အပိုင်း ၃ ( Part 2 )

209 30 6
                                    

အစေခံခေါင်းဆောင်က အခန်းထဲကိုလျင်မြန်စွာဝင်လာကာ အလေးပြုကာပြော၏။

" အိမ်ရှေ့စံရဲ့မှာကြားချက်အရ မင်းသမီးရဲ့အဝတ်တွေကို ကူလဲပေးဖို့ရောက်လာတာပါ "

" ဘယ်လိုအဝတ်အစားတွေလဲ? "

အစေခံ၏အကြည့်နောက်ကိုလိုက်ကြည့်တော့ မြင်လိုက်ရသည်က အလွန်လှပသောဂါဝန်။ ထိုဂါဝန်ကိုမြင်သောသူတိုင်း အလွန်နူးညံ့လှပပြီး အလွန်တော်သောအပ်ချုပ်ဆိုင် မှ လက်ရာဆိုတာကို ခံမှန်းနိုင်မိကြမည်။

" အဲ့တာ ဘယ်ကလဲ? "

" အိမ်ရှေ့စံက နီးစပ်တဲ့မြို့ကနေ အမြန်သွားဝယ်ဖို့စေခိုင်းတာပါ "

" သူကဘာလုပ်စေချင်တာလဲ "

" အဲ့တာက.... "

အစေခံမနှစ်ယောက်မှာ ဆက်မပြောမီ တစ်ယောက်မျက်နှာတစ်ယောက် လှည့်ကြည့်ကြ၏။

" ဒီအစေခံမက မသိကြောင်းပါ မင်းသမီး "

အမှန်တကယ်တွင် မေးစရာမလိုချေ။ ယခုမှာ တောင်နိုင်ငံ လျင်မင်းသမီးက မြောက်နိုင်ငံကျင်းအိမ်ရှေ့စံလက်ထဲတွင် ရောက်နေရာ သူ့အနေနဲ့အဝတ်စားအဝတ်တွေဝတ်စေကာ သူ့ကိုခံစားခိုင်းမည်မှာအမှန်ပင်။

ရှန်ရှန်းအနေနှင့် သူကမိန်းကလေးမှန်းကို သဘောတူမတူသည်ကို မသိတော့ပေ။ သို့ရာတွင် သူသည် ကျန်းလွဲ့ဖြစ်စေချင်သည့်အတိုင်း အဖြစ်ခံမည်မဟုတ်ချေ။ အကယ်၍သာ လျင်နိုင်ငံကပြည်သူများက သူတို့မင်းသမီးမှာ မင်းသားဖြစ်နေပြီး ဒီလိုအရှက်ခွဲခံရနေသည်ကိုသာသိလျှင် သူ့ကိုပိုအထင်သေးကြမည်ပင်။

ရှန်ရှန်းက သူ့လက်ကိုမြှောက်ကာ အဝတ်များကိုကြမ်းပြင်သို့ပစ်ချလေ၏။

" ထွက်သွား "

" မင်းသမီး... "

" ထွက်သွား! "

အစေခံများက တွန့်ဆုတ်နေကြ၏။ တစ်ဖက်က အဖမ်းခံထားရသော မင်းသမီးဖြစ်ကာ တစ်ဖက်ကာမူ ၁သိန်း၅သောင်းသော တပ်သားများကိုဦးဆောင်သော အိမ်ရှေ့မင်းသားဖြစ်သည်။ သူတို့အနေနဲ့ မည်သူ့စကားကို နာခံမည်ဆိုသည်ကိုခံမှန်းလို့ရ၏။

ရန်သူမင်းသားနှင့်အတင်းလက်ထပ်ထိမ်းမြားခံရခြင်းWhere stories live. Discover now