Silent Kiss တိတ်တခိုး အနမ်း - 𝙴𝚙𝚒𝚜𝚘𝚍𝚎 22

371 38 1
                                    


မနက်စောစောတွင်တောင် ဆေးခန်းဝန်းလေးထဲ တကုပ်ကုပ်ဖြင့် အလုပ်ကြိုးစား‌သူလေးအား ဆိုင်ကယ်ပေါ်ကဆင်းလာသူ ဂျောင်ဂု ခန"ပြုံးမိသည် ..

ခြံထဲမသွားခင် မနက်တိုင်းလိုလိုက သျှားဆီက မောနင်း kiss လေး ယူပြီးမှသွားတတ်တာက အကျင့်တစ်ခုဖြစ်နေပြီ ။

" ဟင် မောင် ! သတိထားအုံး "

" ဘာဖြစ်လို့လဲ "

" အာ အဲ့နားလေးမှာရေတွေနဲ့ ဗွက်တွေဖြစ်နေတာ"

သျှားလက်ညိုးလှမ်းထိုးပြလာတဲ့နားကို ကြည့်မိတော့ သူ့နဲ့အကွာကြီးပင် ပြောရရင် သူမလေးနဲ့တောင် ပိုနီးသေး ..

" မောင့်ဟန်နီလေးသာ ဂရုစိုက်ပါခမျာ .. လက်ထဲကလဲ ဘာတွေတုန်း "

" အမှိုက်တွေလေ သန့်ရှင်းရေးလုပ်နေတာ .."

" ဒီကိုပေး မောင်ပြစ်ပေးမယ် "

သျှားယွန်းလက်ထဲက သစ်ရွက်ခြောက်တွေကိုယူသွားကာ အမှိုက်တောင်းထဲထည့်လိုက်ရင်း ..

သျှားကိုခပ်ပြုံးပြုံးလေးနဲ့ကြည့်လာသည် ။

" သျှားကိုမောင် ပေးမယ်ပေးမယ်နဲ့မေ့နေတာ .. ဒါ မောင့် ဒယ်ဒီ့ရဲ့ဆေးမှတ်တမ်းတွေ "

သျှားယွန်း မောင့်လက်ထဲကဖိုင်တွဲလေးကိုလှမ်းယူလိုက်ကာ အနွေးထည်လက်လေးအား ခေါက်တင်လိုက်သည် ..

" အားတဲ့အချိန်ကျရင် ကြည့်ထားပေးမလား "

" သျှားကအားပါတယ် "

အားပါတယ်သာပြောနေတဲ့ဟာလေးက အခုပဲ လက်တစ်ဖက်မှာလည်း ဖိုင်တစ်တွဲနဲ့ ကတ်ထူတစ်ပုံးကို ပိုက်ထားသည်။ တပ်ထားတဲ့ မျက်မှန်လေးကလဲ ခပ်လျောလျောဖြစ်နေသည် ..

တစ်ခါ နေရောင်ခြည်ကြောင့်ထင် ပါးလေးတွေက နေထိုးပြီးခပ်ရဲရဲလေးဖြစ်နေသည်က ချစ်စဖွယ်။

လက်မအားတဲ့သူလေးကို အခွင့်ရေးယူချင်လာသည်မို့ ပါးလေးကိုရွှတ်ခနဲနမ်းပြစ်ရင်း လျှောကျနေတဲ့မျက်မှန်ဝိုင်းလေးကိုပါ ပြန်တပ်ပေးဖြစ်သည် ..

အလစ်မို့အငိုက်မိသွားတဲ့သျှားယွန်းမှာလည်း ဘာပြောရမှန်းမသိစွာ ပုတ်ခတ်"

SILENT KISS | Season - 1Opowieści tętniące życiem. Odkryj je teraz