Silent Kiss တိတ်တခိုးအနမ်း - 1

2.1K 73 6
                                    


သျှားယွန်းနဒီ .. နယ်မြို့ငယ်ကလေးက ဆရာဝန်မလေးတစ်ဦး

မွေးရပ်မြေလေးမှာ ဆေးခန်းလေးဖွင့်ပြီး နယ်ကလူတွေကို
ကုသပေးချင်ခဲ့တာ သူမရဲ့ငယ်ငယ်လေးကတည်းကအိမ်မက်လေးတစ်ခု ။

အခုတော့ အိမ်မက်တွေအကောင်အထည်ဖော်နိုင်ခဲ့ပြီထင်တယ်
ကိုယ်ပိုင်ဆေးခန်းလေးဖွင့်နိုင်ခဲ့ပြီလေ ..

ဒီနှစ်အတွင်းမှာဆိုတစ်ခြားနယ်ကအထိ လာရောက်ကုသကြတဲ့ လူနာတွေတောင်ရှိလေသည် ..

သူမရဲ့အတွေးလေးက သိပ်ကိုရိုးရှင်းလွန်းသည် .. သူမလက်လမ်းမှီသလောက်မဟုတ်ပဲ ကိုယ့်ကိုအားထားပြီးလာကြတဲ့ လူတိုင်းရဲ့အသက်ကို အစွမ်းကုန် ကယ်တင်ပေးသွားမည်ကိုပင် ..

သူမဆေးခန်းလေးက တော်"နာမည်ရလာသည့်အပြင် အခုဆို ထပ်တိုးချဲ့ထားတဲ့ အခန်းတွေနဲ့ပါ ပြီးပြည့်စုံနေပြီဖြစ်သည် ...

ဒါကြောင့်လည်း နေ့မအိပ် ၊ ညမအိပ် ကြိုးစားအားထုတ်ခဲ့ရတဲ့ အချိန်လေးတွေကို ပီတိဖြစ်လို့မဆုံး ..

" ဆရာမလေး "

သူနာပြုမလေးအသံကြားမှ သျှားအပြုံးတွေအရှိန်သပ်နိုင်တော့သည် ..

" ဆရာမလေး နေ့လယ်စာစားတော့မလား မဒီပြင်ပေးမယ်လေ "

" ရတယ်မဒီ.. တူတူစားကြမယ်လေ နော် "

အပြုံးလေးဖြင့်ပြောလာတဲ့ ဒေါက်တာယွန်းနဒီကိုကြည့်ပြီး မ‌ဒီတစ်‌ေယာက်ပြုံးမိသည် ..

ဆရာမလေးက စိတ်ထားလေးလဲကောင်း ။ သဘောလဲကောင်း ရုပ်လေးကလဲ နုဖတ်ပြီး ချစ်စရာလေးကောင်းနေကော ..

ဒါကြောင့်လဲ နယ်ဘက်ကလူတွေက ဆေးခန်းပြချင်တာနည်းနည်း ရောဂါရှာပြီး လာလာချောင်းရတာအမော တော် ..

ווווווווווווו×

ငယ်စဉ်ကတည်းက မိဘတွေက ကွယ်လွန်သွားကြတော့ ကြီးတဲ့အထိတိုင်အောင် တစ်ဦးတည်းသော အဘွားကပဲ သျှားတို့ကို ပြုစုစောင့်ရှောက်ခဲ့ရတာ ..

သျှားမှာက ညီမလေးတစ်ယောက်ရှိတယ် ဂျူးသံစဉ်တဲ့

ညီမလေး ဂျူးက မောဒယ် မြို့မှာ ကွန်ဒိုငှားနေတယ် ဘယ်အချိန်ပြန်လာမလဲကတော့ သျှားတို့မြေးအဖွားမှာ ရင်တမမပါပဲ ..

SILENT KISS | Season - 1Onde histórias criam vida. Descubra agora