Silent Kiss တိတ်တခိုး အနမ်း - 𝙴𝚙𝚒𝚜𝚘𝚍𝚎 29

381 32 3
                                    


သျှားဆေးခန်းကအပြန် message လေးကို ဖွင့်ဖတ်ကြည့်ရင်းမှ ‌အကြောင်သားလေးဖြစ်ရပြန်သည် ..

စက်ဘီးလေးကို ခြံရှေ့ထိတွန်းလာခဲ့ရင်း စက်ဘီးပေါ်တက်တော့ ချိန်းကြိုးအားချော်ထွက်သွားသဖြင့် စက်ဘီးအား

တစ်ချက်ကြည့်လိုက်သည် ..

" ချိန်းကြိုးကျသွားတာပဲ .. ဒုက္ခပါပဲ "

ဒီတိုင်းလေးတွန်းသွားရမလား ..

မောင့်ဆီကိုဖုန်းဆတ်ကြည့်တော့ ဆတ်သွယ်မှုဧရိယာပြင်ပ ရောက်နေတာမို့ အပူမကပ်တော့ပဲစက်ဘီးကို တွန်းပြီးလျှောက်လာဖို့ ဆုံးဖြတ်လိုက်တယ် ..

လမ်းကြားကအနည်းငယ်မှောင်တာမို့ ‌‌လမ်းတစ်ဝက်လောက်ရောက်ခါနီးမှာ စိတ်ကဘာရယ်မဟုတ် တစ်မျိုးဖြစ်လာပြန်တယ် ..

ရှေ့ဆတ်လျှောက်လာခဲ့ရင်း

ချွေးစတို့ကပြန်လာရကာ ‌လမ်းမီးတိုင်လေးကိုမော့အကြည့် အရှေ့ကအရိပ်တစ်ခုကိုတွေ့လိုက်ရတာမို့ ..

လန့်သွားကာ

" ဟင် မောင်လား?"

သျှားတို့အိမ်ကိုလည်း မြင်နေရပြီမို့ သိပ်မကြောက်တော့ပေမယ့်လို့ လှမ်းမြင်နေရတဲ့မောင်က တစ်ချက်ပဲမြင်လိုက်ရပြီး ဘယ်ရောက်သွားလဲမသိတာမို့ ..

နောက်တော့ စက်ဘီးကို သျှားတို့အိမ်ရှေ့တွင်ခနရပ်ကာ ‌မောင်တို့ခြံထဲဝင်လာခဲ့သည် ..

ခြံဝန်းတစ်ခုလုံးလဲ မီးမထွန်းပါမထွန်းဖြင့် မှောင်မည်းနေကာ အိမ်ထဲဝင်တော့လဲထိုသို့ပင် ။

ပိုဆိုးတာက မောင့်အရိပ်အယောင်ကိုမြင်တောင်မမြင်ရ ..

ခြံထဲမှာဆိုင်ကယ်ကော ရှိနေပေမယ့် မောင်က ..

* ခွမ်း

" ? ! မောင် မောင်ရှိနေတယ်မလားဟင် "

တိတ်ဆိတ်နေသောဧည့်ခန်းထဲကနေ မီးဖိုချောင်တွင်အသံကြားလိုက်သည်မို့ ခြေလှမ်းမှန်မှန်လေးဖြင့်လျှောက်လာခဲ့သည် ..

သို့သော် မောင့်ကိုမတွေ့

ဟိုဟိုဒီဒီလေးလိုက်ကြည့်နေပြီးမှ *ခွလွမ်း ဆိုသောအသံကြားလိုက်ပြန်သည်မို့ ဧည့်ခန်းဆီထွက်လာရပြန်သည် ..

SILENT KISS | Season - 1Wo Geschichten leben. Entdecke jetzt