အပိုင်း ၂ ( part 1 )

260 41 0
                                    

မုန်တိုင်းအစချီလာပြီး ပါရရီ မီးတောက်ကြီးစတင်လေပြီ။
လျန်နိုင်ငံ၏ စစ်သားများမှာ ရက်ဆက်တိုက်ရန်သူအား အနိုင်တိုက်ပြီးနောက် စိတ်ဓာတ်များတက်ကြွနေကြသည်။

သို့ရာတွင် ယနေ့စစ်ပွဲစသောအခါ ရန်သူဘက်မှ မင်းသား ကျန်းလွဲ့လွဲ့ကြောင့် အကုန်စိတ်လှုပ်ရှားကြနေလေသည်။ ကျန်းလွဲ့လွဲ့မှာ စစ်ပွဲတွင်ကိုယ်တိုင်လာရိုက်သူများပင်မက အနောက်တွင်ကျန်ခဲ့ကာ စစ်အခြေအနေကိုစောင့်ကြည့်နေသည့်လူများကိုပင် အလွန်အမင်းကြောက်ရွံ့စေနိုင်သည့် အမည်ပိုင်ရှင်ဖြစ်သည်။

ကျန်းလွဲ့လွဲ့နှင့် ထိပ်တိုက်တွေ့သောသူများမှာ သူ့လက်နက်အောက်မှာပင် အသက်ပျောက်သွားလေ့ရှိသည်။ သူ့ရဲ့ စူးရှသော အကြည့်တစ်ချက်က လူအများကိုပင် တုန်လှုပ်စေနိုင်သည်။

ကျန်းလွဲ့လွဲ့ရဲ့နာမည်ပြောင်မှာ မြောက်နိုင်ငံကျင်းမျိုးနွယ်၏ချင်တာအိုက ပေးခဲ့ခြင်းဖြစ်သည်။ ချင်တာအိုမှာ စာပေလိုက်စားသည့်မျိုးနွယ်မှာဖြစ်သော်လည်း စစ်ရေးစစ်ရာကို စိတ်ဝင်စားခဲ့သည်။ စစ်တပ်အားသူဝင်ပြီးနောက် သူ့မိသားစုကို သတိရသောအခါတိုင်း ချင်တာအိုမှာ ကဗျာမှာရေးသီဖွဲ့လေ့ရှိသည်။ သူ၏ကဗျာများကို လူအများပြန်ရွတ်ဆိုကြပြီး သူ၏စာပေအဆင့်အတန်းကို ချီးမွမ်းကြသည်။ သူ့အား ချင်တာအိုတာအို ဟုခေါ်ဆိုကြသေးသည်။

လွန်ခဲ့သောလေးနှစ်ကကျန်းလွဲ့မှာ ချင်တာအိုစီတွင် ကျရှုံးခဲ့သည်။ စစ်မြေပြင်သို့မရောက်မီ လူတိုင်းက အိမ်ရှေ့စံ ကျန်းလွဲ့မှာကိုယ်ခံပညာတွင် ပါရမီပါပြီး စစ်မဟာဗျူဟာများနှင့် နည်းလမ်းများကို အလွတ်ရသိကျွမ်းသူဖြစ်သည်ဟုပြောဆိုကြသည်။ သို့ရာတွင် အဆုံးသတ်တွင် သူရှုံးနိမ့်သွားခဲ့သည်။ ချင်စစ်သူကြီး၏စာပေတတ်မြောက်မှုကို ယှဉ်ကာ ကျန်းလွဲ့ စစ်သားဖြစ်နေသည်ကို လှောင်ကြသည်။ ယခုချိန်ထိ သူ့အားနာမည်ပြောင်ခေါ်ကြသည်။ သူ၏ နောက်ဆုံးနာမည်မှာ ကျန်းဖြစ်သောကြောင့် ကျန်းလွဲ့လွဲ့ဟု ခေါ်ခြင်းဖြစ်သည်။

သို့ရာတွင် ယခုနာမည်ပြောင်များမှာ စနောက်ရာတွင်ဖြစ်ပြီး လှောင်ပြောင်မှုအတွက်လည်းဖြစ်သည်။ မည်သူမှ မထင်ကြသည်မှာ လေးနှစ်ကြာသော် ကျန်းလွဲ့လွဲ့မှာ နတ်ဆိုးဖြစ်လာပြီး ငရဲ၏အရှင်သခင်တစ်ပါးလိုဖြစ်လာရာ လျန်နိုင်ငံ၏စစ်သားများမှာ သူ၏နာမည်ကြားရုံဖြင့် ကြောက်လန့်လာကြသည်။ ထို့အပြင်မှာ သူမှာ လျန်နိုင်ငံ ပျက်စီးသည်အထိ တွန်းအားပေးလာပြီဖြစ်သည်။

ရန်သူမင်းသားနှင့်အတင်းလက်ထပ်ထိမ်းမြားခံရခြင်းWhere stories live. Discover now