Pairing-Yunho , Jaejoong
Genre - Oneshot , school life , romance.............................................................
လူဆိုတာက တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူး
မဟုတ်လား..ဒီတော့ကျွန်တော်ရဲ့ပုံစံကလည်းအခြားသူတွေနဲ့မတူပါဘူး..ကျောင်းမှာဆို ခပ်အေးအေးပဲနေပြီး.. အခြားသူတွေနဲ့ စကားအပြောအဆို လည်း သိပ်မရှိဘူး..
ပြီးတော့.. ကျွန်တော်က အပြုံး အရယ် လည်းသိပ်မရှိတော့..ကြည့်လိုက်ရင်. ခံစားချက် မရှိတဲ့လူတစ်ယောက်ရဲ့.ပုံစံမျိုး...
ဒါပေမယ့်လည်း. ကျွန်တော်လည်း လူတစ်ယောက်ပါ.း..ခံစားချက်တော့ ရှိတာပေါ့.. ..
အဲ့ ဒီ့ နေ့ က.. သူ.. ကျွန်တော်ကို ချစ်တယ်ဆိုတဲ့ အကြောင်းဖွင့်ပြောခဲ့တယ်.
သူပြောလိုက်တဲ့ အချိန်တုန်းကဆို.. ကျွန်တော်ရင်တွေခုန်လွန်းလို့..ဘာပြောရမှန်း မသိဖြစ်ခဲ့ရတယ်..ဒါပေမယ့်. ကျွန်တော့် ထုံးစံအတိုင်း.. မျက်နှာကတော့..မတုန်မလှုပ်...ဘာမှ မဖြစ်တဲ့ ပုံစံပေါ့...
ခုဆိုရင် သူနဲ့ ကျွန်တော် တွဲဖြစ်တာ နှစ်လ လောက်ရှိပြီပေါ့....ကျွန်တော်ဘက်က သူအပေါ် ဘာခံစားချက်မှမရှိတဲ့ ပုံနဲ့သူ့ကို ဆက်ဆံနေပေမယ့်.. သူကတော့.. ကျွန်တော်ကိုအရမ်း ဂရုစိုက် တယ်
တစ်ခါတစ်လေ.. သူနဲ့ ပတ်သက်ပြီး ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာကပြောပြချင်ပေမယ့်.. ပါးစပ်က ဘာလိုလဲမသိ. အမြဲ ဆွံ့အ နေတတ်တဲ့. ကိုယ့် ကိုယ်ကို မုန်းမိတယ် ......
သူ့ အပေါ်မှာ. ကျွန်တော် ချစ်တယ်ဆိုတာကို. အပြုအမူနဲ့.မဖော်ပြနိုင်ပေမယ့်.ရင်ထဲမှာတော့.. သူအမြဲရှိနေတာပါ..
ကျောင်း အပေါ်ထပ်က ပန်းချီခန်းရဲ့ ပြတင်းပေါက်နေပြီးတော့..အောက်မှာ.. ဘေ့စ်ဘောကစား နေတဲ့ သူ့  ကို အမြဲငေးကြည့်ရင်း..သူ့ရဲ့ ပုံလေးတွေဆွဲနေတတ်တာကလည်း.. ကျွန်တော့်ရဲ့ အကျင့်လေ...
ကျောင်းမှာ သူနဲ့ ကျွန်တော်က.. Club ချင်း မတူကြဘူး...ကျွန်တော်က ပန်းချီ Club ၀င်ထားပြီး.သူကတော့.. အားကစား Club ကလေ..
တခါတစ်လေ.. ပြတင်းပေါက်ကနေ. သူ ကစားနေတာကို ငေးကြည့် နေရင်း...သူကလည်း. ကျွန်တော်ရှိရာ ပြတင်းပေါက်ဆီကို.မော့ကြည့်တတ်တယ်.. ကျွန်တော့်ကို တွေ့သွားလို့ကတော့..ပြုံးရွင်စွာ လက်ပြနှုတ်ဆက် တတ်တယ်..
ESTÁS LEYENDO
Yunjae OneShot Collections (Yaoi)
De TodoGenre ကတော့ တော်တော် စုံတယ်.. Romance ,Mpreg , Fantasy , School life တော်တော်များများက Manga ကို Yunjae ver ပြောင်းရေးထားတာပါ...