*~*~Forbidden Love~*~* (Part-2)

2K 167 0
                                    

ဆေးရုံက လူနာခန်းထဲမှာ..အထီးကျန် စွာ..တကိုယ်တည်းဖြတ်သန်း နေရတဲ့ Jaejoong အဖို့တော့.. Yunho အလာကို အမြဲ စောင့်မျှော်နေတတ်တာ.. သူ့အတွက်​ အကျင့်​တစ်​ခုလို ဖြစ်​​နေသည်​။

Yunho ကလည်း.. ဘယ်သူမှ မရှိတဲ့ အချိန်မျိုးဆို..သူဆီ.
ရောက်ရောက် လာတတ်သည်။...

တတ်ဆိတ် ငြီးငြူ စရာ ကောင်းလှတဲ့ သူ့ဘ၀ ဟာ..
Yunho ကြောင် ပျော်ရွင်မှု ဆိုတာကို..ခံစားတတ်လာတယ်...

"Yunho ah.., ခုမှ လာရသလား..."
"ငါ့မှာတော့..မင်းလာမယ်ထင်ပြီး...နေ့တိုင်း မျှော်လိုက်ရတာ.."

"Mian...အလုပ်ကိစ္စ တွေနဲ့ မအားလို့..နင့်ဆီ မလာဖြစ်တာ.."

" ဒါဆို...ခုရော..ဒီကို..အလုပ်ကိစ္စ နဲ့ လာတာလား.."

"ဟင့်အင်း.. မင်းနဲ့တွေ့ချင်လို့..ဒီကို တမင်သက်သက် လာတာ..."

"ဟင်....တကယ်လား..."

Yunho စကားကြောင့် Jaejoong မျက်နှာလေး ၀င်းပသွားပြီး တောက်ပ စွာ ပြုံးလိုက်သည်။...

"အင်း...တကယ်ပေါ့..."

"နောက်ဆို.ခဏခဏ.လာပါနော်..ဒီမှာ စကားပြောစရာဆိုလို့ဆရာဝန်တွေ..သူနာပြု တွေဘဲ ရှိတာ..သူတို့ ကလည်း... နေကောင်းလား..သက်သာလား..ဆေးသေချာ သောက်ရဲ့လား...ဒီစကားတွေဘဲ မေးနေတာ..ကြာတော့ စိတ်ညစ်လာပြီ.... အဲ့ဒါကြောင့် ငါ့မှာ..မင်းကိုဘဲ မျော်နေရတာ.."

"အင်းပါ..Jaejoong ရယ်.. ငါ ခဏ ခဏ လာနိုင်အောင်..ကြိုးစားပါ့မယ်...."..

အချိန်ကြာလာသည် နှင့် အမျှ သူတို့ နှစ်ဦးရဲ့..ရင်းနှီးမှု သံယောဇဉ် က ပိုပို တိုးလာသည်။...

.
.
.

"Jae..ah. ကိုယ်.ရောက်ပြီ !.."

Yunho အခန်းထဲ ၀င်လာတော့..ခုတင်ပေါ် တွင်.ဖျော့တော့စွာ လဲလျောင်း နေသော..Jaejoong ကို တွေ့လေသည်။..

မျက်နှာမှာ..ဖြူဖတ်ဖြူရော် နှင့်..အတော်. အားနည်းနေသည့်ပုံ..

"Yun.ho ah....နင်ရောက်လာပြီကို..."

Jaejoong က ဖျော့တော့စွာ ပြောရင်း.. လှဲ နေရာမှ အတင်းအားယူပြီ..ထလေ၏..

Yunho လည်း..Jaejoong..နား အပြေးသွားပြီး..Jaejoong ထိုင်နိုင်အောင်..၀ိုင်းကူတွဲပေးရင်း...

Yunjae OneShot Collections (Yaoi)Where stories live. Discover now