Silent Kiss တိတ်တခိုး အနမ်း - 𝙴𝚙𝚒𝚜𝚘𝚍𝚎 12

420 34 2
                                    


" မမ "

" မမသျှား ဂျူးပြောနေတာကော ကြားရဲ့လား "

" ဟမ် အင်း ဘာ .. ဘာကိုလဲ "

မူကိုမမှန်ချင်သော သျှားယွန်းကို ဂျူးသံစဉ်တစ်ချက်တော့ကြည့်ပေးလိုက်သည် ..

ဒီအစ်မဒီရက်ထဲတစ်ခုခုတော့တစ်ခုခုပင် စိတ်နဲ့လူနဲ့ပဲမကပ်သည်လား စိတ်ကတစ်ခြားပဲရောက်နေလားမသိ

အမြဲလိုလိုမျက်ဝန်းဝိုင်းလေးဖြင့် မှိုင်တွေကာတစ်စုံတစ်ခုကို သည်းကြီးမည်းကြီးစဉ်းစားလို့နေတိုင်း ပါးဖွေးဖွေးက

တဖြေးဖြေးရဲ"တက်လာသည် ။

ဆေးခန်းကနေလဲနေ့တစ်ပိုင်းလောက်ကတည်းက အိမ်ကိုအ‌စောကြီးပြန်ပြန်လာသည် ..

မဟုတ်သေးပါဘူး ဒီလိုအလုပ်ကြိုးစားတဲ့အစ်မက ဒီလိုဖြစ်နေတာအကြောင်းအရင်းတစ်ခုတော့ရှိမာပဲ ..

ညနေပိုင်းတွေမာအတွေ့မခံချင်တဲ့ သူရှိ‌နေလို့လား ..?

" မြို့ထဲက ATM မှာ ပိုက်ဆံသွားထုတ်မလို့လိုက်ခဲ့ပါလား လို့"

" ဟို ... ."

" ဟိုမလုပ်ပဲ လိုက်ကိုလိုက်ရမယ် ညီမလေးတစ်ယောက်ထဲ ဘယ်လိုသွားမလဲ ? ဖွားကဆူ‌အုံးမယ် ပြီးရင် " 

" ဘယ်လောက်လိုတာမို့လဲ ငါ့ပိုက်ဆံယူသုံးလေ .."

" ဟင့်အင်း မမပိုက်ဆံနဲ့မလောက်ဘူး "

" ဒီလိုနဲ့ ဆိုးလ်ပြန်လို့အတန်းတက်ရင် ဘယ်ကပိုက်ဆံနဲ့လောက်တော့မာလဲ "

" ဟင့်အင်း လောက်တယ်‌ မမပိုက်ဆံနဲ့ပဲသုံးနေရတာ ညီမလေးလဲကြာတော့ အားနာတယ်

ဘာလဲ .. မဟုတ်မှ မမကအပြင်ထွက်လို့မရတဲ့ အကြောင်းတစ်ခုခုများရှိနေလို့လား ?"

" မ မဟုတ်ပါဘူး ကဲတော်ပါ ..လိုက်ခဲ့မယ် ဟုတ်ပြီလား"

" အွန်း "

ဂါဝန်ကိုယ်ကျပ်အနက်ဖြင့် မြို့ထဲလိုက်လာတဲ့ ညီမဖြစ်သူကြောင့် သျှားအထက်အောက်ကြည့်ကာ ခေါင်းလေးခါသည် ..

သူ့မာတော့ဖြင့် သာမန်ညအိပ်ဝမ်းစက်လေးဖြင့်သာ အနွေးထည် ဟူဒီအဝါကိုလည်း ဇစ်ခွဲထားကာ ထပ် ဝတ်လာ သေးသည် ..

SILENT KISS | Season - 1Dove le storie prendono vita. Scoprilo ora