" ဆရာမလေး သျှား တစ်ခုခုအလျင်လိုနေတာလား "" မ မဟုတ်ပါဘူး မဒီ .. ဒီနေ့စောစောပြန်မလားလို့ပါ "
ဆေးခန်းရောက်ပြီဆို ဘာကိုမှဂရုမစိုက်တော့ပဲ အလုပ်ထဲသာစိတ်ရောက်တတ်သူမို့ တစ်ခြားအကြောင်းအရာဆို တတ်နိုင်သလောက်မတွေးဖြစ် ..
သို့ပေမယ့် ဒီနေ့မာတော့ ကိုယ်ကိုယ်တိုင်ပင် သတိမထားမိပါပဲ ညကအကြောင်းအရာတစ်ချို့ကခေါင်းထဲပြန်ဝင်ရောက်လာတတ်သည် ...
ထို့ကြောင့် လက်အိတ်လေးကိုအမြန်ချွတ်ရင်း သတိလက်လွတ်ဖြစ်မိသည်ကို မဒီကမေးလာခြင်း ..
ဆေးခန်းလေးက အရင်ကထက်လည်းအတော်
နာမည်ရလာပြီ ။ နာမည်ကောင်းလဲ ပျံ့နေတာမို့ ခြံဝန်းထဲကို သေချာငေးမိရင်း ပြုံးမိသည် ..ခြံဝန်းထဲမှာ နေရာလွတ်မရှိရလေအောင်ကို ဆေးဆောင်အသစ်တွေထပ်ဆောက်ပြီး ပြီးပြည့်စုံတဲ့ ဆေးခန်းလေး ဆောက်ချင်မိတာ ..
အခုတော့ ငွေရေးကြေးရေးလဲ သိပ်မပြည့်စုံသေးတာမို့ ခြံဝန်းထဲ ဆေးဆောင်လေးနှစ်ဆောင်သာပင် ရှိသည် ..
အမှန်တိုင်းပြောရရင်လဲ ဒီဆေးဆောင်နှစ်ဆောင်ကိုပင် လက်မလည်အောင် ပြေးရသူကလည်း သူမကိုယ်တိုင်ပင်ဖြစ်ပါလေ့မည် ..
ညနေစောင်းလာသည်နှင့်အမျှ သူနာပြုတွေကလည်း အသီးသီးပြန်သွားကြသည် .. အခုတော့ မဒီရယ် သူမရယ်ပဲရှိတော့သည်။
" ဆရာမလေး ဒီနေ့စောစောပြန်မယ်ဆို ပြန်ပါ ..ကျမ တံခါးတွေလိုက်ပိတ်လိုက်ပါ့မယ်"
မဒီက ကောင်တာကပစ္စည်းတွေကို သိမ်းဆည်းရင်းက သျှားကိုပြောလာတော့ သျှားမှာသေချာလေးဖြေစရာမရှိ ခြံဝန်းထဲကိုသာ လှည့်"ကြည့်နေမိသည် ..
မနေ့က ဂျောင်ဂုရှီက လာမယ်လို့ပြောသွားတာ "..
အာ စိတ်ထဲအများကြီးထားမိနေတာပဲ ။
" ဆရာမလေး တွေ့ရမယ့်လူရှိသေးလို့လား .."
" အာ မဟုတ်ပါဘူး အခုပြန်တော့မယ် မဒီ ..."
မျက်နှာလေးမကောင်းဖြစ်သွားတဲ့ ဆရာမလေးကိုကြည့်ပြီး မဒီအတွေးလွန်သွားမိသည် ..
STAI LEGGENDO
SILENT KISS | Season - 1
Fanfictionချစ်မိတော့လဲ နယ်စွန်နယ်ဖျားက ဒေါက်တာမလေးကိုမှချစ်မိသွားတာ ရယ်တော့ရယ်ရသား ... လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ရှာနေတဲ့ သူ့နှလုံးသားပိုင်ရှင်က ဒေါက်တာတဲ့ ။ promote- " ဟုတ်တယ် ဒေါက်တာလေးသဘောအတိုင်းပဲ" Nomal - ❗Jeon Jungkook x Oc * / unicode zawgyi both