ယူထားတာမို့လို့ ”
ဒုံဟျော့နဲ့ဒိုယောင်းရဲ့စကားဝိုင်းမှာ ယောင်းဟိုကဘာမှဝင်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ မနက်စာဆက်စားနေလေသည်။
“ ယောင်းဟိုဟျောင်း ဟျောင်းရောဘာလုပ်ဖို့ရှိသေးလဲ ”
“ ငါလား ငါကကုမ္ပဏီကိစ္စအတွက် အန်တီနဲ့သွားတွေ့ဖို့ပဲရှိတယ် ”
“ ဒါဆို ကျွန်တော်နဲ့အတူတူသွားရအောင် ကျွန်တော်လည်းကုမ္ပဏီသွားရမှာဆိုတော့ လမ်းတူနေတာပဲဟာ ”
“ ဒါဆို နှစ်ယောက်ဆိုတော့ ကားယူသွားလိုက်လေ ဟျောင်းတက္ကဆီငှားသွားလိုက်မယ် ”
“ မဟုတ်တာ ကျွန်တော်တက္ကဆီငှားသွားလိုက်မယ် ”
“ မဟုတ်တာ ယူထားလိုက် ယောင်းဟိုလည်းလိုက်မှာဟာကို
ပြီးတော့ ဟျောင်းကဒီညပြန်လာမှာမှမဟုတ်တာ ယူထားလိုက် သွားတော့မယ် ”ကော်ဖီသောက်တာကိုလက်စသတ်ပြီး ထသွားတော့မယ့်ဒိုယောင်းလက်ကို ဒုံဟျော့ကလှမ်းဆွဲပြီးတားသည်။
“ ဟျောင်းထမင်းဗူးယူသွားဦး ညစာလည်းစားဖြစ်အောင်စားနော်
ကျွန်တော်ထယ်အီဟျောင်းကိုဖုန်းဆက်မေးမှာ ”ထမင်းသေချာမစားမှာစိုးလို့ မှာနေတဲ့ ဒုံဟျော့ရဲ့ဆံပင်လုံးလုံးလေးကို ဒိုယောင်းထိုးဖွပစ်လိုက်သည်။
“ သိပါတယ် နောက်ကျတော့မယ် သွားပြီ ”
ဒိုယောင်းထွက်သွားမှ ယောင်းဟိုကဒုံဟျော့ကိုစကားဆိုသည်။
“ ဒုံဟျော့ရော အန်တီရောက ဒိုအီ့ကိုတအားဂရုစိုက်ကြတာပဲ ”
“ အင်း ကျွန်တော်တို့က ဒိုယောင်းဂီဟျောင်းကိုချစ်တာမို့လို့လေ ”
“ ခံစားမိပါတယ်။ တကယ့်မိသားစုမဟုတ်ပေမယ့် မိသားစုလိုမျိုးခံစားချက် ”
![](https://img.wattpad.com/cover/333535506-288-k143213.jpg)
YOU ARE READING
Hopeless Romantic
أدب الهواةJust live your life or be my wife Just what you wanna be