Silent Kiss တိတ်တခိုးအနမ်း - 4

604 49 2
                                    


ဂျောင်ဂုအိပ်ရေးမဝသေးတဲ့ ခေါင်းတို့ကြောင့် စိတ်တို့ကနောက်ကျိနေရသည် ..

မှောင်တော‌မည်းတောထဲမှာ ဆိုင်ကယ်မီးထိုးပြီးသွားရတာလည်း မလွယ်ကူလှပါ " လမ်းကလဲ မြေနီလမ်းမို့ ဖုန်ကထူ‌သေး

တစ်လမ်းလုံး တောက်ခေါက်လိုက် မောင်းလိုက်ဖြင့်သာ ကော်ဖီခြံထဲရောက်လာခဲ့သည် ..

" အယ် အကိုလေး အစောကြီး- "

" တံခါးဖွင့် ! "

ခြံစောင့်ကိုစိတ်မရှည်စွာ‌ ဘောက်စက်စက်ငေါက်ခဲ့ရင်း ဆိုင်ကယ်ကိုခြံအတွင်းထဲထိ မောင်းဝင်လာခဲ့သည် ..

ခြံထဲမှာတော့ hyung ရဲ့ ထပ်မံတိုးချဲ့ထားပုံရတဲ့ Café - Bar တစ်ခုပါ ရှိ‌လို့နေသည် ..

သူဆိုင်ထဲဝင်လာတာနဲ့ ဝန်ထမ်း လေးငါးယောက်က ခခယယပင် ကြိုဆိုတော့သည် ။

အဲ့ထဲမှာမှ ‌hyung ပြောပြထားတဲ့ မန်နေဂျာကောင်လေးကိုလည်း တွေ့ရသည် ..

ဆိုင်ရဲ့အတွင်းထဲရောက်တော့ ဧည့်ခန်း ဆိုဖာပေါ်မှာ ထိုင်ချလိုက်ကာ လေပူတွေကိုမှုတ်ထုတ်လိုက်သည် ..

ဘာကိစ္စခြံကိစ္စတွေအထိလိုက်လုပ်ရမာလဲလို့ ခပ်ညစ်ညစ်တွေးလိုက်ပေမယ့် daddy ထက် နမ်ဂျွန်း hyung ကိုပိုကြောက်နေရလို့ပင် ..

ခေါင်းထဲဝင်လာတဲ့ အကြောင်းအရာတစ်ချို့က ညကအိမ်မက်ဆီ

အိမ်မက်ထဲမှာ သူက ဟိုဘက်ခြံက ဒေါက်တာပေါက်စလေးရဲ့မျက်ဝန်းလှလှလေးတွေကို အနီးကပ်မြင်ခွင့်ရလိုက်သည် ..

သူ့အတွေးနဲ့သူ ပြုံးလိုက်မိတုန်းမှာ

ဖုန်းထဲက မက်ဆေ့ခ်ျသံကြောင့် ဖုန်းဖွင့်ကြည့်‌တော့ ..

" ဂျောင်ဂု မင်းကိုငါ ခြံထဲဆင်းခိုင်တာ ဆိုင်ထဲမဟုတ်ဘူး "

နမ်ဂျွန်း hyung ရဲ့ မက်ဆေ့ခ်ျကိုဖတ်ပြီး အပေါ်ကို‌မော့အကြည့်မှာ စီစီတီဗီနဲ့ တည့်တည့်တိုးသည် ..

ကျစ် * ငရဲခန်းပဲ ဂျွန်ဂျောင်ဂုရေ !

ဆေးခန်းမှာ မနက်စောစောစီးစီးကတည်းက ‌ဟိုပြေးရဒီပြေးရဖြင့် တစ်ယောက်တည်း ယောက်ယပ်ခက်လို့ ပြေးလွှားနေရသည် ..

SILENT KISS | Season - 1Where stories live. Discover now