အပိုင်း ၄ ( Part 1 )

233 27 0
                                    

ရှန်ရှန်းက အံကြိတ်ကာ စိတ်ပျက်ပြီးခက်ထန်သော လေသံပါသည့် အသံဖြင့် ကျန်းလွဲ့ကို ကြောက်ရွံ့အောင် ပြောလိုက်သည်။

" ကျန်းလွဲ့! "

" ဒီမှာလေ ယောကျ်ားက "

" ...... "

ကျန်းလွဲ့အတွက်ကတော့ ရှန်ရှန်းရဲ့ တည်ကြည်မှု၊ ခက်ထန်မှု၊ စိတ်တိုနေမှုတွေက သူ့အပေါ်နံသာရည်ဖြန်းသလိုပင်။ ရှန်ရှန်း၏ မျက်ရည်ဝဲနေသောအကြည့်ကို ရှုစားကာ

" မင်းသမီးလေးက ဘာပြောချင်လို့လဲ? " ဟုမေးလိုက်သည်။

ရှန်ရှန်း၏ နှုတ်ခမ်းသားများက မထိန်းနိုင်ပဲ တုန်ရိလာသည်။ သူ၏ရှုပ်ပွနေသောဆံပင်များကလည်း မျက်နှာပေါ်တွင်ကပ်နေသေးသည်။ သူ့အနေနှင့် ဘယ်လောက်တောင်သနားဖို့ကောင်း၍ ချောမောနေသလဲ မသိတော့ပေ။

ကျန်းလွဲ့က အလွန်ရယ်စရာကောင်းသောသူလို့ သူ့ကိုသူ အသိပေးမိသည်၊ အကယ်၍ သူကယောကျ်ားလေးဆိုသည့် အမှန်တရားကိုသာသိသွားရင် ရွံ့ဖို့ကောင်းတယ်ဆို၍ သူ့လျှာကိုတောင်သူဖြတ်နိုင်လောက်သည်။

သို့သော် ယောကျ်ားလေး သို့မဟုတ် မိန်းကလေးဖြစ်စေကာမူ အခွင့်မသာချိန်တွင် ကျန်းလွဲ့လို စိတ်အယှက်ကောင်းသောသူကို ပေါက်ကွဲမထွက်ပဲသည်းခံနိုင်သောသူက အနည်းစုသာဖြစ်လိမ့်မည်။

အခုက အလိုလိုက်ခံထားရတဲ့ သိမ်မွေ့တဲ့မင်းသမီးလေ။

ရှန်ရှန်းရဲ့ ရင်ဖက်ကမြင့်လိုက်၊နိမ့်လိုက်ဖြစ်နေ၏။

" ရှင်....ရှင် ကျွန်မနဲ့ဝေးဝေးနေ "

ကျန်းလွဲ့ကတစ်ချက်တွေးကာပြန်ပြောလိုက်သည်။

" အဲ့တာဆို မင်းသမီးကိုလဲဖယ်ဖို့ တစ်ယောက်ယောက်ကိုယ်တော်လွှတ်လိုက်မယ်လေ "

စိတ်တိုလွန်း၍ ကျန်းမာရေးထိခိုက်လျှင့် ကူပေးမယ့်သူ တစ်ယောက်မှမရှိဘူးဟု ရှန်ရှန်း သူ့ကိုယ်သူသတိပေးမိသည်၊ သို့သော် သူ့နှလုံးသားထဲမှ ဒေါသကိုတော့ ထိန်းချုပ်မရပေ;

" တကယ် ရှင်ဘာကိုလိုချင်တာလဲ "

" မင်းကိုလိုချင်တာ "

ရန်သူမင်းသားနှင့်အတင်းလက်ထပ်ထိမ်းမြားခံရခြင်းWhere stories live. Discover now