~*~*Tender Love*~*~

3.2K 214 1
                                    

Pairing- Yunho , Jaejoong

Genre - Yaoi , Romance , School life

.........................................

ဒီနေ့ ကျောင်းဆင်းပေမယ့် Jaejoong မပြန်နိုင်သေး..ကျောင်နောက်က ပန်းခြံလေးထဲမှာ ရပ်ရင်း. တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းလျက်.......

စောင့်သာစောင့်ရသည်..ဘယ်သူမှန်းတော့မသိ..

မနက် က သူ့စားပွဲ ပေါ်မှာ စာတစ်စောင်တွေ့ရသည်။
အဲ့ဒီ စာထဲမှာ. ညနေ့ ကျောက်းဆင်းရင် တွေ့ ရအောင်ဆိုပြီးရေးထားလို့ ဘာမှန်းမသိ သူရောက်နေခြင်းဖြစ်သည်။..

ဆယ်မိနစ်လောက်စောင့် အပြီး.. ရုတ်တရက် ခြေသံကြားလို့သူ လှမ်းကြည့်လိုက်တော့....

အရပ် ရှည်ရှည် ခပ်ဖြောင့်ဖြောင့်နဲ့ အတော် ကြည့်ကောင်းလှသည်။သူ့ လိုပဲ ကျောင်းယူနီဖောင်းနဲ့ ကောင်လေးတစ်ယောက်.....ဒါပေမယ့် ပုံစံကတော့.. ခပ်ပေပေ စတိုင်.အကျီအပေါ် ကြယ်သီး နှစ်လုံးကို ဖြုတ်ထားလိုက်သေး..မြင်တာနဲ့ သိလိုက်ပါပြီ.. ဒါသူတို့ကျောင်းရဲ့ နာမည်ကြီး Jung Yunho ပေါ့...

နာမည်ကြီးတာ က တခြားမဟုတ် ကျောင်းမှာ ဆိုးလွန်းလို့..
ဘယ်ဆရာ ဆရာမ စကားမှလည်း နားမထောင် လုပ်ချင်ရာ တဇွတ်ထိုးလွတတ်သည်။.ရန်ဖြစ်ပြီ ဆိုလည်း ကြည့်လိုက်.. သူ အမြဲ ပါနေကျ....ဒါပေမယ့် ဒီလောက် ဆိုးပေတေ နေတာတောင် ကောင်မလေးတွေက..အသည်စွဲ ဖြစ်နေတတ်လွန်းလို့.. Jaejoong ဘယ်လိုမှနားမလည်နိုင် ဖြစ်ရ၏....

သူက Jaejoong ဆီ တစ်လှမ်းချင်းလျှောက်လာသည်။..

ဒါဆို. သူ့ကို ဒီမှာ တွေ့ရအောင် ချိန်းထားတာ Yunho ပေါ့.

" Jaejoong..
ငါ နင့်ကို သဘောကျတယ်.. ငါတို့ နှစ်ယောက်တွဲကြရအောင်.."

Yunho ထံမှ မထင်မှတ်ပဲ ကြားလိုက်ရတဲ့ စကားကြောင့်.သူ တော်တော် အံသြသွားသည်။...

ရည်းစား စကားပြောတဲ့ ပုံကလည်း နူးနူးညံ့ညံ့မရှိ သူ့ထုံစံအတိုင်းခပ်ကြမ်းကြမ်း မို့ Jaejoong လန့်လန့် နဲ့ ဘာပြန်ပြောရမလဲမသိတော့...

" Hey.., ဒီမှာ ပြောနေတယ်လေ.. တွဲကြရအောင် လို့..."

" ငါ က ဘာလို့ မင်းနဲ့ တွဲရမှာလဲ... မင်းက ငါကြိုက်တဲ့ ပုံစံမျိုးလည်းမဟုတ်ဘူး..

Yunjae OneShot Collections (Yaoi)Where stories live. Discover now