26.2

400 79 0
                                    

Chapter(26)အဆက်

ညနေခင်းတွင် လင်းယုတုန်က ပုံမှန်အတိုင်း ကျန်းရီဖေး၏ဆံပင်ကို လေမှုတ်စက်နှင့် ခြောက်နေအောင် မှုတ်ပေးပြီးနောက် လေမှုတ်စက်ကို သိမ်းပြီးပြန်လာတော့ မသိစိတ်က သူ့ပခုံးကိုညစ်လိုက်သည်။ကျန်းရီဖေးက ဒါကိုမြင်တော့ "မနက်ဖြန်ကျရင် ကိုယ့်ဆံပင်ကို မင်းမမှုတ်ပေးနဲ့တော့။မင်းပခုံးနာနေတာလား?"

လင်းယုတုန်က သူ့လက်မောင်းကို ခါလိုက်ပြီး "ဒါက မိုးအုံ့တာကြောင့်ဖြစ်နိုင်တယ်။ဒါက ကျွန်တော် ခင်ဗျားဆံပင်ကို မှုတ်ပေးတာကြောင့် မဟုတ်ဘူး"

ကျန်းရီဖေးက ဆံပင်တိုတိုညှပ်ထားတာဖြစ်ပြီး ခဏလောက်မှုတ်လိုက်တာနှင့် ခြောက်သွားနိုင်သည့်အနက်ရောင်ဆံပင်တိုသာရှိသည်။ဒါပေမဲ့ ကျန်းရီဖေးက သူလေမှုတ်ပေးတာကို နှစ်သက်ပုံရပြီး သူပထမဆုံးအကြိမ် လေမှုတ်ပြီးကတည်းက ခေါင်းလျှော်ပြီးတာနှင့် လေမှုတ်စက်လိုက်ရှာသည်။ကလေးတစ်ယောက်လို တိတ်တိတ်လေး စိုက်ကြည့်နေတာက သူ့ကိုငြင်းဖို့ တွန့်ဆုတ်စေသည်၊ရလဒ်အနေနှင့် ရက်အနည်းငယ်အကြာမှာတော့ သူ့မှာလည်း ကျန်းရီဖေး ဆံပင်မှုတ်ရာမှာ ကူညီတဲ့အလေ့အထဖြစ်လာခဲ့သည်။

လင်းယုတုန်က အိပ်ရာပေါ်ထိုင်ပြီး သူ့ကိုတိတ်ဆိတ်စွာ စိုက်ကြည့်နေသည့်သူကို နူးညံ့စွာ ပုတ်လိုက်ပြီး "ဘာကြောင့် ကျွန်တော့်ကို ဒီလောက်ဂရုစိုက်ရတာလဲ?"

ကျန်းရီဖေးက ပြောလိုက်တယ် "ကိုယ်က ပိုပြီးတောင် ဂရုစိုက်ပေးချင်တယ်။ဒါက လုံလောက်တယ်လို့ မခံစားရဘူး"

လင်းယုတုန်က ကျန်းရီဖေး၏အနောက်မှာ တမင်ထိုင်နေခဲ့တာဖြစ်သည်။နောက်တော့ ကျန်းရီဖေးက လှည့်လာပြီး မသေချာတဲ့လေသံနှင့်ပြောလိုက်တယ် "တုန်တုန် ကိုယ် မင်းကို နည်းနည်းလေးမှလုံခြုံမှုပေးနိုင်ရဲ့လား?ပြောရရင် ကိုယ်တို့မိသားစုရဲ့အဆင့်အတန်းအရ မင်းတစ်နေ့လုံး အလုပ်လုပ်စရာမလိုပါဘူး။မင်းအများကြီး စာရေးတယ်..အင်း...ဒါက ဝါသနာတစ်ခုသာဆိုပေမဲ့ မင်းနည်းနည်းလောက်လျော့ရေးနိုင်မလား?"

လင်းယုတုန်က ပြုံးပြီးပြောလိုက်တယ် "လုံခြုံမှုကို ခံစားရလားဆိုရင် ကျွန်တော် ကိုယ့်ဘာသာ သန်မာမှသာ လုံခြုံမှုရှိတယ်လို့ခံစားရတာပါ။ကိုယ်ပိုင်လုံခြုံမှုစွမ်းရည်ကသာ အသင်းဖော်တွေရဲ့လုံခြုံမှုစွမ်းရည်ထက် ပိုအားကောင်းတယ်လေ။ဒါကြောင့် ဒါက ခင်ဗျားရဲ့ပြသနာမဟုတ်ပါဘူး။ဒါပေမဲ့ ကျွန်တော်ထင်တာတော့ လူတိုင်းမှာ ဒီလိုခံယူချက်မျိုးရှိသင့်တယ်ထင်တယ်။ခင်ဗျား ကျွန်တော့်အပေါ် အရမ်းကောင်းတာကို ကျွန်တော်နားလည်ပါတယ်...ဒါပေမဲ့ ကျွန်တော် အတိအကျကို ခင်ဗျားအပေါ် ဘယ်လို မှီခိုရမလဲဆိုတာ မသိဘူး။ဒါ့အပြင် လုံခြုံမှုကိုခံစားရတာက သပ်သပ်ပါ။အဓိကအကြောင်းရင်းက ကျွန်တော့်မှာ အစွဲလမ်းလွန်ရောဂါရှိတာကြောင့်ပါ။ကျွန်တော်စလိုက်ပြီဆိုတာနဲ့ ကျွန်တော်မြန်မြန်ရေးရတော့မယ်။ကျွန်တော့်မှာ အတွေးစိတ်ကူးတွေပေါ်လာက လွှင့်မျှောနေတဲ့ တိမ်တိုက်လိုဘဲ အပြောင်းအလဲမြန်ပြီး တစ်ခါတစ်ရံမှာ ပျောက်ကွယ်သွားနိုင်တယ်။အတွေးစိတ်ကူးတွေပေါ်မူတည်ပြီး ကျွန်တော်အနားယူချိန်ကို တွက်လို့မရတော့ဘူး"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now