Chapter(30.1)

369 57 1
                                    

Chapter(30)ကိုယ့်ကယ်တင်ရှင်(၁)(waning-18+)

လင်းယုတုန်က တခစ်ခစ်ရယ်မောလိုက်တယ် "မစ္စတာရဲ့ ..ခင်ဗျား ပြောတလိုဘဲ..အဲဒါက အရင်ကလေ။ရှန့်ကျွင်းက နိုင်ငံခြားမှာ ကောင်းကောင်းနေတယ်လို့ပြောပြီး ရီဖေးလက်ထပ်တော့မယ်ဆိုတဲ့ သတင်းကြားလို့ သူပြန်လာတယ်။ကျွန်တော် တစ်ခုလောက်မေးချင်တယ်..ခင်ဗျား တကယ်ကြီး သူတို့မှာခံစားချက်တွေကို ထိမ်းသိမ်းချင်တယ်လို့ပြောချင်တာလား?တကယ်လို့ ခင်ဗျားက လူမဟုတ်ဘူး နတ်ဆိုးတစ်ကောင်လို့ပြောရင်တော့ ကျွန်တော်အံ့ဩပေးရမှာလား?"

ရဲ့ဟန်ရင်းက စိတ်မဆိုးသွားဘူး။သူက လင်းယုတုန်ကို စာနာသည့်အပြုံးလေးနှင့်ကြည့်ပြီးပြောလိုက်တယ် "ရှောင်လင်းကြည့်ရတာ သူ့ကိုယ်သူ လှည့်စားရတာ ကြိုက်ပုံဘဲ"

သူ့စကားပြောပြီးတာနှင့် ကျန်းရီဖေးရှိရာကိုကြည့်ပြီး "မင်းပြောသလောက် မရိုးရှင်းမှာကို ငါကြောက်မိပါတယ်"

လင်းယုတုန်က လှည့်ကြည့်လိုက်တော့ ကျန်းရီဖေးနှင့်ရှန့်ကျွင်းက ဥယျာဉ်အတွင်းပိုင်းကို လျှောက်သွားတာကိုမြင်လိုက်ရသည်။သူတို့က ဥယျာဉ်ထဲကို ပိုမိုဝင်ရောက်သွားပြီး ခဏအကြာမှာတော့ ပျောက်ကွယ်သွားပြီး ဥယျာဉ်ထဲမှာ ပိတ်မိနေပုံပေါ်သည်။သူ့ဗိုက်က ပြည့်အင့်နေပြီး သူ့လည်ချောင်းထဲမှာ တစ်ခုခုဆို့နင့်နေသလို ခံစားရသည်။

ဒီအခိုက်အတန့်မှာ ရှန့်ကျွင်းက တကယ်ဘဲ ဒီမှာရှိနေတာက သူနှင့်ဆန့်ကျင်ဘက် ပိုပြီးခိုင်မာတဲ့နေရာမှာရှိနေတာလား?သူတွေးမိသည်...

ဒီအချိန်မှာဘဲ ရဲ့ဟန်ရင်း ရှေ့တစ်လှမ်းတိုးပြီး အော်လိုက်တယ် "သူတို့က မင်းရှေ့မှာ အတူရှိနေကြပြီ..ရှောင်လင်းက တကယ်ဘဲ မအံ့အားသင့်စရာကောင်းတယ်လို့မထင်ဘူးလား?"

လင်းယုတုန်၏နှလုံးသားက တင်းကျပ်သွားပြီး သူ့ကိုတစ်စုံတစ်ခုကချည်နှောင်ထားသလို ဝမ်းနည်းအားငယ်လာသည်။ဒါပေမဲ့ သူက အံကြိတ်ထားပြီး တင်းခံထားဆဲဖြစ်ကာ ရဲ့ဟန်ရင်းဘက်ကို လှည့်လိုက်သည့်အခါ သူ့အမူအရာက မပြောင်းလဲသွားဘူး။သူ့မျက်နှာက ယဉ်ကျေးသည့်အကြည့်တစ်ခုရှိနေဆဲဖြစ်ပေမဲ့ နိမ့်ချဟန်မရှိဘဲ ပြုံးပြီးပြောလိုက်တယ် "ခင်ဗျားက အရမ်းစပ်စပ်စုစုနိုင်ရင် ခင်ဗျား ပိုပြီးပူပင်သောကရောက်ရလေဘဲ။မစ္စတာရဲ့...ခင်ဗျား ဘယ်လိုလုပ် လူနှစ်ယောက်က အတူလမ်းလျှောက်ရုံနဲ့ ဘာလိုလုပ် မလုံခြုံဘူးလို့ထင်ရတာလဲ?နှလုံးရောဂါကလည်း ရောဂါတစ်မျိုးဘဲနော်..နောက်တစ်ခါ အပြင်ထွက်ရင် ဆေးသောက်ဖို့ သတိရနော်"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းDonde viven las historias. Descúbrelo ahora