အပိုင်း- ၁

525 47 2
                                    

လျန်နိုင်ငံမှာ တောင်ဖက်ခြမ်းတွင်တည်ရှိကာ
လျန်မင်းဆက်အုပ်စိုးနေတဲ့ကာလတွင် တစ်နှစ်ပတ်လုံး ရာသီဉတုအခြေအနေသည် သင့်လျှော်စွာရှိနေခဲ့သည်။ နွေရာသီတွင် မုတ်သုံလေများတိုက်သလို လေထုမှာလည်း  စိုစွတ်ထိုင်းမှိုင်းသော အချိန်များပင်ရှိခဲ့လေသည်။

တိုင်ဆိုင်စွာဖြင့် ယမန်နေ့က မိုးသည်းထန်စွာရွာခဲ့သော်ကြောင့် ယနေ့မနက်ထိပင် မြေကြီးစိုစွတ်နေသည်။

ကူနင်းနန်းတော်၏အခန်းတစ်နေရာတွင်တော့ နန်းတွင်းအစေခံများစုဝေးနေကြပြီး အချင်းချင်းကြား အလွန်တိုးသော လေသံဖြင့်ပြောဆိုနေကြသည်။

" နန်းတွင်းထဲကလေထုမကောင်းဘူးဆိုတာ ရိိပ်မိကြလား "
" လေထုမကောင်းဘူးဟုတ်လား "
မေးလိုက်သူမှာ အသက်ပိုမိုငယ်သော အစေခံများထဲကပင်ဖြစ်သည်။

" အတိတ်တုန်းက မင်းသမီးဖျားနာတဲ့အချိန်ဆိုရင် တစ်ခြားနိုင်ငံက မင်းသားတွေက အပြေးအလွှားနဲ့ မင်းသမီးဆီအလည်လာဖို့ ကြိုးစားကြတာ။ ဒါပေမယ့်...အခုနှစ်ရက်တောင်ရှိပြီ.. လှုပ်ရှားမှုတစ်စုံတစ်ရာမရှိသေးဘူး "

" စစ်ပွဲကြောင့်နေမှာပေါ့...ပြောနေကြတဲ့ သတင်းတွေကိုမ
ကြားမိဘူးလား...စစ်သူကြီးချင်က တပ်သားတွေကို စစ်ပွဲထဲဦးဆောင်ခေါ်သွားတာလေ၊ သူက ငါတို့မြို့တော်ရဲ့မဏ္ဍိုင်ပဲ။ သူကိုယ်တိုင်စစ်ပွဲထဲပါဝင်မှတော့ ဒီတစ်ခေါက်တိုက်ပွဲက ကြောက်ဖို့ပိုကောင်းပြီး ပြင်းထန်လို့ပဲ "

" အဲ့တာကို ငါစိုးရိမ်နေတာ.... "

" ဘာစိုးရိမ်စရာရှိလို့လဲ? စစ်သူကြီးချင်နဲ့သာဆို ကျန်းလွဲ့လွဲ့ ၁၀ယောက်လောက်ရှိလည်း သူတို့က ဗိုလ်ချုပ်နဲ့ မယှဉ်နိုင်ပါဘူး "

ပြောလိုက်သောမိန်းကလေးမှာ ငယ်စဉ်ကတည်းက ဗိုလ်ချုပ်ကြီးချင်အကြောင်းကို ပုံပြင်တွေအဖြစ်နားထောင်ကာ ကြီးပျင်းလာသူဖြစ်ဟန်တူသည်။ သူ့အကြောင်းပြောလျှင် မျက်လုံးလေးများမှာ လေးစားမှုများဖြင့် တောက်ပလာသည်။

အသက်အရွယ်ဝါရင့်သော နန်းတွင်းအစေခံများမှာ တစ်စုံတစ်ရာကို ဖြတ်ပြောချင်ဟန်ပေါက်သော်လည်း ထိုအနှီမိန်းကလေးမှ နှစ်သိမ့်စကားပြောလေသည်။

ရန်သူမင်းသားနှင့်အတင်းလက်ထပ်ထိမ်းမြားခံရခြင်းWhere stories live. Discover now