Chapter(32.1)လက်သည်းညှပ်ခြင်း
ကျန်းရီဖေးသည် လင်းယုတုန်ကို ဖွင့်ဟပြောခြင်းမရှိပေမဲ့ သူက လင်းယုတုန်ကို ကူညီပြီးကုမ္ပဏီကိုကြည့်ပေးမယ်လို့ ကတိပေးထားတာကြောင့် မကြာခင်မှာ စတင်ခဲ့သည်။နိဂုံးချုပ်လိုက်တော့ ပိုင်ရန်ကုမ္ပဏီ၏စီးပွားရေးအခြေအနေမကောင်းဘဲ ပူးပေါင်းဆောင်ရွက်ဖို့မဖြစ်နိုင်တာတော့ မဟုတ်ဘူး။အဓိကအကြောင်းရင်းက ကုမ္ပဏီသူဌေးမှာ သားနှစ်ယောက်ရှိပြီး သားကြီးသည် ရိုးသားကြိုးစားပြီး စီမံကိန်းတွေကနေ အကျိုးအမြတ်ရအောင် တကယ်လုပ်ဆောင်နိုင်သည့်သူဖြစ်ပေမဲ့ ဒုတိယသားကို မယှဉ်နိုင်ဘူး။သူက အကျိုးအမြတ်ရဖို့ဆိုရင် စည်းမျဉ်းတွေကိုသွေဖယ်ပြီးမှတောင် လုပ်ဆောင်နိုင်ပြီး စီးပွားဖက်ပါတနာအဖြစ် သင့်လျော်သူမဟုတ်ဘူး။ဒါကြောင့် ကျန်းရီဖေး ကောက်ချက်ချလိုက်တာက စာချုပ်မှာလက်မှတ်ထိုးပြီးသားဖြစ်လို့ တမင်တကာလက်လျော့လိုက်ဖို့ မလိုအပ်ဘဲ ပိုင်မိသားစု၏ဒုတိယသားကို ဒီကိစ္စမှာ ဝင်ရောက်စွပ်ဖက်ခြင်းမှ တားဆီးဖို့နည်းလမ်းရှာဖို့သာ လိုအပ်သည်။
လင်းယုတုန်က စီးပွားရေးကိစ္စတွေအကြောင်း မသိတာကြောင့် သဘာဝအတိုင်း ကျန်းရီဖေးပြောတာကို နားထောင်ပြီးနောက် သူက သူ့အဖေကို ကျန်းရီဖေး၏အကြံပြုချက်ကို ပြောပြသည်။
လင်းကျီဆောင်သည် ကျန်းရီဖေးပြောတာ အဓိပ္ပာယ်ရှိတယ်ဟု ခံစားမိတာကြောင့် ကျန်းရီဖေး၏အကြံပြုချက်အတိုင်း လုပ်ဆောင်ခဲ့သည်။ဒါကြောင့် လင်းယုတုန်သည် နောက်ဆုံးမှာတော့ သူ့စိုးရိမ်မှုကို လွတ်ချလိုက်သည်။
အဲဒီနေ့မှာဘဲ ကျန်းရီဖေးသည် အလုပ်ဆင်းတော့ လေယာဉ်လက်မှတ်ကို ယူဆောင်လာခဲ့သည်။ဒါက လင်းယုတုန်အတွက် ကြိုတင်မှာယူထားသည့် ၁၈ရက်နေ့ မနက်ပိုင်း business classမှာစီးမည့်လေယာဉ်လက်မှတ်ဖြစ်သည်။လင်းယုတုန်သည် လက်မှတ်ကိုရတဲ့အခါ တုံ့ဆိုင်းနေပြီး ကျန်းရီဖေးကို ပြောလိုက်တယ် "ရီဖေး ကျွန်တော် နှစ်သစ်ကူးမှာ ခရီးထွက်လို့အဆင်ပြေမယ်လို့ထင်လား?"
ပိုင်ရန်ကုမ္ပဏီက သူ့မိသားစုနှင့်တိုက်ရိုက်ဆက်နွယ်နေတာမျိုးမဟုတ်ပေမဲ့ သူ့မိသားစု ဒေဝါလီခံရသည့်အဓိကတာဝန်ရှိသူမှာ သူ့အဖေ၏အတန်းဖော်ဟောင်းကျိုးတဟွာဖြစ်သည်။
YOU ARE READING
ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း) ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း
Fantasyလင်းယုတုန်သည်ရှစ်နှစ်ကြာတွဲခဲ့သောချစ်သူကကိုးထပ်မှတွန်းချခံရပြီးနောက်လွန်ခဲ့သောရှစ်နှစ်တွင်ပြန်လည်မွေးဖွားလာသည့်အခါသူရဲ့အမှားတွကိုဘယ်လိုပြင်ဆင်ခွင့်ရပြီး ဘယ်လိုအချစ်ရေးနှင့်ထပ်မံကြုံတွေ့ရပြီးပျော်စရာကောင်းသည့်အိမ်ထောင်ရေးကိုဖန်တီးနိုင်မလဲ? ဒီဝတ္ထုသည်...