အပိုင်း ၂ ( Part 2 )

220 33 2
                                    

မျက်တောင်တစ်ခက်အတွင်းမှာပင် တစ်စုံတစ်ယောက်မှာ မြှားထက်အရင်ဦးသွားလေသည်။ ကျန်းလွဲ့ပုံရိပ်မှာ လျှက်ကနဲဖြစ်သွားပြီး သူ့အနေနှင့် ကျွမ်းကျင်ပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့စိတ်ကူးမရှိပေ။ အပေါ်သို့ခုံပျံကာ လေတစ်ဝက်မှာမြှားပေါ်တက်နင်းကာ နောက်ထပ်ခုန်ဖို့ အားထပ်သုံးလိုက်သည်။ သူ၏ ခွိုင်းဂုံမှာ အလွန်ကောင်းသည်ဖြစ်ရာ မြို့တံတိုင်းပေါ်ကိုပင် ခုန်တက်သွားလေသည်။

အရာအားလုံးဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ မြှားမှာ လေထဲမှအောက်ကျသွားသော်လည်း ကျန်းလွဲ့မှာ ကံကောင်းသူရှန်ရှန်းကိုဖမ်းမိသွားလေသည်။ မြို့တံတိုင်းပေါ်မှ လေးသည်တော်များမှာ ကျန်းလွဲ့ဆီသို့ မြှားချိန်လိုက်သော်လည်း ကျန်းလွဲ့မှာ ရှန်ရှန်း၏လည်မြိုကို ဆုပ်ကိုင်ထားရာ ကျန်တစ်ဖက်ဖြင့် ခါးကိုဖက်ထား၍ တစ်ခြားဖက်သို့လှည့်ထားစေလေသည်။ ထို့နောက်သူသည် သတိထားရမည့်ဖက်ကိုလှည့်ကာစကားစလေသည်။

" ဒါက လျန်နိုင်ငံရဲ့အကြီးဆုံးမင်းသမီးလေး ရှန်ရှန်းပေါ့။ ကြည့်ရတာ ကျွန်တော်မျိုး ရိုင်းပြမိပါတယ် "

ရှန်ရှန်းမှာ အမျိုးသားဝတ်စုံဝတ်ထားသော်လည်း သူ၏ရုပ်ရည်ချောမောမှုကြောင့် အမျိုးသမီးမှ ယောကျ်ားလေးဟန်ဆောင်နေသလိုဖြစ်နေသည်။ ထို့အပြင် သူမှာ မင်းသမီးအဖြစ်နေသည်မှာကြာပြီဖြစ်သောကြောင့် အထိန်းတော်ကပင် သူ့အားမင်းသမီးဟုခေါ်သည်ကို အကျင့်ပါနေပြီဖြစ်သည်။ ဖြစ်ပျက်နေသည့်အခြေအနေကိုမြင်သော်အခါ အထိန်းတော်ကဒေါသထွက်စွာအော်လေသည်။

" မင်းသမီးကို လွှတ်ပေး!"

မင်းသမီးလည်ပင်းဆုပ်ကိုင်ထားသည့်အမျိုးသားမှာ ပို၍အားထည့်လာသည်။ သူ၏လက်များမှာ ကြမ်းတမ်းနေသော်လည်း အားကကောင်းသည်။ လည်ပင်းမှ ဒီထက်အားထည့်လျှင် သေစေနိုင်သည့်နေရာကို လက်မဖြင့်ပွတ်နေရာ ရှန်ရှန်းမှာ ဤအခြင်းအရာကြောင့် အသက်ကို ပိုရှုရန် လည်ပင်းကိုမော့ထားရသည်။

" မင်းသမီးလေးက တကယ်ဉာဏ်ကောင်းတဲ့သူပဲ၊ မင်းတို့အားလုံးသူ့ကိုတော်တော်တန်ဖိုးထားကြမှာပဲ "

ရန်သူမင်းသားနှင့်အတင်းလက်ထပ်ထိမ်းမြားခံရခြင်းWhere stories live. Discover now