အပိုင်း ၃ ( Part 1 )

207 35 0
                                    

ကျန်းလွဲ့ကသူတို့ကိုအရှက်ရအောင်လုပ်နေမှန်းမသဲကွဲသော်လည်း ရှန်ရှန်းအတွက်ဤအခြေအနေကိုလက်ခံရန်မခက်ခဲပေ။ ရှန်ရှန်းအနေနှင့်သူ၏လိင်အစစ်အမှန်ကိုသိသောကြောင့် ကျန်းလွဲ့ဒီလိုပြောနေသည်ကို ရယ်စရာဟုမြင်မိသည်။

ကျန်းလွဲ့ကသူ၏လက်နှစ်ဖက်ကိုကြိုးနှင့်တုတ်ကာ သူတို့၏စခန်းသို့ပြန်ခေါ်ဆောင်သွားလေသည်။ အိုမင်းယောင်ရှိနေတဲ့မြင်းရထားလုံးမှာ ကြည့်ရတာကောင်းသော် လည်း လမ်းတစ်လျှောက်မှာအဖုအထစ်များသောကြောင့် စီးရသည့်ခရီးကမကောင်းပေ။ ရထားလုံးရပ်သွားသောအခါ ရှန်ရှန်းမှာတစ်လမ်းလုံးလှုပ်ခါလာတာကြောင့် မူးဝေနေလေသည်။ သို့သော် သူ့စိတ်ထဲရှိသည့်အတိုင်းမပြောနိုင်၍ ကွေးနေသောနေရာ၌ပင် မလှုပ်မရပ်ပဲနေလိုက်သည်။

ကျန်းလွဲ့ " မင်းသမီးကအဲ့လောက်နူးညံ့မယ်ကိုယ်တော် မထင်ထားခဲ့ဘူး "

ရှန်ရှန်းမှာလှုပ်ချင်သော်လည်း သူ့မျက်လုံးရှေ့ကမြင်ကွင်းမှာမှောင်မိုက်သွားခဲ့ရာ သူ့အနေနှင့်ခွန်အားကုန်ဆုံးနေပြီကိုခံစားလိုက်ရသည်။

ရှန်ရှန်းမွေးသောအခါက သူ့သခင်ကသူ့တွင်အနုတ်ပြစွမ်းအင်များရှိနေရာ ငယ်ငယ်ရွယ်ရွယ်ဖြင့်အသက်ဆုံးရှုံးမည်ဟု သေချာတွက်ခဲ့သည်။ ရိုးရှင်းစွာပြောရလျှင်သူ့အနေနှင့် ယောကျ်ားလေးလိုဖွားမြင်ခဲ့သော်လည်း မိန်းကလေးတစ်ယောက်ကဲ့သို့ကြီးပျင်းခဲ့သည်။ သူ့အနေနဲ့ ပျော့ညံ့ရာ အသက်ရှင်ဖို့ရန် မိန်းကလေးတစ်ယောက်ကဲ့သို့နေထိုင်မှသာဖြစ်မည်။ တိုက်ဆိုင်စွာဖြင့် တော်ဝင်မိသားစုမှာ မင်းသမီးမရှိပေ၊ ထို့အပြင်သူ့မှာ သိမ်မွေ့ပြီးနူးညံ့သော ရုပ်ရည်ဖြင့်ဖွားမြင်ခဲ့သောကြောင့် သူ့အားမင်းသမီးလို နေစေခဲ့ခြင်းသာဖြစ်သည်။ တစ်ညတွင် သူသည်ယောကျ်ားအဝတ်အစားဝတ်ဆင်ခဲ့ရာ ခြေချော်ကာရေကန်ထဲကျ၍ သေမလိုဖြစ်ခဲ့သည်။

ထို့နောက်တွင် ရှန်ရှန်းသည် ယောကျ်ားဝတ်ကို အကြိမ်များစွာ ဝတ်ကြည့်ခဲ့သော်လည်း ဝတ်သည့်အခါတိုင်းပင်သေမလိုဖြစ်ခဲ့သည်။ ဤကဲ့သို့အကြိမ်များစွာဝတ်ဆင်မှုနောက်တွင် နဂိုကတည်းကအားနည်းသောမင်းသားမှာ
ခဏခဏနာမကျန်းဖြစ်တော့သည်၊ ကြာလာတာနဲ့အမျှတစ်ဖြည်းဖြည်းအားနည်းလာရာ နောက်ဆုံးတွင် ရှန်ရှန်းက ဤကျိန်စာကိုလက်ခံလိုက်တော့သည်။ ထို့နောက် လိမ္မာသောမင်းသမီးအဖြစ်စတင်နေထိုင်လာတော့သည်။

ရန်သူမင်းသားနှင့်အတင်းလက်ထပ်ထိမ်းမြားခံရခြင်းWhere stories live. Discover now