Chapter(11)အသီးအရသာချိုချဉ်
ကျန်းရီဖေးက ကျန်းမိသားစုမှာ နှစ်သက်ခံရတဲ့သူ မဟုတ်ဘူးဆိုတာ လင်းယုတုန်ကအတွက လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ဘူး။ဒါပေမဲ့ သူကျန်းရီဖေး၏ရုံးခန်းကိုဝင်လိုက်တဲ့အခါ လင်းယုတုန်က အကူအညီမဲ့စွာ အံ့အားသင့်သွားတယ်။ကျန်းရန်အုပ်စုရဲ့ဒုဥက္ကဌ၏ ရုံးခန်းက၂၀စတုရန်းမီတာလောက်သာ ကျယ်ဝန်းပြီး ဒါက ဒီအဆောက်အအုံတစ်ခုလုံးနှင့် လိုက်ဖက်မှု မရှိဘူး။ဒါက တော်ဝင်နန်းတော်ထဲဝင်လာပြီး တော်ဝင်မိသားစု၏ခန်းနားကြီးကျယ်မှုကို မြင်တွေ့ရမယ်လို့ မျှော်လင့်ထားပေမဲ့ သာမာန်အိမ်တစ်လုံးနှင့်မခြားနားတာကို မြင်တွေ့လိုက်ရသလိုဘဲ။သူက ကျန်းရီဖေးက ဒုဥက္ကဌဖြစ်လာကကတည်းက ကျန်းဟုန်တုက သူ့ကိုသူ့နှလုံးသားထဲမှာ သားတစ်ယောက်လိုအဖြစ် ရှိနေဆဲလို့ တွေးထားခဲ့တာဖြစ်ပြီး မဟုတ်ရင် သူက ဒီအသက်အရွယ်မှာ အရေးကြီးတဲ့နေရာမှာထိုင်နေရမှာ မဟုတ်ဘူးလို့တွေးထားခဲ့တာဖြစ်တယ်။
ဒီမှာဒီလောက်ထိနုံချာစွာနေတာကို မြင်ရတာ သနားစရာကောင်းတယ်။
ကျန်းဟုန်တုရဲ့ဇီဝဗေဒသားတစ်ယောက်ဖြစ်ပေမဲ့ ဒီလိုဆက်ဆံတာက လူတွေကို တကယ်ဘဲ သက်ပြင်းချစေတယ်။
ကျန်းရီဖေးက လင်းယုတုန်၏မျက်ဝန်းထဲက ခံစားချက်တွေကို မမြင်နိုင်ပေမဲ့ သူက အရင်ဦးဆုံး ပြောလိုက်တယ်"ဒီနေရာက အရမ်းသေးတယ်။ဒီမှာ ထိုင်လို့ရတယ်"
တစ်ချိန်ထဲမှာဘဲ အတွင်းရေးမှူးရှူချွင်ချွင်က ဝင်လာပြီး"မစ္စတာလင်း ကော်ဖီလား?လက်ဖက်ရည်လား?ဘာကိုနှစ်သက်ပါသလဲ?"
လင်းယုတုန်က ပြန်မဖြေရသေးခင် ကျန်းရီဖေးက"သူနည်းနည်းတော့ အေးနေပြီ။လေးရာသီစားသောက်ဆိုင်ကို ဖုန်းခေါ်ပြီး ဂျင်းစွပ်ပြုတ်တစ်ပန်းကန်ပို့ခိုင်းလိုက်"
ရှူချွင်ချွင်က အပြုံးလေးနှင့်"ကောင်းပါပြီ။ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ မစ္စတာလင်း"
လင်းယုတုန်က သူ့ကိုကျေးဇူးတင်လိုက်ပြီး ရှူချွင်ချွင်က အပြင်ကိုထွက်သွားတော့မှ သူ့ကိုသူ ချင့်ချိန်တွေးတောလိုက်ပြီး မေးလိုက်တယ်"ဝမ်ပင်းယန် ကျွန်တော့်ကိုလာရှာတာက သူမက ဘာလုပ်ချင်တာလို့ထင်လဲ?"

YOU ARE READING
ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း) ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း
Fantasyလင်းယုတုန်သည်ရှစ်နှစ်ကြာတွဲခဲ့သောချစ်သူကကိုးထပ်မှတွန်းချခံရပြီးနောက်လွန်ခဲ့သောရှစ်နှစ်တွင်ပြန်လည်မွေးဖွားလာသည့်အခါသူရဲ့အမှားတွကိုဘယ်လိုပြင်ဆင်ခွင့်ရပြီး ဘယ်လိုအချစ်ရေးနှင့်ထပ်မံကြုံတွေ့ရပြီးပျော်စရာကောင်းသည့်အိမ်ထောင်ရေးကိုဖန်တီးနိုင်မလဲ? ဒီဝတ္ထုသည်...