အပိုင်း ၄ ( Part 2 )

263 27 5
                                    

ရွက်ဖျင်တဲထဲတွင် ရှန်ရှန်းလုံးဝသတိမေ့နေသည်ကို ကျန်းလွဲ့သတိထားမိသည်။ ဆေးထည့်ထားသောဇွန်းဖြင့် ဆေးတိုက်ဖို့လုပ်သော်လည်း ဆေးတစ်ဝက်က သူမ၏နှုတ်ခမ်းမှ ပြန်စီးကျလာရာ တစ်ဝက်တည်း မြိုချသွားသည်။

သူ့မျက်စိရှေ့က ဖြူစုပ်နေသောနှုတ်ခမ်းများကိုငေးကြည့်လိုက်ပြီး ပါးစပ်နားမှပေနေသော ဆန်ပြုတ်ကိုသုတ်ပေးလိုက်သည်။ ထို့နောက် ဆေးကိုသောက်လိုက်ကာ ငုံပြီးနောက် ရှန်ရှန်း၏မေးစေ့ကိုကိုင်ကာ ပါးစပ်မှတစ်ဆင့် တိုက်လိုက်သည်၊ ပါးစပ်နားမှဆေးတွေ ပြန်ထွက်ကျလာ၍ နောက်တစ်ခေါက်ထပ်တိုက်လိုက်သည်။ ယခုအခါတွင် ရှန်ရှန်း၏ဂုတ်မှနေ၍ ခေါင်းမတ်ပေးလိုက်ရာ ပါးစပ်ပွင့်လာသည်၊ ဤသို့ဖြင့် အခုလို ထပ်ခါတလဲလဲလုပ်ရင်း ဆေးခွက်ကုန်သွားလေသည်။

သူဆေးတိုက်မှုက သူမနှုတ်ခမ်းသားများကိုအရောင်သန်းလာစေသည်။

ကျန်းကျန် သူ့နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်မိတော့ ဆေးအရသာကခါးသော်လည်း သူကတော့ သကြားလုံးအရသာရနေသည်။

ရှန်ရှန်းနိုးလာသောအခါ ညဉ့်နက်နေလေပြီ။ သူမျက်လုံးဖွင့်တာနှင့် နားထဲဝင်လာသည်က အိမ်မက်ဆိုးလိုအသံ။

" မင်းနိုးလာပြီလား? "

သူ့ခန္ဓာကိုယ်သယ်ရင်း ထထိုင်လိုက်ကာ ကျန်းလွဲ့ကိုမျက်စောင်းထိုးလိုက်သည်။ ကျန်းလွဲ့ကတော့ အိပ်ယာဘေးက ခုံမှာထိုင်ရင်း စားပွဲပေါ်လက်ထောက်ကာ မေးစေ့ထောက်ပြီး ကြည့်နေသည်၊ သူ့ပုံကြည့်ရတာ ပင်ပန်းနေသည့်ပုံ။

" မင်းသမီးအဆင်ပြေမှတော့ ကိုယ်တော်လည်း အနားယူတော့မယ် " ဟု ကျန်းလွဲ့ကပျင်းရိစွာပြောလိုက်သည်။

ရှန်ရှန်းကသူအခန်းထဲမှထွက်သွားဖို့ကိုစောင့်သော်လည်း သူကအိပ်ယာပေါ်တက်လာသည်။ ရှန်ရှန်းက နယ်မြေကျူးကျော်ခံရသော ကြောင်တစ်ကောင်လုံး ဆံပင်များထောင်ကာ ထအော်လိုက်သည်။

" ကျန်းလွဲ့လွဲ့!!!! "

ကျန်းလွဲ့က အေးတိအေးစက်ည့်မျက်ဝန်းများနှင့် ပြန်ကြည့်လိုက်သည်။

ရန်သူမင်းသားနှင့်အတင်းလက်ထပ်ထိမ်းမြားခံရခြင်းWhere stories live. Discover now